မြန်မာတယ်လီပို့မှ ကြေညာချက်ပြင်ဆင်ထုတ်ပြန်

မြန်မာတယ်လီပို့၏ အင်တာနက် ရေအောက်ကေဘယ်ကြိုး ပြင်ဆင်မှုနှင့်ပတ်သက်၍ ထပ်မံပြင်ဆင် ထုတ်ပြန်ကြေညာချက်အရ ဧပြီလ(၃)ရက်နောက်ပိုင်းမှသာ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း အင်တာနက်မြန်နှုန်းများသည် ဆက်လက်၍ ကျဆင်းနေဦးမည် ဖြစ်သည်။ မြန်မာတယ်လီပို့သည် Backbone Fiber-Optic ရေအောက်ကေဘယ်လ်ကြိုး SEA-ME-WE3ကို ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရန်အတွက် မတ်လ(၂၁)ရက်နေ့မှ (၂၅)ရက်နေ့အတွင်း အရံဆက်ကြောင်းကို အသုံးပြုထားမည် ဖြစ်သောကြောင့် အင်တာနက် မြန်နှုန်းများ ကျဆင်းနေမည်ဟု ပထမဆုံး ကြေညာခဲ့ပြီး ထိုမှတဆင့် ပြင်ဆင်မှုမှာ ဧပြီလ(၁)ရက်နေ့ထိ ကြာမည်ဖြစ်ကြောင်း ပြောင်းလဲကြေညာခဲ့သည်။
သို့သော်လည်း ရေအောက်ကေဘယ်လ်ကြိုး ပြင်ဆင်နေမှုသည် ကြိုတင်မျှော်လင့်မထားသည့် အခက်အခဲများကြောင့် မူလရည်မှန်း ထားသည့် နေ့ရက် အတိုင်း အချိန်မီပြီးစီးဖွယ် မရှိသဖြင့် ဧပြီလ(၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၈း၃၀)တွင် ပြီးစီးမည်ဟု ထပ်မံ ကြေညာခဲ့သည်။ ယခုအခါ မြန်မာတယ်လီပို့က အဆိုပါ ကြေညာချက်ကို ပြင်ဆင်၍ ဧပြီလ(၃)ရက်နောက်ပိုင်းမှသာ ပြင်ဆင်မှုများ ပြီးဆုံးမည်ဟု ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။ ထိုသို့ပြင်ဆင်နေမှုကြောင့် အင်တာနက်နှင့် Emailအသုံးပြုရာတွင် မြန်နှုန်း ကျဆင်းမှုများ ရှိလာနိုင်ကြောင်း မြန်မာတယ်လီပို့က ပြောကြားထားသလို အရေးကြီးသည့် Emailဆက်သွယ်မှုများ နှောင့်နှေးမနေစေရန် အတတ်နိုင်ဆုံး ကြိုးစားပြီး ၀န်ဆောင်မှုပေးသွားမည်ဟု ကြိုတင် သတင်းထုတ်ပြန်ထားခဲ့သည်။ အင်တာနက်အမြန်နှုန်းများ ကျဆင်း နေမှုကြောင့် အင်တာနက်ကဖေးဆိုင်အချို့မှာ ပိတ်ထားရပြီး အချို့ဆိုင်များမှာ Network Game ကစားနိုင်ရန် ပြောင်းလဲ စီစဉ်ပေးထား ကြသည်။ နှစ်ပတ်ကျော် ကြာမြင့်နေပြီဖြစ်သည့် Backbone Fiber-Optic SEA-ME-WE3 ပြင်ဆင်မှု ကာလအတွင်း အင်တာနက် ကဖေးဆိုင်များ ဝင်ငွေလျော့ကျလျက်ရှိကြောင်း သိရသည်။

source by : http://www.planet.com.mm/news/read.cfm/id/12240

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form