လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ လှုပ်ရှားမှု

ကျနော်တို့ လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့သည် မြန်မာပြည်ကြီး အပါအဝင် ကမ္ဘာကြီးတခုလုံးကို ငြိမ်းချမ်း စေချင် ပါတယ်။ ဒီအတွက်ကြောင့် မြန်မာပြည် ငြိမ်းချမ်းစေဖို့ မငြိမ်းချမ်းအောင် လုပ်နေတဲ့ သန်းရွှေ အပါအဝင် စစ်ခေါင်းဆောင် တစု ပြုတ်ကျပြီး မြန်မာ ပြည်လူထု ယုံကြည် လေးစားအားကိုးရတဲ့ လူထု ခေါင်းဆောင် တဦးဦးကို အမြန်ဆုံး ရွေးချယ် တင်မြှောက်နိုင်ဖို့ အတွက် ကျနော်တို့ နိုင်တဲ့ ဘက်က ဝါရင့် နိုင်ငံရေး ခေါင်းဆောင်များ၊ အဖွဲ့အစည်း အသီးသီးနှင့် ထိစပ် ဆောင်ရွက် လှုပ်ရှားနေခြင်း ဖြစ်ပါတယ်။ အဲဒီလိုပဲ မြန်မာပြည် ငြိမ်းချမ်းစေဖို့ အတွက် ကြိုးစား နေကြသည်။

မိမိတို့ မိသားစု တစုလေး ငြိမ်းချမ်းစေဖို့ အတွက် ကြိုးစား တာတောင် တော်တော် ခက်ခဲတာကို သိပါတယ်။ ဒီလိုပဲ ငြိမ်းချမ်းဖို့ ဘာလိုလဲ စည်းလုံး ရမယ်။ ဟုတ်ပြီ ခု အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး အကောင်အထည်ဖေါ်နေပြီ။ တိုင်းရင်းသား အဖွဲ့အစည်း အပေါင်း(၁၀၀) ကျော်နဲ့ ဖွဲ့စည်း လှုပ်ရှား နေကြပြီ ။ ဒါဆိုရင် ဒါ စည်းလုံး တာပေါ့။ နောက်တဆင့် တက်ပြီး စည်းလုံးကြပြီ။ လှုပ်ရှားကြပြီ ဒါကြောင့် ငြိမ်းချမ်းဖို့ အတွက် အားလုံး စည်းလုံးစွာဖြင့် လှုပ်ရှား ကြပါစို့လို့ တိုက်တွန်း လိုက်ပါတယ်။

ဒီလိုပဲ ခု ကျနော်တို့ လုပ်ဆောင် လှုပ်ရှားနေတဲ့ ငြိမ်းချမ်းရေး ဂျိုးဖြူငှက်လေးဟာ အစာကျွေးစရာ မလိုပါဘူး။ ရေတိုက်စရာ မလိုပါဘူး ။ ဒါပေမဲ့ သူ ကမ္ဘာကြီး ငြိမ်းချမ်းဖို့ ဒါဏ်ရာတွေနဲ့ သွားလာ လှုပ်ရှား နေပါတယ်။ ခံစားပေးကြပါ။

ဒဏ်ရာနဲ့ငှက် (သို့) ငြိမ်းချမ်းရေးငှက်

ငှက်တကောင်
        အဖြူရောင် အတောင်ပံ
        မိုင်ထောင်ချီပျံ
        လေဆန်ချီပျံ
        အမြဲကြိုးကုတ်
        လုံ့လထုတ်ကာ
        ပန်းနေရှာလဲ
        အံခဲ ဇွဲတင်းရှေ့ဆက်ရင်းလေ။

ငှက်တကောင်
        အဖြူရောင် ကိုလုံး
        အနီဖုံးလွှမ်း ဘယ်လိုနွမ်းလဲ
        ရင်ထဲမထား ဖယ်ရှားအတ္တ
        ပရရှေ့တင် ငြိမ်းချမ်းစေချင်စိတ်
        ထိုတိဟိတ်ကြောင့် မြှားငြှောင့်စိုက်ဝင်
        သူပြန်နေဆဲ .... ပြန်လေဆဲလေ။

ဖျားနာနေသော ငြိမ်းချမ်းရေးငှက် သို့ ရည်ညွှန်းပါသည်။
ငြိမ်းချမ်းကြပါစေ။
ဥပသကာ


မည်သည့် စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။
လေးစားစွာဖြင့်
လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form