မြန်မာ နိုင်ငံလုံး ဆိုင်ရာ သပိတ် ကော်မတီ အဖွဲ့မှ အထူး ကြေညာချက်။

လေးစားအပ်ပါသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ တပ်မတော်သားအပေါင်းတို့ ....

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မတရား အကျဉ်းချ ခံနေရတဲ့ ရဟန်းရှင် လူ ခေါင်းဆောင်တွေ အားလုံး လွတ်မြောက်ရေးသည် ကျွန်ုပ်တို့ အားလုံးရဲ့ မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်တစ်ခု ဖြစ်ပေသည်။

ကျွန်ုပ်တို့ အားလုံး စစ်ကျွန် သဘောက် အာဏာရှင် ခြေဖ၀ါးအောက်မှ အလုံးစုံ လွတ်မြောက်ရေး အတွက် ကျွန်ုပ်တို့ ခေါင်းဆောင် များသည် ထောင်ထဲတွင် ဆင်းရဲ ဒုက္ခမျိုးစုံကိုကြံ့ကြံ့ခံကာ အာဏာရှင်ကို ဒူးမထောက် လက်မမြောက်အရှုံးမပေးပဲ ဆက်လက် တိုက်ပွဲ ၀င်နေကြပေသည်။

ယခု အချိန်အခါသည် ကျွန်ုပ်တို့ ၏ မဟုတ်လျှင် ဘယ်တော့မှ ခေါင်းငုံ့ မခံတတ်ကြသည့် သခင်စိတ်ဓာတ်ကို မွေးပြီး အာဏာရှင်ကို ဘက်ပေါင်းစုံက တော်လှန်တိုက် ခိုက်ရတော့မည် အချိန်ကျရောက်လာပြီ ဖြစ်ပေသည်။

အနှစ် (၂၀) လုံး ရိုက်သွင်းထားတဲ့ ကျွန် စိတ်ဓာတ်တွေကို ဖျောက်ဖျက်ပြီး သပိတ်စုံ သူပုန်ထ တော်လှန်မှ သာလျှင် နအဖ စစ်မိစ္ဆာကောင် များကို မြန်မာ့ မြေပေါ်မှ အပြီးပိုင် ရှင်းလင်းဖယ်ရှားပစ်နိုင်မည် ဖြစ်ပေသည်။

မျိုးချစ် တပ်မတော်သားများ ကလည်း ဗိုလ်ချုပ်အောင်ဆန်း၏ တပ်မတော် အဖြစ် မိမိကိုယ်မိမိ ခံယူပြီး ပြည်သူ လူထုကြီးကို အသက်ပေး ကာကွယ် စောက်ရှောက်ပေးရန် တာဝန်အပြည့်ရှိသည်ကို လေးလေးနက်နက် သဘောပေါက်စေလိုပါသည်။

ကျွန်ုပ်တို့၏ အနှစ်နှစ်အလလ ခံစားခဲ့ရသော ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ လူစဉ်မမီ လူမပီသမှု၊ မတရားမှုများနှင့် ဆုံးရှုံး နစ်နာနေတဲ့ မိမိတို့ရဲ့ မွေးရာပါ အခွင့်အရေးတွေ ရရှိဖို့ အတွက် အပြင်းထန် ဆုံးသော လူထု တိုက်ပွဲကို လှည်းနေလှည်းအောင်း မြင်းစောင်း မကျန် အနီးကပ်ဆုံး ရန်သူကို တွန်းလှန် တိုက်ခိုက် တော်လှန်ကြပါရန် လေးလေးနက်နက် တိုက်တွန်း နိုးဆော်လိုက်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form