အထက်ပါ ပြုလုပ်ချက်များနှင့်စပ်လျှင်းပြီး နအဖ စစ်အာဏာရှင်တစုမှ အထက်ပါ အဖွဲ့အစည်းများအား ပုတ်ခတ် ဝေဖန်ခြင်းများနှင့်အတူ ကျွန်ုပ်တို့အဖွဲ့ဝင်များအားလည်း ပြည်ပနှင့်ဆက်သွယ်သည်ဆိုကာ ပုတ်ခတ် ဝေဖန် စွတ်စွဲလာမည်မှာ အသေချာပင်ဖြစ်ပါသည်။ ထို့ကြောင့် ၄င်းရက်မှာပင် ကျွန်ုပ်တို့ အဖွဲ့မှ အီးမေးလ် အင်တာနက် များမှ တဆင့် ရရှိသော ထုတ်ပြန် ကြေငြာချက် များကို ဖတ်ပြီး မှန်သည်။ လုပ်သင့် လုပ်ထိုက်သည် ထင်ပြီး လုပ်ဆောင်ခြင်း သာဖြစ်ပြီး မည်သူတဦးတယောက်ရဲ့ မြှောက်ပေးမှု့၊ အားပေး ကူညီမှု့များ အလျင်း မရှိကြောင်း နှင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ကိုလည်း ရေးသားပြီး ဖြန့်ဝေခဲ့ပါသည်။
မည်သည့်စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။
လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ