No title

ကြားဖြတ်သတင်း

တပ်မတော်နေ့က ဖွင့်လှစ်ခဲ့တဲ့ တွံတေးမြို့က မြို့မိမြို့ဖ ဦးကျော်တင့်ပိုင် ဧရာဟော်တယ်မှာ နိုက်ကလပ် ဖွင့်နေတဲ့ အတွက် မြို့ခံ သံဃာတော်တွေနဲ့ ဒကာ ဒကာမ တွေက ပဌာန်းရွတ်ပြီး သာသနာ့နယ်မြေ ကနေ ဖယ်ရှားပေးဖို့ ဆန္ဒထုတ်ဖေါ်နေပါတယ်၊ တွံတေးမြို့က အများပိုင်မြေနေရာမှာ ဟော်တယ် ဆောက်တဲ့အတွက် ဆရာဒကာ ပူးပေါင်း ကန်ကွက်၍ ပဌာန်းရွတ်ရွတ်ဖတ်နေကြပါတယ်။

ဒီဟော်တယ်ဟာ ဘုရင်နောင်တိုးချဲ့ကွက်သစ်က ဆံတော်လေးစေတီအနားမှာတည်ရှိတာဖြစ်ပြီး သာသနာ့ နယ်မြေဖြစ်တဲ့အတွက် မြို့ခံသံဃာတွေနဲ့ ဒေသခံတွေက မကျေမနပ်ဖြစ်လို့ ခုလို ကန့်ကွက် ရတာဖြစ်တယ်လို့ သိရပါတယ်။

ခုပြုလုပ်နေတဲ့ ပဌာန်းပွဲမှာ သံဃာတော် ၆ပါး ရွတ်ဖတ် နေပြီး ဒကာဒကာမ ၁၀၀နီးပါး တရားနာရင်း ကန့်ကွက် နေပြီး လက်ကိုင်ထုတ် ၃၀ လောက်ကလည်း အချွန်နဲ့မရန် စောင့်ကြည့်နေကြောင်း နောက်ဆုံး ၀င်လာတဲ့ သတင်းအရ သိရသည်။

သတင်းအပြည့်အစုံဖတ်ရန်...

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form