ဂါမဏိ | ဗမာပြည်မှာ နအဖက သုတေသနအတွက် အနုမြူ ဓာတ်ပေါင်းဖို တခု တည်ဆောက်မယ်လို့ တရားဝင်ကြေညာထားပြီး ရုရှားနိုင်ငံက ဝယ်ယူဖို့ စီစဉ်ထားပါတယ်။ ရုရှားနိုင်ငံဟာ အနုမြူ လက်နက် မပြန့်ပွားရေးစာချုပ် လက်မှတ်ထိုးထားပြီး အိုင်အေအီးအေ IAEA ခေါ် နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ အဖွဲ့ဝင်ဖြစ်တဲ့ အတွက် သူတို့ရောင်းတဲ့ ဓာတ်ပေါင်းဖိုကနေ အနုမြူလက်နက်ထုတ်လုပ်တာ မဖြစ် ရအောင် အထိန်းအချုပ် အကွပ်အညှပ်တွေ မလုပ်မနေရ လုပ်ရပါတယ်။ အိုင်အေအီးအေ အာဏာပိုင်တွေကိုလည်း စစ်ဆေးချုပ်ကိုင် ခွင့်ပြုရပါတယ်။ ဒါပေမဲ့ မြောက်ကိုးရီးယား ကတော့ ဒီလို အထိန်းအချုပ်တွေနဲ့ ကင်းလွတ်ပြီး လုပ်ချင်ရာလုပ်နေတဲ့ စည်းအပြင်က နိုင်ငံဖြစ်နေတာကြောင့် နအဖဟာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ အတွက် မြောက်ကိုးရီးယားကို တိုက်ရိုက်အားကိုးရမှာဖြစ်ပြီး ရုရှား၊ ပါကစ္စတန် တို့ကိုတော့ သွယ်ဝိုက် အားကိုး လို့ဘဲ ရနိုင်ပါတယ်။
အနုမြူဗုံး လုပ်ရာမှာ ယူရေနီယမ် သတ္တုကို သုံးတယ် ဆိုတာ လူအတော်များများ သိကြပါတယ်။ ဒါပေမဲ့ သာမန် ရိုးရိုး ယူရေ နီယမ်ကို သုံးလို့ မရပါဘူး။ အိုင်ဆိုတုပ် လို့ခေါ်တဲ့ ရေဒီယို ဓာတ်ကြွ မျိုးကွဲတွေ ထဲက တမျိုးကိုဘဲ သုံးရတာ ဖြစ်ပါတယ်။ ယူရေနီ ယမ်ဟာ ဒြဗ်စင် အမှတ်စဉ် ၉၂ ဖြစ်တဲ့အတွက် သူ့အနုမြူ ထဲမှာ ပရိုတွန် ၉၂ လုံး၊ အီလက်ထရွန် ၉၂ လုံးရှိပါတယ်။ ယူရေနီယမ် အိုင်ဆိုတုပ် တွေထဲမှာ သဘာဝအတိုင်း မြေကြီးထဲ ကနေ အများဆုံးတူး ဖော်ရရှိတာက ယူရေနီ ယမ် ၂၃၈ (နျူထရွန် ၁၄၆ လုံး) ဖြစ်ပြီး သဘာဝယူရေနီယမ်စုစုပေါင်းရဲ့ ၉၉. ၂၈၄ ရာခိုင်နှုန်း ရှိပါတယ်။ ယူရေ နီယမ် ၂၃၅ (နျူထရွန် ၁၄၃ လုံး) ကတော့ သဘာဝသတ္တုရိုင်းထဲမှာ ၀.၇၁၁ ရာခိုင် နှုန်းဘဲ ပါဝင်ပါတယ်။ ၂၃၅ ဖြစ်ဖြစ် ၂၃၈ ဖြစ်ဖြစ် ယူရေနီယမ် မှန်ရင် သတ္တုရိုင်းတွေကလည်း ရေဒီယိုဓာတ်ကြွတဲ့အတွက် သတ္တုတွင်း တူးအလုပ်သမားတွေ၊ သယ်ယူ ပို့ဆောင် ကိုင်တွယ်ရတဲ့ အလုပ် သမားတွေ၊ စစ်သည်တွေအတွက် အန္တရာယ်ကြီးလှပါတယ်။
အနုမြူဗုံး လုပ်တဲ့ အခါ ယူရေနီယမ် ၂၃၅ ကိုသုံးရပါတယ်၊ ဒါမှမဟုတ် ယူရေနီယမ် ၂၃၈ ကို ပလူတိုနီယမ် ဖြစ်အောင်ပြောင်းလဲပြီး သုံးနိုင်ပါတယ်။ (ဟီရိုးရှီးမားမှာချတဲ့ အနုမြူဗုံးဟာ ယူရေနီယမ် ၂၃၅ နဲ့လုပ်တာဖြစ်ပြီး နဂါစကီမှာ ချတဲ့ အနုမြူဗုံးကတော့ ပလူတို နီယမ်နဲ့လုပ်တာဖြစ်ပါတယ်။) ဒါပေမဲ့ ဒီဒုတိယနည်းအတွက် ပလူတိုနီယမ်ကို အနုမြူ ဓာတ်ပေါင်းဖိုနဲ့ ထုတ်လုပ်ရတာဖြစ်လို့ ခက်ခဲပြီး အဆင့်မြင့်ပါတယ်။ တန်ဖိုးလည်းကြီးပါတယ်။ ဒါကြောင့် အနုမြူဗုံးကို ပေါချောင်ကောင်း ရချင်တဲ့ အာဏာရှင်စနစ်ထွန်းကားရာ နည်း ပညာအဆင့်နိမ့်ဖွံ့ဖြိုးဆဲတိုင်းပြည်တွေကတော့ စစချင်းမှာ ယူရေနီယမ် ၂၃၅ ကတဆင့် အနုမြူဗုံးကို အဓိကထုတ်လုပ်ပြီး တချိန်တည်း မှာ ပလူတိုနီယမ်ကိုလည်း ခိုးလုပ်နိုင်အောင် အနုမြူဓာတ်ပေါင်းဖို တည်ဆောက် ကြိုးစားကြပါတယ်။
ဒါကြောင့် အနုမြူဓာတ်ပေါင်းဖို တည်ဆောက်ဖို့ဖြစ်စေ၊ အနုမြူဗုံးလုပ်ဖို့ဖြစ်စေ အစကနဦးအနေနဲ့ ယူရေနီယမ် ၂၃၅ ထုတ်လုပ်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။ သဘာဝသတ္တုရိုင်းထဲကနေ အင်မတန်အချိုးအစားနည်းနည်းဘဲပါတဲ့ ယူရေနီယမ် ၂၃၅ ကို စုယူနိုင်ဖို့ အတွက် နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် အထိရောက်ဆုံး အသုံးအများဆုံးနဲ့ စရိတ်အသက်သာဆုံးကတော့ ဗဟိုခွာအားစက်တွေ ဖြစ်ပါတယ်။ ဗဟိုခွာအား Centrifuge ရဲ့ သဘောတရားကတော့ ရွှေကျင်ရာမှာ အလေးဆမတူတဲ့ သဲတွေ ကျောက်တွေနဲ့ ရွှေကို စကောဝိုင်း ဝိုင်းပြီး ခွဲထုတ်ရသလိုပါဘဲ။ ဆေးရုံတွေမှာလည်း သွေးစစ်ရာမှာ သွေးထဲပါတဲ့ အမှုန်အမွှားအမျိုးမျိုးကို ခွဲခြားနိုင်ဖို့ ဖန်ပြွန်တွေထဲထည့်ပြီး ဗဟိုခွာအားစက်ထဲထည့် လှည့်ရပါတယ်။ အလေးဆ နည်းနည်းလေးဘဲ (၁.၂၆ ရာခိုင်နှုန်း)ကွာတဲ့ ၂၃၈ နဲ့ ၂၃၅ နှစ်မျိုးရော နေတာကို ကျတော့ လက်နဲ့ စကောဝိုင်းတာထက် အဆပေါင်းများစွာမြန်တဲ့စက်နဲ့ မွှေ့လိုက်တဲ့အခါ ပိုပေါ့တဲ့ ၂၃၅ က အပေါ်မှာ သို့မဟုတ် အလယ်မှာ လာစုပါတယ်။ သဘာဝသတ္တုမှုန်တွေထဲမှာ ၀.၇ ရာခိုင်နှုန်းဘဲပါတဲ့ ၂၃၅ ကို များများရဖို့ ယူရေနီယမ် ဓာတ်ငွေ့တွေကို ဆလင်ဒါပြွန်လုံးရှည်ကြီးတွေထဲထည့်ပြီး လှည့်တဲ့အခါ ၂၃၈ က ပြွန်လုံးဘေးမှာကပ်ပြီး ၂၃၅ တွေက အလယ်မှာ လာစုပါတယ်။ အလယ်မှာစုနေတဲ့ ၂၃၅ တွေကို ပိုက်တွေနဲ့ စုတ်ထုတ်ပြီး နောက်ထပ် ပြွန်လုံးရှည်တွေထဲလွှတ်၊ ဗဟိုခွာအားနည်းနဲ့ ထပ်ခါထပ်ခါ စစ်ထုတ်စုယူရပါတယ်။ အနုမြူဓာတ်ပေါင်းဖိုမှာသုံးဖို့ဆိုရင်တော့ ၂၃၅ ငါးရာခိုင်နှုန်းလောက်အထိ ဖြစ်လာရင် သုံးလို့ရပြီး အနုမြူ လက်နက် ထုတ်လုပ်ဖို့ဆိုရင်တော့ ၂၃၅ ကိုးဆယ်ရာခိုင်နှုန်းကျော်အထိ သန့်စင်ဖို့လိုတဲ့အတွက် ဗဟိုခွာအားဆလင်ဒါပြွန်လုံး တွေ ထောင်နဲ့ချီလိုတာဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုခွာအားစက်ရုံတွေမှာ ပြွန်လုံးရှည်ကြီးတွေ အတွဲလိုက် အစုလိုက် အစဉ်လိုက် ထောင်နဲ့ချီ တပ်ဆင်ထားရတဲ့အတွက် သိသာမြင်သာတဲ့စက်ရုံအကျယ်ကြီးတွေ တည်ဆောက်ရပါတယ်။ ဒီဗဟိုခွာအားစက်ရုံ မရှိရင် အနုမြူဗုံး ဘယ်လိုမှ မထုတ်လုပ်နိုင်ပါဘူး။
ဒါတွေ လုပ်ဖို့ အတွက် ပထမဆုံး အဆင့်မှာ သတ္တုတွင်းက တူးဖော်ရလာတဲ့ ယူရေနီယမ် မြေသား အရိုင်းကို ကြိတ်ခွဲပြီး ဓာတုဗေဒ နည်းနဲ့ သန့်စင် အရည်ဖျော် အခြောက်ခံ လိုက်တဲ့ အခါ 'အဝါရောင် ကိတ်မုန့်' Yellow Cake လို့ လူသိများတဲ့ ဒုတိယဆင့် သတ္တုရိုင်း ဖြစ်လာပါ တယ်။ ဒါကို နောက်တခါ အက်ဆစ်၊ ဇဝက်သာ၊ ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်တို့နဲ့ အဆင့်ဆင့်ဓာတ်ပြုစေတဲ့အခါ နောက်ဆုံးမှာ ယူရေနီယမ်ဟက်ဆာဖလိုရိုဒ်ဓာတ်ငွေ့ ရပါတယ်။ အဲဒီ ယူရေနီယမ် ဓာတ်ငွေ့ကို စောစောကပြောတဲ့ ဗဟိုခွာအားပြွန်လုံးတွေထဲ ထည့်ပြီး 'ကျင်' ယူရတာဖြစ်ပါတယ်။ အခု သတင်းထွက်တာက သပိတ်ကျဉ်း၊ မေမြို့၊ မြိုင် နဲ့ ပွင့်ဖြူ ဘက်မှာ နျူကလီးယားစက်ရုံတွေ ဆောက်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ သပိတ်ကျဉ်းစက်ရုံကတော့ တပ်မတော် သိပ္ပံနဲ့သုတေသနနည်းပညာတပ်(သသန) က တာဝန်ယူတဲ့ ယူရေနီယမ်ဟက်ဆာဖလိုရိုဒ်ဓာတ်ငွေ့အဆင့်အထိ ထုတ်လုပ်တဲ့ ယူရေနီယမ်သန့်စင်စက်ရုံ ဒါမှမဟုတ် ရှေ့ပြေး စမ်းသပ်အဆင့် Prototype ဗဟိုခွာအားစက်ရုံလို့ ခန့်မှန်းရပါတယ်။
စက်ရုံအရွယ်အစား ကြည့်ရတာလည်း မေမြို့နဲ့မြိုင် စက်ရုံတွေလောက် မကြီးပါဘူး။ မေမြို့နဲ့မြိုင်စက်ရုံတွေ သတင်းမပေါ်ခင် ကတည်းက သတင်း ထွက်နေတာဖြစ်လို့ ရှေ့ပြေးအဆင့် Pilot plant လို့ ယူဆနိုင်တာဖြစ်ပါတယ်။ နျူကလီးယားဓာတ်ပေါင်းဖိုကို သပိတ်ကျဉ်း လို ငလျင်ကြောတည့်တည့်ပေါ် သွားဆောက်ရင်တော့ နအဖလောက် မိုက်မဲတဲ့လူ ရှိမှာမဟုတ်တော့ပါ။ ဒါပေမဲ့ ဗမာပြည် မှာ ယူရေနီယမ် အဓိကထွက်တဲ့နေရာက ရှမ်းပြည် တောင်ကြီးနဲ့ ဟိုပုံးကြားက ပင်းပက်သတ္တုတွင်း ဖြစ်ပါတယ်။ အခု အဲဒီမှာ ရုရှား နဲ့ပေါင်းပြီး ယူရေနီယမ် အကြီးအကျယ်တူးဖို့ လက်တွေ့လုပ်နေပါပြီ။ ရေရှည်မှာတော့ ပင်းပက်ဟာ ယူရေနီယမ် သတ္တုရိုင်းမြေကြီးကို သန့်စင်တဲ့ အဓိကနေရာ ဖြစ်လာပါလိမ့်မယ်။
ဂူဂယ်အတ်သ် Google Earth ကနေကြည့်တဲ့အခါ သပိတ်ကျဉ်းဘက်မှာ ထူးခြားတဲ့အဆောက်အဦ မတွေ့မိသေးပါဘူး။ မေမြို့ ဘက် မှာတော့ ထူးခြားတဲ့အဆောက်အဦး တွေ့နေရပါပြီ။ မေမြို့အရှေ့ဘက် ၁၀ မိုင်အကွာ နောင်လိုင် နားမှာတည်ဆောက်နေတဲ့ ပေ ၃၀၀ ပတ်လည်အဆောက်အဦးကြီးဟာ နျူကလီးယားဓာတ်ပေါင်းဖိုတော့ မဖြစ်နိုင်ပါဘူး။ နျူကလီးယားဓာတ်ပေါင်းဖိုတွေရဲ့ ဓာတ်ပုံ က ဒီလိုမဟုတ်ပါဘူး။ ဒါ့အပြင် ဓာတ်ပေါင်းဖိုဆိုတာ ရေ ပေါပေါများများ ရနိုင်တဲ့နေရာမှာ ဆောက်ရပါတယ်။ ဒါမှ ဓာတ်ပေါင်းဖို ထဲကထွက်လာတဲ့ အပူဓာတ်ကိုထိန်းနိုင်မှာဖြစ်သလို တာဘိုင် ဂျင်နရေတာတွေကိုလည်း ရေနွေးငွေ့နဲ့လည်ပတ်စေပြီး လျှပ်စစ် ဓာတ်အား ထုတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်တာက ယူရေနီယမ်သန့်စင်တဲ့ ဗဟိုခွာအားစက်ရုံ Centrifuge Plant ဘဲ ဖြစ်နိုင်ပါတယ်။ အနုမြူလက်နက်လုပ်ငန်းမှာ ဗဟိုခွာအားစက်ရုံ ဆိုတာ အရေးကြီးအဆင့် လျှို့ဝှက်အဆင့် ရောက်လာပြီဖြစ်လို့ မေမြို့လိုတပ်မြို့နားမှာ ဆောက်တာ အများကြီးဖြစ်နိုင်ပါတယ်။ နိုင်ငံတကာက ယူရေနီယမ်သန့်စင်ရေး ဗဟိုခွာအားစက်ရုံတွေရဲ့ ဓာတ်ပုံနဲ့ ယှဉ်ကြည့်ပါ။
နောက်သတင်းရတဲ့ မကွေးတိုင်း မြိုင်မြို့နယ် နှမ်းစားကျင်းဒေသဘက်ကလျှိုကြီးကို တူးထုတ်ချဲ့ထွင်ပြီး ဆောက်ထားတဲ့စက်ရုံကို Google Earth မှာ ရှာမတွေ့သေးပေမဲ့ ဓာတ်ပုံမှာတွေ့ရတာကတော့ နောင်လိုင်စက်ရုံလိုမျိုး ဗဟိုခွာအား စက်ရုံဖြစ်ဖို့များပါတယ်။ နောင်လိုင်စက်ရုံနဲ့ပုံစံတူ ပေ ၃၀၀ ပတ်လည် စက်ရုံကြီးဖြစ်ပါတယ်။ နောင်လိုင်စက်ရုံက အိုင်အေအီးအေ အစစ်ဆေးခံမယ့် (၂၃၅ ငါးရာခိုင်နှုန်းအထိဘဲထုတ်မယ့်) စက်ရုံဖြစ်ပြီး မြိုင်စက်ရုံကတော့ အိုင်အေအီးအေ အသိမခံတဲ့ (၂၃၅ ကိုးဆယ်ရာခိုင်နှုန်းအထိ ထုတ်မယ့်) စက်ရုံ ဖြစ်နိုင်ပါတယ်။ေ-ာက်သုံးမကျတဲ့နအဖပီပီ စက်ရုံကိုတော့ တော်ရုံတန်ရုံမတွေ့နိုင်၊ လေယာဉ်ဗုံးကြဲလို့ မလွယ်နိုင်တဲ့ တောင်ပေါ်လျှိုထဲ လျှို့ဝှက်ဆောက်နေပြီး စက်ရုံဆီသွားတဲ့ ကားလမ်းကိုတော့ လေးလမ်းသွားလမ်းမကြီးနီးနီး ဖြူးနေအောင် ဖောက်ထားပါတယ်။ တောင်တွေဖြိုပြီး လျှိုကြီးကိုတူးချဲ့ရာမှာ သေခဲ့ရတဲ့ အလုပ်သမားတွေ၊ ရွာသားတွေလည်း မနည်းပါဘူး။
ဒီနေရာမှာ အရေးပါတဲ့ပြဿနာတခုက နအဖ ဗဟိုခွာအားစက်ရုံအတွက် ထောင်နဲ့သောင်းနဲ့ချီတဲ့ ဆလင်ဒါ ပြွန်လုံးရှည်တွေကို ဘယ်သူကရောင်းပေးသလဲ ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒီဆလင်ဒါတွေကို တွေ့ကရာဒန်အိုးဒန်ခွက်တွေနဲ့ လုပ်လို့မရပါဘူး။ သီးသန့် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ရောင်းပေးတဲ့နိုင်ငံ၊ ရောင်းပေးတဲ့ကုမ္ပဏီဟာ နိုင်ငံတကာ စည်းမျဉ်းတွေ ကုလသမဂ္ဂကန့်သတ် ချက်တွေကို လုံးဝဖောက်ဖျက်တာဖြစ်တဲ့အတွက် မှောင်ခိုရောင်းသူတွေကို နိုင်ငံတကာက ဖော်ထုတ် အရေးယူရမှာဖြစ်သလို မရောင်း ရသေးရင်လည်း မရောင်းနိုင်အောင် ပိတ်ပင်တားမြစ်ရမှာ ဖြစ်ပါတယ်။ မြောက်ကိုးရီးယားကသင်္ဘော ဗမာပြည်ကိုသွားမှာကို တောက်လျှောက်စောင့်ကြည့်နေတဲ့အတွက် ကိုးရီးယား သင်္ဘော၊ ဗမာသင်္ဘောတွေ မသုံးဘဲ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နိုင်ဂျီးရီးယားလို ပိုက်ဆံရပြီးရော ဆိုတဲ့ တတိယနိုင်ငံတခုရဲ့ သင်္ဘောတွေနဲ့လည်း သယ်မယ့်အလားအလာရှိနေပါတယ်။
အန္တရာယ်ကြီးလှတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုကိုတော့ လူနေထူထပ်တဲ့ မေမြို့မှာဖြစ်စေ၊ ကျောက်ဆည်မှာ ဖြစ်စေ၊ ကြပ်ပြေး နေပြည်တော်မှာဖြစ်စေ ဆောက်မယ်မထင်ပါ။ ဖင်ခွထိုင်တယ် ဆိုတဲ့စကားလုံးရဲ့ လုံးချင်းအဓိပ္ပာယ် အတိအကျအတိုင်း အနုမြူဗုံးကို literally တကယ်ဖင်ခွထိုင်နေလောက်အောင် မိုက်မဲရင်လည်း အုပ်ချုပ်ရေးစွမ်းရည်ညံ့ဖျင်း လဘော်ကျလှတဲ့နအဖတွေ မြန်မြန် ကမ္ဘာမြေပေါ်က ပျောက်သွားဖို့ လွယ်သွားပါလိမ့်မယ်။ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာဆောက်နေတဲ့ စက်ရုံကတော့ ရုရှားကဝယ်တဲ့ (အိုင်အေအီးအေ အစစ်ဆေးခံမယ့်) အနုမြူဓာတ်ပေါင်းဖို ထားဖို့လို့ ယူဆရပါတယ်။ အခုထိတော့ ရုရှားက ဗမာပြည်ကို ပို့လိုက်တဲ့ သတင်း မကြားမိသေးပါဘူး။ ငဖဲမြို့နယ်ထဲက ကပစ-၁၄ စက်ရုံကတော့ မြောက်ကိုးရီးယားကဝယ်မယ့် (အိုင်အေအီးအေ အသိမခံတဲ့) အနုမြူ ဓာတ်ပေါင်းဖို ထားဖို့ ဖြစ်နိုင်ပါတယ်။ ငဖဲမြောက်ဖက် စေတုတ္တရာမှာတော့ အနုမြူဗုံးကို ဒုံးကျည်ထိပ်ဖူးအဖြစ် ထုတ်လုပ်ဖို့ ကပစ-၂၀ စက်ရုံတည်ဆောက်နေပါတယ်။ ဒါတွေကိုလည်း Google Earth မှာ မတွေ့သေးပါဘူး။ ပွင့်ဖြူ၊ ငဖဲ၊ စေတုတ္တရာ နယ်ချင်းစပ်နေတဲ့အတွက် ဒီစက်ရုံတွေဟာ တဆက်တစပ်တည်းလည်းဖြစ်နိုင်သလို ပုံမှားရိုက်ဖို့လည်းဖြစ်နိုင်ပါတယ်။ (Google Earth မှာ မြိုင်၊ ငဖဲ၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ မြို့သစ် နယ်မြေတွေကို မေမြို့လို အသေးစိတ်ပြတဲ့အခါ ပြေးမလွတ် တွေ့နိုင်မှာပါ။)
နအဖဟာ နျူကလီးယားနဲ့ဆက်စပ်ပတ်သက်တဲ့ စက်ရုံတွေ အဆောက်အဦတွေအားလုံးကိုလည်း မြေအောက်မှာ မလုပ်နိုင်သေးပါ။ လက်ရှိဥမင်လှိုင်ခေါင်းတွေဟာ အမိန့်ပေးကွပ်ကဲရေးစခန်းတွေ Command post ၊ ခိုလှုံရာစခန်းတွေ Bomb Shelter နဲ့ သာမန် ခဲယမ်း ရိက္ခာထောက်စခန်းတွေ Logistic depot ဘဲဖြစ်ပြီး (ဒုံးပျံတွေထားနိုင်တဲ့) အကြီးစား မြေအောက်သိုလှောင်ရုံနဲ့ မြေအောက် ထုတ်လုပ်ရေးဌာနတွေ မဆောက်ရသေးပါ။ မကြာခင်ကာလအတွင်း ဆောက်လာ နိုင်စရာလည်း ရှိနေပါတယ်။
နအဖ မှာ အနုမြူဗုံးတင်ပြီး ဘန်ကောက်နဲ့ ဒါကာကို ဗုံးသွားကြဲနိုင်မယ့် (ရန်သူပစ်ချတာ မခံရနိုင်မယ့်) ခေတ်မှီစစ်လေယာဉ် မရှိပါ။ ကိုးကန့်ငြိမ်းအဖွဲ့နဲ့ တင်းမာမှုဖြစ်ပြီးနောက် F-7 လေယာဉ်တွေကို ခါတိုင်းပုံမှန်လေ့ကျင့် ပျံသန်းမှုထက် အင်အားနှစ်ဆတိုး ပျံသန်းချိန်နှစ်ဆတိုး ပျံသန်းအင်အားပြခိုင်းတဲ့အခါ စစ်လေယာဉ်တစီး ရွှံ့ဗွက်ထဲ ခေါင်းစိုက်သွားလို့ ကျန်တဲ့လေယာဉ်မှူးတွေ ဘယ်သူမှ တရုတ်လေယာဉ် မမောင်းရဲတော့ဘဲ ခွင့်မဲ့ပျက်ကွက်ဖြစ်ကုန် ကြပါတယ်။ ဒီလိုဒိတ်ကုန်နေတဲ့ တရုတ်လုပ် စစ်လေယာဉ် အဟောင်းအစုတ်တွေ၊ ဒိတ်ကုန်ခါနီး ရုရှားစစ်လေယာဉ်တွေက ဗုံးကြဲလေယာဉ်လည်းမဟုတ်လို့ အနုမြူလက်နက်ကို အသုံးချချင်ရင် တာဝေးပစ်ဒုံးပျံ ရှိဖို့လိုပါတယ်။ အနုမြူလက်နက် ပိုင်ထားပြီးဖြစ်တဲ့ မြောက်ကိုးရီးယား၊ အိန္ဒိယ၊ ပါကစ္စတန်တို့တောင် အခုထိ ဒုံးပျံနည်းပညာကို ကောင်းကောင်း မပိုင်နိုင်သေးပါဘူး။ ခဏခဏ စမ်းသပ်နေရဆဲ အလွဲလွဲအချော်ချော်ဖြစ်နေဆဲဖြစ်ပါတယ်။ အနုမြူ လက်နက်မလုပ်သေးတဲ့ အင်မတန်တိုးတက်ဖွံ့ဖြိုးတဲ့ဂျပန်နိုင်ငံတောင် ဒုံးပျံနည်းပညာမှာ နိမ့်နေဆဲဖြစ်ပါတယ်။
လက်နက် ဈေးကွက်မှာ ရောင်းတဲ့ ဒုံးပျံတွေက တာဝေးလည်းမရ၊ အနုမြူ ထိပ်ဖူး တပ်ဆင်နိုင် လောက်အောင်လည်း အဆင့်မမြင့် သလို ပစ်မှတ် တိကျမှုပိုင်းမှာလည်း မကောင်းသူထိပ် ကောင်းသူထိပ် သဘောဘဲ ရှိပါတယ်။ ဒါကြောင့် နအဖ ဟာ အဲဒီ ဒုံးပျံတွေကိုဝယ်၊ သုတေသန လုပ်ပြီး တာဝေးပစ် ဒုံးပျံဖြစ်အောင် အဆင့်မြှင့်ဖို့ လုပ်ရပါတယ်။ ဒီအတွက် မကွေးတိုင်း အထက်မင်းလှ မှာရှိတဲ့ ကပစ-၁၀ စက်ရုံနဲ့ တောင်တွင်းကြီး မြို့နယ် မြို့သစ်နားက ကပစ-၁၅ စက်ရုံမှာ မြောက်ကိုးရီးယား အကူအညီနဲ့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း နအဖလို အရည်အချင်းမျိုးနဲ့ဆိုရင် အနုမြူဘဲ ဖြစ်ဖြစ် တာဝေးပစ် ဒုံးပျံဘဲ ဖြစ်ဖြစ် ချာနိုဘိုင်လ် ထက်ပိုဆိုးမယ့် အလားအလာ၊ "ရှေ့ ၄ နောက် ၆ ငါပါ ၁၁ ယောက်" ဖြစ်ဖို့ အလားအလာဘဲ များပါတယ်။ နျူကလီးယား မဖြစ်ဘဲ (အ)နူ ကလီးယား ဘဲ ဖြစ်သွား ပါလိမ့်မယ်။
ပုံစာများ။
၁။American_Centrifuge_(USEC)(1) = အမေရိကန်နိုင်ငံမှ ဗဟိုခွာအားစက်ရုံတခု
၂။Gas_centrifuge_cascade = ဗဟိုခွာအားစက်ရုံအတွင်းမှ ဆလင်ဒါပြွန်လုံးရှည်များ
၃။maymyo site = မေမြို့ နောင်လိုင်ရွာအနီးမှ ဗဟိုခွာအားစက်ရုံ ဟု သံသယရှိဖွယ်အဆောက်အဦး
၎။Myaing Centrifuge = မြိုင်မြို့နယ်မှ ဗဟိုခွာအားစက်ရုံ
၅။Maymyo site location = မေမြို့နှင့် နောင်လိုင်စက်ရုံ တည်နေရာ
၆။USA Kentucky centrifuge = အမေရိကန်နိုင်ငံ ကင်တပ်ကီပြည်နယ်ရှိ ဗဟိုခွာအားစက်ရုံ
၇။UK portsmouth centrifuge = ဗြိတိန်နိုင်ငံ ပို့တ်စ်မောက်ရှိ ဗဟိုခွာအားစက်ရုံ
၈။iran centrifuge = အီရန်နိုင်ငံမှ ဗဟိုခွာအားစက်ရုံ (အဆောက်အဦတခုလျှင် ဆလင်ဒါ ၂၀၀ ထားသည်)
၉။japan-centrifuge-plant = ဂျပန်နိုင်ငံမှ ဗဟိုခွာအားစက်ရုံ
၁၀။korea plutonium plant = မြောက်ကိုးရီးယားမှ ပလူတိုနီယမ် ထုတ်လုပ်ရေးစက်ရုံ
၁၁။nuclear-reactors1 = နိုင်ငံတကာရှိ နျူကလီးယားဓာတ်ပေါင်းဖိုတခု
source by : နေ့သစ်
ဒါကြောင့် အနုမြူဓာတ်ပေါင်းဖို တည်ဆောက်ဖို့ဖြစ်စေ၊ အနုမြူဗုံးလုပ်ဖို့ဖြစ်စေ အစကနဦးအနေနဲ့ ယူရေနီယမ် ၂၃၅ ထုတ်လုပ်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။ သဘာဝသတ္တုရိုင်းထဲကနေ အင်မတန်အချိုးအစားနည်းနည်းဘဲပါတဲ့ ယူရေနီယမ် ၂၃၅ ကို စုယူနိုင်ဖို့ အတွက် နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် အထိရောက်ဆုံး အသုံးအများဆုံးနဲ့ စရိတ်အသက်သာဆုံးကတော့ ဗဟိုခွာအားစက်တွေ ဖြစ်ပါတယ်။ ဗဟိုခွာအား Centrifuge ရဲ့ သဘောတရားကတော့ ရွှေကျင်ရာမှာ အလေးဆမတူတဲ့ သဲတွေ ကျောက်တွေနဲ့ ရွှေကို စကောဝိုင်း ဝိုင်းပြီး ခွဲထုတ်ရသလိုပါဘဲ။ ဆေးရုံတွေမှာလည်း သွေးစစ်ရာမှာ သွေးထဲပါတဲ့ အမှုန်အမွှားအမျိုးမျိုးကို ခွဲခြားနိုင်ဖို့ ဖန်ပြွန်တွေထဲထည့်ပြီး ဗဟိုခွာအားစက်ထဲထည့် လှည့်ရပါတယ်။ အလေးဆ နည်းနည်းလေးဘဲ (၁.၂၆ ရာခိုင်နှုန်း)ကွာတဲ့ ၂၃၈ နဲ့ ၂၃၅ နှစ်မျိုးရော နေတာကို ကျတော့ လက်နဲ့ စကောဝိုင်းတာထက် အဆပေါင်းများစွာမြန်တဲ့စက်နဲ့ မွှေ့လိုက်တဲ့အခါ ပိုပေါ့တဲ့ ၂၃၅ က အပေါ်မှာ သို့မဟုတ် အလယ်မှာ လာစုပါတယ်။ သဘာဝသတ္တုမှုန်တွေထဲမှာ ၀.၇ ရာခိုင်နှုန်းဘဲပါတဲ့ ၂၃၅ ကို များများရဖို့ ယူရေနီယမ် ဓာတ်ငွေ့တွေကို ဆလင်ဒါပြွန်လုံးရှည်ကြီးတွေထဲထည့်ပြီး လှည့်တဲ့အခါ ၂၃၈ က ပြွန်လုံးဘေးမှာကပ်ပြီး ၂၃၅ တွေက အလယ်မှာ လာစုပါတယ်။ အလယ်မှာစုနေတဲ့ ၂၃၅ တွေကို ပိုက်တွေနဲ့ စုတ်ထုတ်ပြီး နောက်ထပ် ပြွန်လုံးရှည်တွေထဲလွှတ်၊ ဗဟိုခွာအားနည်းနဲ့ ထပ်ခါထပ်ခါ စစ်ထုတ်စုယူရပါတယ်။ အနုမြူဓာတ်ပေါင်းဖိုမှာသုံးဖို့ဆိုရင်တော့ ၂၃၅ ငါးရာခိုင်နှုန်းလောက်အထိ ဖြစ်လာရင် သုံးလို့ရပြီး အနုမြူ လက်နက် ထုတ်လုပ်ဖို့ဆိုရင်တော့ ၂၃၅ ကိုးဆယ်ရာခိုင်နှုန်းကျော်အထိ သန့်စင်ဖို့လိုတဲ့အတွက် ဗဟိုခွာအားဆလင်ဒါပြွန်လုံး တွေ ထောင်နဲ့ချီလိုတာဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုခွာအားစက်ရုံတွေမှာ ပြွန်လုံးရှည်ကြီးတွေ အတွဲလိုက် အစုလိုက် အစဉ်လိုက် ထောင်နဲ့ချီ တပ်ဆင်ထားရတဲ့အတွက် သိသာမြင်သာတဲ့စက်ရုံအကျယ်ကြီးတွေ တည်ဆောက်ရပါတယ်။ ဒီဗဟိုခွာအားစက်ရုံ မရှိရင် အနုမြူဗုံး ဘယ်လိုမှ မထုတ်လုပ်နိုင်ပါဘူး။
2. Gas_centrifuge_cascade = ဗဟိုခွာအားစက်ရုံအတွင်းမှ ဆလင်ဒါပြွန်လုံးရှည်များ |
စက်ရုံအရွယ်အစား ကြည့်ရတာလည်း မေမြို့နဲ့မြိုင် စက်ရုံတွေလောက် မကြီးပါဘူး။ မေမြို့နဲ့မြိုင်စက်ရုံတွေ သတင်းမပေါ်ခင် ကတည်းက သတင်း ထွက်နေတာဖြစ်လို့ ရှေ့ပြေးအဆင့် Pilot plant လို့ ယူဆနိုင်တာဖြစ်ပါတယ်။ နျူကလီးယားဓာတ်ပေါင်းဖိုကို သပိတ်ကျဉ်း လို ငလျင်ကြောတည့်တည့်ပေါ် သွားဆောက်ရင်တော့ နအဖလောက် မိုက်မဲတဲ့လူ ရှိမှာမဟုတ်တော့ပါ။ ဒါပေမဲ့ ဗမာပြည် မှာ ယူရေနီယမ် အဓိကထွက်တဲ့နေရာက ရှမ်းပြည် တောင်ကြီးနဲ့ ဟိုပုံးကြားက ပင်းပက်သတ္တုတွင်း ဖြစ်ပါတယ်။ အခု အဲဒီမှာ ရုရှား နဲ့ပေါင်းပြီး ယူရေနီယမ် အကြီးအကျယ်တူးဖို့ လက်တွေ့လုပ်နေပါပြီ။ ရေရှည်မှာတော့ ပင်းပက်ဟာ ယူရေနီယမ် သတ္တုရိုင်းမြေကြီးကို သန့်စင်တဲ့ အဓိကနေရာ ဖြစ်လာပါလိမ့်မယ်။
![]() 3. maymyo site = မေမြို့ နောင်လိုင်ရွာအနီးမှ ဗဟိုခွာအားစက်ရုံ ဟု သံသယရှိဖွယ်အဆောက်အဦး |
![]() 4. Myaing Centrifuge = မြိုင်မြို့နယ်မှ ဗဟိုခွာအားစက်ရုံ |
![]() 5. Maymyo site location = မေမြို့နှင့် နောင်လိုင်စက်ရုံ တည်နေရာ |
![]() 6. USA Kentucky centrifuge = အမေရိကန်နိုင်ငံ ကင်တပ်ကီပြည်နယ်ရှိ ဗဟိုခွာအားစက်ရုံ |
![]() 7. UK portsmouth centrifuge = ဗြိတိန်နိုင်ငံ ပို့တ်စ်မောက်ရှိ ဗဟိုခွာအားစက်ရုံ |
![]() 8. Iran centrifuge = အီရန်နိုင်ငံမှ ဗဟိုခွာအားစက်ရုံ (အဆောက်အဦတခုလျှင် ဆလင်ဒါ ၂၀၀ ထားသည်) |
9. japan-centrifuge-plant = ဂျပန်နိုင်ငံမှ ဗဟိုခွာအားစက်ရုံ |
![]() 10. korea plutonium plant = မြောက်ကိုးရီးယားမှ ပလူတိုနီယမ် ထုတ်လုပ်ရေးစက်ရုံ |
11. nuclear-reactors1 = နိုင်ငံတကာရှိ နျူကလီးယားဓာတ်ပေါင်းဖိုတခု |

ဂါမဏိ
source by : နေ့သစ်