အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ရွှေဂုံတိုင်ကြေညာချက်အား ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအင်အားစုများမှ စုပေါင်း၍ သဘော တူညီ ကြကြောင်း ထောက်ခံကြေညာမှုအား အင်အားစုပေါင်း (၆၀) ခန့် မှ မေလ (၈) ရက်နေ့  နေ့ စွဲဖြင့် ထုတ်ပြန် ကြေညာ ပါသည်။
ယခုကဲ့သို့  ပြည်တွင်း ပြည်ပ အင်အားစုများ၏ နိုင်ငံတကာ လှုပ်ရှားမှု တစ်ရပ်အနေဖြင့် ဆောင်ရွက်သည့် စုပေါင်း ကြေညာချက်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ရွှေဂုံတိုင် ကြေညာချက်အား ထောက်ခံရန် သဘောတူညီကြသော နိုင်ငံရေး အင်အားစုများ အားလုံးအား ဆက်လက် ဖိတ်ခေါ်လျက်ရှိပြီး အဆိုပါအဖွဲ့ အစည်းများ၏ အမည်များနှင့် ဆက်သွယ်ရန် လိပ်စာတို့အား ထပ်မံ၍ ဖြည့်စွက် ဖေါ်ပြ ပေးသွားမည် ဖြစ်ပါသည်။
ဆက်သွယ်လိုသော အဖွဲ့ အစည်းများအနေဖြင့် Global Action for Burma (GAB) http://gab-burma.weebly.com/ သို့ လည်းကောင်း (သို့ မဟုတ်) -
စိုင်းမျိုးဝင်း (ပြည်ထောင်စု လူ့အခွင့်အရေး ကောင်စီ) ida0072@gmail.com
နန်းသီတာအေး (ဓနုအမျိုးသမီးအဖွဲ့ ) ntda.dwg@gmail.com
သို့ လည်းကောင်း ဆက်သွယ်ရန် လေးစားစွာ အကြောင်းကြား ဖိတ်ခေါ်အပ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ရွှေဂုံတိုင် ကြေညာချက်အား သဘော တူညီကြောင်း ကြေညာချက်နှင့် နိုင်ငံရေး အင်အားစုများ၏ အမည်စာရင်းအား အသေးစိတ် ကြည့်ရှူနိုင်ပါသည်။