ပစ်မှတ်
ရက်စက်ယုတ်မာတဲ့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ပြည်သူတရပ်လုံး ပါဝင်လာစေနိုင်မည့်အချက်များ- ၁။ အလုပ်သဘော မပါသည့် စတိတ်မင့်ထုတ်ဝေခြင်းများကို ရှောင်ရှားရမည်။
- ၂။ ပြည်သူတို့အား လမ်းညွှန်သည့် အလုပ်သဘောပါသော စတိတ်မင့်များကို ထုတ်ဝေရမည်။
- ၃။ အန္တရာယ်နည်းပါး၍ လွယ်ကူသောအက်ရှင်တွေ ဖြစ်ဖို့ အရေးကြီးသည်။
- ၄။ အများကလက်ခံနိုင်သော စံတန်ဘိုးများ ဖြစ်ရပါမည်။
- ၅။ အကြမ်းဖက်သော အက်ရှင်များ လုံးဝ မဖြစ်စေရ။
- ၆။ ရဲဘော်အချင်းချင်း အပြန်အလှန်လေးစားမှုရှိဖို့ လိုအပ်၏။
- ရ။ မောက်မာသောရဲဘော်များအား ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသင်တန်းများ ပေးသင့်၏။
- ၈။ အခြားမြို့မှ စတင်သည့်အက်ရှင်အား မိမိ၏မြို့နယ်နှင့် လိုက်လျောညီထွေဖြစ်သော အသွင်သဏ္ဍန်ဖြင့် အမြန်ဆုံးဖေါ်ဆောင်နိုင်ရမည်။
- ၉။ မီဒီယာသတင်းများကို နားထောင်ရင်း မိမိကလည်း အခြားနယ်မြေမှမိတ်ဆွေများ အားတက်စေမည့်သတင်းများကို ဖန်တီးရမည်။
- ၁၀။ အခွင့်အရေးကောင်းရလျင်ရခြင်း အရှိန်အဟုန်မြင့်တင်နိုင်ရန် ကြိုတင်စီမံထားခြင်း။
အက်ရှင်
- ၁။ ထင်သာမြင်သာအက်ရှင် ဥပမာ။ ဆုတောင်းပွဲများနှင့် တူညီဝတ်စုံများဝတ်ဆင်ခြင်း။ မေတ္တာသုတ်ရွတ်ဆိုစေခြင်းစသည်...။
- ၂။ လျှို့ဝှက် အက်ရှင် (မိမိလုပ်တာကို ဘယ်သူမှ မသိစေဘဲ အများပြည်သူ အားလုံး သိရှိ စေရမည်။) ဥပမာ။ လှုံ့ဆော်စာများ ဖြန့်ဝေခြင်း။ ငွေစက္ကူ ပေါ်ရှိ ခြင်္သေ့ ဦးခေါင်းကို မှင်တံဖြင့် ကြက်ခြေခတ်ခြင်း စသည်တို့ ဖြစ်သည်။
--
မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ
မိုးထက်လျှံ မှ
အဓမ္မကိုအောင်နိုင်မယ်
မိစ္ဆာဘေးက ဝေးကြမယ်။
Tags
ကြေငြာချက်