ဒီလိုဖျက်ဆီးရာမှာ ကျောင်းပိတ်ရက်ဖြစ်တာမို့ ကျောင်းသားနဲ့ ကျောင်းသားမိဘတစုံတယောက်မှ ထိခိုက် မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျောင်းက စာသင်ခုံတွေ၊ ဓါတ်ပုံနဲ့ နံရံကပ်ပိုစတာတွေကိုတော့ ရိုက်ချိုးဖျက်ဆီး သွားပါတယ်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ယခု မီးရှို့ခံရသော ကျောင်းအနီးက ၀ါးတော ရပ်ကွက်မှ မြန်မာ အလုပ်သမား ၂၀၀ ကျော် နေထိုင်တဲ့ တဲအိမ် ၈၀ ခန့် ကိုယ့်တဲအိမ် ကိုယ်ဖျက်ပြီး ထွက်ပြေးခဲ့ရပါတယ်။
ယခုလ ၂၂ ရက်နေ့က ၀ါးတောနှင့် ငှက်ပျောတော ရပ်ကွက်က တဲအိမ် ၂ လုံးကိုလည်း ထိုင်းနယ်ခြားစောင့် စစ်တပ်တွေကပဲ မီးဝင်ရှို့ခဲ့ပါသေးတယ်။
အဆိုပါ အခင်းဖြစ်ပွားနေတဲ့ မဲဆောက်မြို့နဲ့ ၄၄ကီလိုမီတာဝေးတဲ့ ဖုတ်ဖရမြို့နယ် ပတ်ဝန်းကျင်က မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ နေထိုင်ပြီး ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ဒီနေ ရာတွေကို ထိုင်း နယ်ခြားစောင့် တပ်တွေက မြန်မာ အလုပ်သမားတွေကို ဆက်လက် နေထိုင်ခွင့် မပေးတော့ပဲ မောင်း ထုတ်ထားတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။
အထူးသဖြင့် ထိုင်းအလုပ်သမားတွေ မလုပ်ချင်တဲ့ခက်ခဲကြမ်းတမ်းတဲ့အလုပ်၊ ညစ်ပတ်တဲ့အလုပ်၊ အန္တရာယ်ရှိတဲ့ အလုပ်တွေထဲက စိုက်ပျိုးရေးနဲ့ မွေးမြူရေး အလုပ်တွေကို ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ ဒေသအလိုက် တနေ့ လုပ်အားခ ၁၅၁ ဘတ်မရရှိဘဲနဲ့ (၅၀- ၆၀- ၇၀- ၈၀-) စသည်ဖြင့် မြန်မာအလုပ်သမားတွေ လုပ်ကိုင် နေရတဲ့ ဒေသဖြစ်ပါတယ်။ ၄၄ ကီလိုမီတာကျေးရွာ တရွာထဲမှာပင် မြန်မာ အလုပ်သမား ၁၀၀၀၀ လောက်ရှိပြီး ဖုတ်ဖရား မြို့နယ်တခုလုံးမှာတော့ မြန်မာအလုပ်သမား ၇၀၀၀၀ လောက်ရှိကြောင်း၊ ၈၃ ကီလို မီတာ ကျေးရွာနဲ့ ပခါးမိုင် ကျေးရွာ နှစ်ရွာထဲမှာပဲ တနေ့ လုပ်အားခ ၁၀၀ ဘတ်ရရှိကြောင်း မြန်မာပြည်သားများ အရေးပူးတွဲ လှုပ်ရှားမှု ကော်မတီက သုံးသပ်ဖော်ပြထားပါတယ်။
(မြန်မာပြည်သား)