သင်္ကြန်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့လမ်းမတွင် အတားအဆီးများ တိုးမြှင့်ချထား

တင်ကျော်ကျော်စိုး | မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နေထိုင်ရာ တက္ကသိုလ် ရိပ်သာ လမ်းတွင် သူမ အိမ်ရှေ့ရှိ ယခင် အတားအဆီးများ ချထားသော နေရာမှ အနည်းငယ် တိုမြှင့်၍ အနောက် ဘက် တွင် ရွှေတောင်ကြား ရပ်ကွက်ထဲ ၀င်ရာသံလွင်လမ်း ထိပ်ထိ ၎င်း အရှေ့ဘက် တွင် ကမ္ဘာအေး စေတီ လမ်းမ နှင့် တက္ကသိုလ် ရိပ်သာလမ်း ထောင့် မီးပွိုင့် အနီးထိ ရောက်အောင် အကာအရံများ တိုးမြှင့် ချထားလိုက်သည် ဟုသိရသည်။

တက္ကသိုလ် ရိပ်သာလမ်း အင်းလျှား ကန်စောင်းတွင် မဏ္ဍပ်ဆောက်လုပ် နေ သော လူငယ် တစ်ဦးက “ပထမ ဘုန်းကြီးကျောင်း ရှေ့ထိပဲ ပိတ်ထားတာ အခု ညနေ မှ အတားအဆီးတွေကို တိုးလိုက်တာ lolane မဏ္ဍပ် နားအထိပဲ ”ဟု Freedom News Group သို့ ပြောသည်။

နိုဘယ်ဆုရှင်များတွင် တစ်ဦးတည်းသော နေအိမ်အကျယ်ချုပ်ချထားခြင်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ နှစ် နှစ်ဆယ် အတွင်း နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် ၁၄ နှစ်နေရသည့် အတွက် မြန်မာ အတာသင်္ကြန်ကို ခြောက်ကြိမ်သာ လွတ်လပ်စွာဖြင့် ကြုံတွေ့ခွင့်ရခဲ့သည်။

source by : http://longwalktofreedom.wordpress.com/

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form