ဖိနပ်စာ မိသူများကို အစိုးရ အဖွဲ့တွင်း မထားတော့ ဟု သတင်း ထွက်ပေါ်

ညွန့်သက်ထားဦး | ဖိနပ်စာ မိ၍ နာမ်နှိမ်သွားသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း တို့အား အစိုးရ အဖွဲ့တွင်းမှ ထုတ်ပစ်မည် ဟု နေပြည်တော် အစိုးရ ၀န်ကြီးများ သတင်း ရပ်ကွက် တွင် သတင်းထွက် ပေါ်နေသည်။

ယမန်နေ့က နယူးယောက်ရှိ ကုလ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် တည်းခိုရာ ဟိုတယ်မှ အထွက် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှား သူများ၏ ဆန့်ကျင် ကန့်ကွက်ခြင်း အပြင် ဖိနပ်ဖြင့် ပစ်ပေါက်၍ ရှုတ်ချ ခံရသည့် နအဖ စစ်အစိုးရ အဖွဲ့ မှ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေး ၀န်ကြီးကို နေပြည်တော်သို့ ပြန်ရောက် ပါက ရာထူးမှ ဖယ်ရှား ပစ်မည်ဟု သတင်း ရရှိသည်။

စနေနံ ဖိနပ် ထိခြင်းသည် မြန်မာမှု ဓလေ့ ထုံးစံ အရ ကံ နှင့် နာမ် အလွန်ပင် နိမ့်ကျကြောင်း နေပြည်တော် မှ ညွှန်ကြားရေးမှူး တစ်ဦးက Freedom News Group သို့ ပြောသည်။

source by : FREEDOM NEWS GROUP

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form