၂၀၀၉ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄) နှစ်မြောက် မွေးနေ့နှင့် (၁၃) ကြိမ်မြောက် ‘မြန်မာနိုင်ငံအမျိုးသမီးများနေ့’အား ဂုဏ်ပြုပါသည်“
(၆၄)နှစ်မြောက် မွေးနေ့ရှင်က အင်းစိန်ထောင်အတွင်း၌ မတရားအမှုအား ရင်ဆိုင်နေရဆဲ….။
အကျဉ်းထောင်၏ဗူးအ၀၌မူ မောင်းပြန်သေနတ်များနှင့် စစ်သားများက စောင့်ကြပ်၍နေ၏။ ရေကူး၍လာသော ပြဿနာက သူမနေထိုင်သည့် ခြံဝင်းအတွင်းသို့ ရောက်လာ၏။ သူမနေထိုင်ရာ အမှတ်(၅၄) တက္ကသိုလ်ရိပ်သာလမ်းနေအိမ်က မနှစ်ကတိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းကြောင့် ခြံဝင်းအတွင်း သစ်ပင်အချို့ ကျိုးပဲ့ခဲ့ရ၏။ ရှင်းလင်းပြီး ဖြစ်သော်လည်း ဒဏ်ရာဒဏ်ချက်တို့က ရှိနေ၏။ မူလအတိုင်း ပြန်မဖြစ်တော့....။
မုန်သုန်ဦးသည် မလှပ။ ရက်စက်မှုနှင့် နိဒါန်းပျိုး၏။ မလှပသည့် မုန်သုန်ဦးတွင်ပင် စစ်အုပ်စုသည် သူတို့၏ အနာဂတ်အား ထုဆစ်ခဲ့၏။
(၁)
(၆၄)နှစ်ပြည့်ပြီ။(၆၄)နှစ်မြောက် မွေးနေ့ရှင်က အင်းစိန်ထောင်အတွင်း၌ မတရားအမှုအား ရင်ဆိုင်နေရဆဲ….။
အကျဉ်းထောင်၏ဗူးအ၀၌မူ မောင်းပြန်သေနတ်များနှင့် စစ်သားများက စောင့်ကြပ်၍နေ၏။ ရေကူး၍လာသော ပြဿနာက သူမနေထိုင်သည့် ခြံဝင်းအတွင်းသို့ ရောက်လာ၏။ သူမနေထိုင်ရာ အမှတ်(၅၄) တက္ကသိုလ်ရိပ်သာလမ်းနေအိမ်က မနှစ်ကတိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းကြောင့် ခြံဝင်းအတွင်း သစ်ပင်အချို့ ကျိုးပဲ့ခဲ့ရ၏။ ရှင်းလင်းပြီး ဖြစ်သော်လည်း ဒဏ်ရာဒဏ်ချက်တို့က ရှိနေ၏။ မူလအတိုင်း ပြန်မဖြစ်တော့....။
မုန်သုန်ဦးသည် မလှပ။ ရက်စက်မှုနှင့် နိဒါန်းပျိုး၏။ မလှပသည့် မုန်သုန်ဦးတွင်ပင် စစ်အုပ်စုသည် သူတို့၏ အနာဂတ်အား ထုဆစ်ခဲ့၏။
(၂)
“စာရေးခြင်း၊ စကားပြောခြင်း၊ မိန့်ခွန်းပြောခြင်း စသော လုပ်ရပ်များ၏အဓိက ရည်ရွယ်ချက်တစ်ခုကား လူအချင်းချင်း နားလည်မှု တိုးပွားစေရန် ဖြစ်သည်ဟု ကျမယူဆပါသည်”ဒေါ်အောင်ဆန်းစုကြည်က “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” စာအုပ်၏ အမှာစာတွင် ရေးသားဖော်ပြ၏။ မြန်မာ့သမိုင်းစဉ်၌ နိုင်ငံရေး ခေါင်းဆောင်တို့သည် စာရေးကြ၏။ စာရေးကြရာ၌ နိုင်ငံရေးဆောင်းပါးများ ရသအဖွဲ့အနွဲ့ဟန်ရှိသည့် စကားပြေများ၊ ကဗျာများ ရေးဖွဲ့ခဲ့ကြသည်။ သခင်အောင်ဆန်း၊ သခင်နု၊ သခင်သိန်းဖေ (သိန်းဖေမြင့်)၊ သခင်ဗဟိန်း၊ သခင်စိုး....စသည်.... စသည်ဖြင့်....။
သူတို့စာများမှ သူတို့၏ နိုင်ငံရေးရုပ်ပုံလွှာ အားတွေ့ရ၏။ သူတို့၏ အတွေးအခေါ်၊ အယူဝါဒအား သိရ၏။ ပြီးလျှင်... သူတို့၏ နှလုံးခုန်သံအားကြားရ၏။
သူမသည် သံတိုင်များ ကာရံထားသည့် အကျဉ်းခန်းငယ်လေးအတွင်း၌ ရောက်ရှိနေ၏။ မိုးရေဖျန်းပက်မှုကြောင့် အခန်းငယ်အတွင်းမှ ကြမ်းခင်းသည် ရေငွေ့ပြန်၍ စိုထိုင်းထိုင်း။ ရေငွေ့ပျံသကဲ့သို့ စိုနေမည်။ အတားအဆီးမဲ့ တိုးဝင်လာသော လေသည် မိုးရေတို့နှင့် စိုစွတ်၍နေ၏။ အေးစက်သော အထိအတွေ့။ အင်းစိန်ထောင်ကြီးတစ်ခုလုံးက မုန်သုန်မိုးစက်များ၏ ဖြန်းပက်မှုအောက်၌ ရွှဲရွှဲစို၍နေသည်။
မုန်သုန်၏ အငွေ့အသက်၊ မုန်သုန်၏ အပွေ့အဖက်၊ အထိအတွေ့များဝန်းကျင်၌ တစ်ချိန်က သူမသည် ဂျပန်နိုင်ငံထုတ် Mainichi သတင်းစာ၌ မုန်သုန်အတွေးအား ရေးခဲ့၏။
၁၉၉၆ခုနှစ်၊ ဇွန်လ(၉)ရက်နေ့....။ ထိုစဉ်က သူမသည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး သူမဦးဆောင်သည့် အဖွဲ့ချုပ်တွင် အထွေထွေအတွင်းရေးမှူးအဖြစ်နှင့် နိုင်ငံရေးတာဝန်များ ထမ်းဆောင်၍ နေသည်။ ပထမဦးစွ NLD၏ ဗဟို အလုပ်မှုဆောင် ကော်မတီအသစ်အား ပြန်လည်ဖွဲ့စည်း၏။
“ဆွေးနွေးပွဲတစ်ရပ် အောင်မြင်စွာ ဖြစ်မြောက်သည်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ညီလာခံ ကိုယ်စားလှယ်များအနေဖြင့် အမျိုးသားညီလာခံသို့ ဆက်၍ တတ်ရောက်မည်မဟုတ်”ဟူ၍ ကြေညာချက်ထုတ်ပြီး NLDသည် နအဖ၏ အမျိုးသားညီလာခံအား ဆန့်ကျင်နေ၏။ စစ်အုပ်စုအား တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း၏။ ၉၀ ရွေးကောက်ပွဲရလဒ်အား အကောင်အထည်ဖော်နိုင်ရေးအား ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ခေါ်ယူ ကျင်းပနိုင်ရန် ကြိုးပမ်း၏။ အဖွဲ့ရုံးချုပ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးပြုလုပ်ရန် NLD ဗဟို အလုပ်မှုဆောင်အဖွဲ့မှ ခေါ်သည်။ စစ်အုပ်စုမှ NLD ကိုယ်စားလှယ်များ အစည်းအဝေးသို့ မသွားရောက်နိုင်ရန် နေအိမ်များတွင် တား၏။ ကားများပေါ်မှ ဆွဲချ၍ ရဲစခန်းတွင် ခေါ်ထားသည်။ ဖမ်းဆီးထိမ်းသိမ်းမှုများက မြန်မာပြည်အနှံ့...။
၁၉၉၅ခုနှစ် ၊ ဇူလိုင် (၁၀) ရက်နေ့ နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်း သူမ၏ နေအိမ်အရှေ့၌ စနေ၊ တနင်္ဂနွေ နေ့တိုင်း လူထုနှင့်တွေ့၏။ နိုင်ငံရေးအခြေအနေအား လူထုသို့ ရှင်းပြ၏။ လူထုမှ မေးသည်အား ဖြေသည်။ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး...။ တစ်ပါတ်ပြီး တစ်ပါတ်..... လူထုနှင့်သူမ ဆက်သွယ်မှုက ခိုင်မြဲလာသည်။ နှလုံးသွေးချင်း ရောထွေးသွား၏။ ရင်ခုန်သံချင်းက ထပ်တူ...။ ဤတွင် စစ်အုပ်စုသည် လူထုနှင့်သူမ တွေ့ဆုံမှုအား ပိတ်ပင်တော့၏။ ဖြတ်တောက်တော့၏။ စစ်အုပ်စု၏ သဘောထားတင်းမားမှုက တစပြီးတစ အမွေးရှည်လာတော့၏။ ရန်ကုန်မြို့လယ် ကုက္ကိုင်လမ်းမပေါ်တွင်ပင် ကြံ့ဖွတ်များက သူမ၏ကားအား လမ်းလယ်ခေါင်၌ပင် တုတ်များခဲများနှင့် အကြမ်းဖက်၏။ ဤသို့သော... နိုင်ငံရေးလုပ်ငန်းများနှင့် ကြပ်ကြပ်တည်းတည်း တိုက်ပွဲဝင်နေရသည့်အထဲမှာပင် မုန်သုန်အတွေးအား ရေးခြင်းဖြစ်သည်။ ရသပါသော စကားပြေအဖွဲ့အနွဲ့...။
ဒီမိုကရေစီ စနစ်ရှိဖို့ လုပ်ဆောင် နေကြသူတွေက ဘယ်သူတွေလဲလို့ မေးနိုင်စရာ ရှိပါတယ်။ သူတို့ကတော့ မဆလပါတီ လက်အောက်မှာ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး ဖိနှိပ်ချုပ်ချယ်မှုတွေကို ခါးစည်းခံခဲ့ကြရတဲ့ သူများပဲ ဖြစ်ပါတယ်။
မဆလပါတီရဲ့ ရမ်းကားစွာ ဖိနှိပ်မှု၊ စီးပွားရေး(အသိပညာ) ကင်းမဲ့မှုတို့ဟာ ပြည်သူတွေ ညီညွှတ်ဖို့အတွက် မရည်ရွယ်တဲ့ တွန်းအားကြီးတရပ် ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မဆလပါတီကို ယခုထက်ထိ သစ္စာစောင့်နေသေးသူများဟာလည်း အုပ်စိုးသူ မဆလပါတီနဲ့ အအုပ်စိုးခံ လူထုအကြား ကွာဟမှု ကြီးမားပုံ သာဓကတခုပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လူတချို့ဟာ လက်စားချေလိုတဲ့စိတ် ရှိကြပေမယ့် အများစုကတော့ တရားမျှတ သက်ညှာစွာ ထောက်ထားကြမှာ ဖြစ်လို့ပါပဲ။
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ပွားခဲ့ရသည့် အခြေခံအကြောင်းတရားအား ကောက်ချက်ဆွဲထားခြင်း ဖြစ်သည်။ ပြီးလျှင်... သူမ အရေးတော်ပုံကြီးအတွင်း ပါဝင်ခဲ့ရခြင်းနှင့် ပတ်သတ်ပြီး သူမကိုယ်သူမ တိုင်းပြည်နှင့် မိတ်ဆက်ပေးထား ပြန်သည်။
ပြည်လုံးကျွတ် ဒီမိုကရေစီ တောင်းဆိုတဲ့ လှုပ်ရှားမှုကြီးမှာ ကျမဘယ်လိုပါဝင် လာပါသလဲလို့ လူတော်တော်များများက မေးကြပါတယ်။ ခေတ်သစ် မြန်မာနိုင်ငံရဲ့ ဖခင်လို့ သတ်မှတ်ခြင်းခံရတဲ့ ကျမအဖေရဲ့သမီးဖြစ်လေတော့ ကျမဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ရေစီကြောင်းကို အစဉ်တစိုက် ဂရုပြုခဲ့ပါတယ်။
ငယ်စဉ်ကတည်းက ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး တိုက်ပွဲသမိုင်းနှင့် လူမှုရေး နိုင်ငံရေးပြောင်းလဲမှုများကို စိတ်ဝင်စားခဲ့ပါတယ်။ ကျမနှစ်နှစ် သမီးအရွယ်မှာ ဖေဖေကွယ်လွန်လို့ ဖေဖေ့ကို ရင်းရင်းနှီးနှီး မသိလိုက်ရပါဘူး။ အလိုလိုက်တဲ့ ချစ်ကြင်နာတဲ့ ဖခင်ဖြစ်ပြီး ဖြောင့်မတ်တဲ့ သိက္ခာနဲ့ တိုင်းပြည်အကျိုးကို အမြဲတမ်း ကိုယ်ကျိုးထက် အလေးထား လိုလားခဲ့တဲ့ လူတယောက်လို့ပဲ နားလည် မှတ်သားခဲ့ပါတယ်။
ကျမလူလားမြောက်ပြီး ဖေဖေ့ဘ၀နဲ့ လုပ်ဆောင်အောင်မြင်မှု့တွေကို သုတေသနပြုတော့မှ ဘဲ သူ့သက်တမ်း (၃၂)နှစ်အတွင်းမှာ ဘယ်လောက် လုပ်ဆောင်နိုင်ခဲ့တဲ့လူ ဘယ်လိုလူဆိုတာ ကျမပိုပြီး သိနားလည်ခဲ့ပါတယ်။ အဲဒီအခါမှဘဲ တိုင်းပြည်သစ္စာ စောင့်သိတဲ့ မျိုးချစ်ခေါင်းဆောင် တယောက်အနေနဲ့ ဂုဏ်ယူလေးစားခဲ့ရုံမကဘဲ ကိုယ်ပိုင်ခံယူချက် တော်တော်များများမှာ ဖေဖေနဲ့ကျမ တူညီနေတာတွေ့ရလို့ ဖေဖေ့ကို အနီးကပ် ရင်းနှီးစွာ သိရသလို ခံစားမိပါတယ်။ ဖေဖေ့စိတ်နဲ့ နီးစပ်လွန်းလို့ ကျမဟာ ကျမရဲ့ တိုင်းပြည်ကောင်းစားရေးအတွက် လေးနက်စွာ တာဝန်ယူချင်တဲ့စိတ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။
ဤကဗျာအား သူမရေးစဉ်က ပထမအကြိမ်နေအိမ်၌ အကျဉ်ချခံထားရစဉ်ကာလက ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် ရေးဖွဲ့ခဲ့ခြင်း ဖြစ်၏။ ခေါင်းစဉ်က ''In the Quiet Land'' ဖြစ်သည်။ ၁၉၈၉ ခုနှစ်က သူမအတွက် ကြီးမားသော စိန်ခေါ်မှု့များနှင့် ရင်ဆိုင်ခဲ့ရသည့်နှစ်ဟု ဆိုရမည်။ နှစ်ဦးတွင် မိခင်ဖြစ်သူ ကွယ်လွန်၏။ မိခင်ကွယ်လွန်ပြီး ခြောက်လကျော်ကျော်တွင်ပင် စစ်အုပ်စုက သူမအားနေအိမ်တွင် အကျဉ်ချဖမ်းဆီးပြန်၏။ သူမချစ်သော မိခင်အား ထာဝရဆုံးရှုံးခဲ့ရပြီး၊ သူမချစ်သော မြန်မာပြည်သူလူထုနှင့် ကင်းကွာရပြန်သည်။ သည်းစွာသော ဝေဒနာအား ခံစားနေရသည့် မိခင်အား ပြုစုရင်း... ကဗျာရေးဖွဲ့၏။ မြန်မာဘာသာနှင့်ပင် ရေးသည်။
(မင်းဆွေသစ်)
source by : Grassroots Human Rights
သူတို့စာများမှ သူတို့၏ နိုင်ငံရေးရုပ်ပုံလွှာ အားတွေ့ရ၏။ သူတို့၏ အတွေးအခေါ်၊ အယူဝါဒအား သိရ၏။ ပြီးလျှင်... သူတို့၏ နှလုံးခုန်သံအားကြားရ၏။
(၃)
၂၀၀၉ခုနှစ် ဇွန်လ (၁၉)ရက် ....။သူမသည် သံတိုင်များ ကာရံထားသည့် အကျဉ်းခန်းငယ်လေးအတွင်း၌ ရောက်ရှိနေ၏။ မိုးရေဖျန်းပက်မှုကြောင့် အခန်းငယ်အတွင်းမှ ကြမ်းခင်းသည် ရေငွေ့ပြန်၍ စိုထိုင်းထိုင်း။ ရေငွေ့ပျံသကဲ့သို့ စိုနေမည်။ အတားအဆီးမဲ့ တိုးဝင်လာသော လေသည် မိုးရေတို့နှင့် စိုစွတ်၍နေ၏။ အေးစက်သော အထိအတွေ့။ အင်းစိန်ထောင်ကြီးတစ်ခုလုံးက မုန်သုန်မိုးစက်များ၏ ဖြန်းပက်မှုအောက်၌ ရွှဲရွှဲစို၍နေသည်။
မုန်သုန်၏ အငွေ့အသက်၊ မုန်သုန်၏ အပွေ့အဖက်၊ အထိအတွေ့များဝန်းကျင်၌ တစ်ချိန်က သူမသည် ဂျပန်နိုင်ငံထုတ် Mainichi သတင်းစာ၌ မုန်သုန်အတွေးအား ရေးခဲ့၏။
၁၉၉၆ခုနှစ်၊ ဇွန်လ(၉)ရက်နေ့....။ ထိုစဉ်က သူမသည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး သူမဦးဆောင်သည့် အဖွဲ့ချုပ်တွင် အထွေထွေအတွင်းရေးမှူးအဖြစ်နှင့် နိုင်ငံရေးတာဝန်များ ထမ်းဆောင်၍ နေသည်။ ပထမဦးစွ NLD၏ ဗဟို အလုပ်မှုဆောင် ကော်မတီအသစ်အား ပြန်လည်ဖွဲ့စည်း၏။
“ဆွေးနွေးပွဲတစ်ရပ် အောင်မြင်စွာ ဖြစ်မြောက်သည်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ညီလာခံ ကိုယ်စားလှယ်များအနေဖြင့် အမျိုးသားညီလာခံသို့ ဆက်၍ တတ်ရောက်မည်မဟုတ်”ဟူ၍ ကြေညာချက်ထုတ်ပြီး NLDသည် နအဖ၏ အမျိုးသားညီလာခံအား ဆန့်ကျင်နေ၏။ စစ်အုပ်စုအား တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း၏။ ၉၀ ရွေးကောက်ပွဲရလဒ်အား အကောင်အထည်ဖော်နိုင်ရေးအား ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ခေါ်ယူ ကျင်းပနိုင်ရန် ကြိုးပမ်း၏။ အဖွဲ့ရုံးချုပ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးပြုလုပ်ရန် NLD ဗဟို အလုပ်မှုဆောင်အဖွဲ့မှ ခေါ်သည်။ စစ်အုပ်စုမှ NLD ကိုယ်စားလှယ်များ အစည်းအဝေးသို့ မသွားရောက်နိုင်ရန် နေအိမ်များတွင် တား၏။ ကားများပေါ်မှ ဆွဲချ၍ ရဲစခန်းတွင် ခေါ်ထားသည်။ ဖမ်းဆီးထိမ်းသိမ်းမှုများက မြန်မာပြည်အနှံ့...။
၁၉၉၅ခုနှစ် ၊ ဇူလိုင် (၁၀) ရက်နေ့ နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်း သူမ၏ နေအိမ်အရှေ့၌ စနေ၊ တနင်္ဂနွေ နေ့တိုင်း လူထုနှင့်တွေ့၏။ နိုင်ငံရေးအခြေအနေအား လူထုသို့ ရှင်းပြ၏။ လူထုမှ မေးသည်အား ဖြေသည်။ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး...။ တစ်ပါတ်ပြီး တစ်ပါတ်..... လူထုနှင့်သူမ ဆက်သွယ်မှုက ခိုင်မြဲလာသည်။ နှလုံးသွေးချင်း ရောထွေးသွား၏။ ရင်ခုန်သံချင်းက ထပ်တူ...။ ဤတွင် စစ်အုပ်စုသည် လူထုနှင့်သူမ တွေ့ဆုံမှုအား ပိတ်ပင်တော့၏။ ဖြတ်တောက်တော့၏။ စစ်အုပ်စု၏ သဘောထားတင်းမားမှုက တစပြီးတစ အမွေးရှည်လာတော့၏။ ရန်ကုန်မြို့လယ် ကုက္ကိုင်လမ်းမပေါ်တွင်ပင် ကြံ့ဖွတ်များက သူမ၏ကားအား လမ်းလယ်ခေါင်၌ပင် တုတ်များခဲများနှင့် အကြမ်းဖက်၏။ ဤသို့သော... နိုင်ငံရေးလုပ်ငန်းများနှင့် ကြပ်ကြပ်တည်းတည်း တိုက်ပွဲဝင်နေရသည့်အထဲမှာပင် မုန်သုန်အတွေးအား ရေးခြင်းဖြစ်သည်။ ရသပါသော စကားပြေအဖွဲ့အနွဲ့...။
“သပြေတွေလည်း သီးနေပြီ၊
ရေတွလည်း ဖွေးနေပြီ
ဓနိသီးတွေလည်း ကြွေနေပြီ
မိုးကလည်း မစဲပဲ ရွာနေတယ်
အို.... ကိုဒါသရဲ့၊
ကျမအမေဆီ ပြန်ချင်တယ်
လိုက်ပို့ပေးပါလား....။
ရေတွလည်း ဖွေးနေပြီ
ဓနိသီးတွေလည်း ကြွေနေပြီ
မိုးကလည်း မစဲပဲ ရွာနေတယ်
အို.... ကိုဒါသရဲ့၊
ကျမအမေဆီ ပြန်ချင်တယ်
လိုက်ပို့ပေးပါလား....။
(၄)
၁၉၈၈ ခုနှစ်၊ စက်တင်ဘာ (၁၈)ရက် အာဏာမသိမ်းမှီ... စက်တင်ဘာလထုတ် သတင်းမဂ္ဂဇင်းတွင် သူမ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့၏။ “လွတ်လပ်ရေးတိုက်ပွဲ သုံးသပ်ချက်၊ တော်လှန်ရေး မုန်တိုင်အလယ်” ဖြစ်သည်။ မျက်မှောက် မြန်မာ့နိုင်ငံရေး အခြေအနေအား သုံးသပ်ထားသည့် ဆောင်းပါးဖြစ်သည်။ဒီမိုကရေစီ စနစ်ရှိဖို့ လုပ်ဆောင် နေကြသူတွေက ဘယ်သူတွေလဲလို့ မေးနိုင်စရာ ရှိပါတယ်။ သူတို့ကတော့ မဆလပါတီ လက်အောက်မှာ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး ဖိနှိပ်ချုပ်ချယ်မှုတွေကို ခါးစည်းခံခဲ့ကြရတဲ့ သူများပဲ ဖြစ်ပါတယ်။
မဆလပါတီရဲ့ ရမ်းကားစွာ ဖိနှိပ်မှု၊ စီးပွားရေး(အသိပညာ) ကင်းမဲ့မှုတို့ဟာ ပြည်သူတွေ ညီညွှတ်ဖို့အတွက် မရည်ရွယ်တဲ့ တွန်းအားကြီးတရပ် ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မဆလပါတီကို ယခုထက်ထိ သစ္စာစောင့်နေသေးသူများဟာလည်း အုပ်စိုးသူ မဆလပါတီနဲ့ အအုပ်စိုးခံ လူထုအကြား ကွာဟမှု ကြီးမားပုံ သာဓကတခုပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လူတချို့ဟာ လက်စားချေလိုတဲ့စိတ် ရှိကြပေမယ့် အများစုကတော့ တရားမျှတ သက်ညှာစွာ ထောက်ထားကြမှာ ဖြစ်လို့ပါပဲ။
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ပွားခဲ့ရသည့် အခြေခံအကြောင်းတရားအား ကောက်ချက်ဆွဲထားခြင်း ဖြစ်သည်။ ပြီးလျှင်... သူမ အရေးတော်ပုံကြီးအတွင်း ပါဝင်ခဲ့ရခြင်းနှင့် ပတ်သတ်ပြီး သူမကိုယ်သူမ တိုင်းပြည်နှင့် မိတ်ဆက်ပေးထား ပြန်သည်။
ပြည်လုံးကျွတ် ဒီမိုကရေစီ တောင်းဆိုတဲ့ လှုပ်ရှားမှုကြီးမှာ ကျမဘယ်လိုပါဝင် လာပါသလဲလို့ လူတော်တော်များများက မေးကြပါတယ်။ ခေတ်သစ် မြန်မာနိုင်ငံရဲ့ ဖခင်လို့ သတ်မှတ်ခြင်းခံရတဲ့ ကျမအဖေရဲ့သမီးဖြစ်လေတော့ ကျမဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ရေစီကြောင်းကို အစဉ်တစိုက် ဂရုပြုခဲ့ပါတယ်။
ငယ်စဉ်ကတည်းက ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး တိုက်ပွဲသမိုင်းနှင့် လူမှုရေး နိုင်ငံရေးပြောင်းလဲမှုများကို စိတ်ဝင်စားခဲ့ပါတယ်။ ကျမနှစ်နှစ် သမီးအရွယ်မှာ ဖေဖေကွယ်လွန်လို့ ဖေဖေ့ကို ရင်းရင်းနှီးနှီး မသိလိုက်ရပါဘူး။ အလိုလိုက်တဲ့ ချစ်ကြင်နာတဲ့ ဖခင်ဖြစ်ပြီး ဖြောင့်မတ်တဲ့ သိက္ခာနဲ့ တိုင်းပြည်အကျိုးကို အမြဲတမ်း ကိုယ်ကျိုးထက် အလေးထား လိုလားခဲ့တဲ့ လူတယောက်လို့ပဲ နားလည် မှတ်သားခဲ့ပါတယ်။
ကျမလူလားမြောက်ပြီး ဖေဖေ့ဘ၀နဲ့ လုပ်ဆောင်အောင်မြင်မှု့တွေကို သုတေသနပြုတော့မှ ဘဲ သူ့သက်တမ်း (၃၂)နှစ်အတွင်းမှာ ဘယ်လောက် လုပ်ဆောင်နိုင်ခဲ့တဲ့လူ ဘယ်လိုလူဆိုတာ ကျမပိုပြီး သိနားလည်ခဲ့ပါတယ်။ အဲဒီအခါမှဘဲ တိုင်းပြည်သစ္စာ စောင့်သိတဲ့ မျိုးချစ်ခေါင်းဆောင် တယောက်အနေနဲ့ ဂုဏ်ယူလေးစားခဲ့ရုံမကဘဲ ကိုယ်ပိုင်ခံယူချက် တော်တော်များများမှာ ဖေဖေနဲ့ကျမ တူညီနေတာတွေ့ရလို့ ဖေဖေ့ကို အနီးကပ် ရင်းနှီးစွာ သိရသလို ခံစားမိပါတယ်။ ဖေဖေ့စိတ်နဲ့ နီးစပ်လွန်းလို့ ကျမဟာ ကျမရဲ့ တိုင်းပြည်ကောင်းစားရေးအတွက် လေးနက်စွာ တာဝန်ယူချင်တဲ့စိတ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။
(၅)
ဒီ တုံဏှိဘာဝေနိုင်ငံမှာ
သူတို့ ခေါင်းဆောင်သွားမယ့် စစ်သားတွေ လာနေတာတောင်
ဘယ်သူ တဦးတယောက်မျှ မပြောပြ နိုင်ပေဘူး။
တရုတ်တွေက လမ်းကိုလိုချင်တယ်၊ ပြင်သစ်တွေကတော့ လောင်စာဆီကို လိုချင်တယ်။
ထိုင်းတွေကတော့ သစ်ကိုယူတယ်၊ နအဖကတော့ အမြတ်အစွန်းတွေကို ယူတယ်လေ...။
(ဒေါ်အောင်ဆန်းစုကြည်၏ '' In the Quiet Land '' ကဗျာမှ)
သူတို့ ခေါင်းဆောင်သွားမယ့် စစ်သားတွေ လာနေတာတောင်
ဘယ်သူ တဦးတယောက်မျှ မပြောပြ နိုင်ပေဘူး။
တရုတ်တွေက လမ်းကိုလိုချင်တယ်၊ ပြင်သစ်တွေကတော့ လောင်စာဆီကို လိုချင်တယ်။
ထိုင်းတွေကတော့ သစ်ကိုယူတယ်၊ နအဖကတော့ အမြတ်အစွန်းတွေကို ယူတယ်လေ...။
(ဒေါ်အောင်ဆန်းစုကြည်၏ '' In the Quiet Land '' ကဗျာမှ)
ဤကဗျာအား သူမရေးစဉ်က ပထမအကြိမ်နေအိမ်၌ အကျဉ်ချခံထားရစဉ်ကာလက ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် ရေးဖွဲ့ခဲ့ခြင်း ဖြစ်၏။ ခေါင်းစဉ်က ''In the Quiet Land'' ဖြစ်သည်။ ၁၉၈၉ ခုနှစ်က သူမအတွက် ကြီးမားသော စိန်ခေါ်မှု့များနှင့် ရင်ဆိုင်ခဲ့ရသည့်နှစ်ဟု ဆိုရမည်။ နှစ်ဦးတွင် မိခင်ဖြစ်သူ ကွယ်လွန်၏။ မိခင်ကွယ်လွန်ပြီး ခြောက်လကျော်ကျော်တွင်ပင် စစ်အုပ်စုက သူမအားနေအိမ်တွင် အကျဉ်ချဖမ်းဆီးပြန်၏။ သူမချစ်သော မိခင်အား ထာဝရဆုံးရှုံးခဲ့ရပြီး၊ သူမချစ်သော မြန်မာပြည်သူလူထုနှင့် ကင်းကွာရပြန်သည်။ သည်းစွာသော ဝေဒနာအား ခံစားနေရသည့် မိခင်အား ပြုစုရင်း... ကဗျာရေးဖွဲ့၏။ မြန်မာဘာသာနှင့်ပင် ရေးသည်။
မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့၊
သည်းစွာသော အနာကို ကုပါအံ့၊
သမီး၏ လုံ့လ ၀ိရိယဖြင့်
နာလန်ထူပါစေအံ့၊
မွေးကျေးဇူးကို မသိတတ်သော
ထိုထိုသော သူတို့အား
သိနားလည်အောင်
ဆွဲဆောင်နိုင်စွမ်းကို သမီးအား ပေးပါလော့။
မိခင်ဟူသည်ကား....။သည်းစွာသော အနာကို ကုပါအံ့၊

Tags
ဆောင်းပါး