ဒါနဲ့  အောင်မြေနေရာထဲဝင်ရောက်ပြီး ဆုတောင်းဖို့ လုပ်တဲ့အခါမှာ အကာအ၀န်းထဲကို မ၀င်ရောက်ဖို့  ပိတ်ပင်တားမြစ်ခြင်း ခံရပါတယ်။ အောင်မြေအကာအ၀န်းဘေးအပြင်မှာ မတ်တတ်ရပ်စောင့်နေတဲ့ ဘုရား လုံခြုံရေး နှစ်ဦးကနေ တားမြစ်တာ ဖြစ်ပါတယ်။ အဲ့ဒီ အောင်မြေ အကာအ၀န်းထဲမှာ ၀င်ရောက် ဆုတောင်း နေသူက နအဖ မိသားစုဝင် တစ်ဦးဖြစ်လို့ ဆိုတာ သိရပါတယ်။
မေးချင်တာကတော့ - ဒီလိုမျိုး အစဉ်အလာကြီးမားပြီး ပြည်သူပိုင် ရွှေတိဂုံဘုရားမြေပေါ်မှာ အခုလို အောင်မြေ နေရာကို စိတ်ကြိုက် သိမ်းပိုက်ထားပြီး အများပြည်သူကို ဆုတောင်း ၀တ်ပြုခွင့် မပေးရ လောက်အောင် ပြည်သူပိုင် နေရာ မြေဒေသကို ကိုယ်ပိုင် ပစ္စည်းလို သဘောထားပြီး မောင်ပိုင် စီးထားရ သလား ဆိုတာပါ။
(ရွှေတိဂုံ မြတ်စေတီတော် အောင်မြေမှာ ၀တ်ပြု ဆုတောင်းခွင့် မရခဲ့တဲ့ ပြည်သူတစ်ဦး)။
source by : ကိုနစ်နေမန်း