ရန်ကုန်မြို့  ဒလမြို့ နယ်ရှိ ဓနုတ်ဘုရား ပြိုကျ။ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရကြ။




Large Viewအကြီးကြည့်ရန်
Large Viewအကြီးကြည့်ရန်
Large Viewအကြီးကြည့်ရန်
Large Viewအကြီးကြည့်ရန်
Large Viewအကြီးကြည့်ရန်

ဒီနေ့ နေ့လည် (၃း၀၀) နာရီ ၀န်းကျင်လောက်က ဒလ မြို့နယ်မှာ ဓနုတ် ဘုရား ပြိုကျသွားမှုကြောင့် ဘုရားဖူးလာသူ (၃၀) ကျော်မျှ ထိခိုက် ဒဏ်ရာရရှိကြောင်း သိရှိရပါတယ်။

ဘုရား ပတ်ဝန်းကျင်မှ လူများက ထိခိုက် ဒဏ်ရာရ သူများအား ဆေးရုံသို့ ပို့ဆောင်ရန် နအဖ သက်ဆိုင်ရာ များအား အကြောင်း ကြားသော်လည်း အချိန်မှီ ရောက်မလာ ကြသောကြောင့် မိမိတို့ ဘာသာ ပဲ့တောင်များဖြင့် ရန်ကုန်သို့ ပို့ဆောင်မူအား ညနေ လေးနာရီမှ စတင် လုပ်ဆောင် ကြရပါတယ်။ နအဖ သက်ဆိုင်ရာ များမှာ ညနေ ခြောက်နာရီမှသာ ဒလဆိပ်ကမ်းသို့ရောက်ရှိလာပါတယ်။

ပထမ အဆင့် ပြိုကျတဲ့ အချိန်မှာ သွားရောက် ကယ်ဆယ်တဲ့ ရဲများ အပါအ၀င် ကယ်ဆယ်ရေး လုပ်သားများပါ ဒုတိယအကြိမ် ပြိုကျမှုကြောင့် တော်တော် များများ ထိခိုက် ကုန်တယ်လို့ သိရပါတယ်။

လောလော ဆယ်ဆယ် မှာ ဆေးရုံကြီး အရေးပေါ်ဌာနမှာ အကုန် ပြင်ဆင် ထားပါတယ်။ လူနာများတော့ ရောက်မလာသေးပါ။ အသေအပျောက် မသိရသေးပါ။ စောင့်ဆိုင်းနေတဲ့ တာဝန်ကျ များလည်း အများကြီးရှိနေကြောင်း သိရှိရပါတယ်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနဘက်မှာ လူများ တိုးကြိတ် နေသလို အရေးပေါ်ကားများလည်း တစ်စီးပြီး တစ်စီး ရောက်ရှိကြောင်း သိရှိ ရပါတယ်။

အဆိုပါ ဓနုတ်ဘုရားကြီးကို လွန်ခဲ့သော (၈) ရက်နေ့ က သန်းရွှေမိန်းမ ဒေါ်ကြိုင်ကြိုင် ကိုယ်တိုင် ဘုရား ထီးတင်ထား ခဲ့ကြောင်းကိုလည်း သိရှိရပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form