ရန်ကုန်မြို့သားများ သောက်ရေသန့်ကိုပင် ချိုးရေ အဖြစ် သုံးစွဲနေရ


လူကြီးမင်းများက ပွဲခံနေသော်လည်း ရန်ကုန်ရေပြဿနာက လူမှုရေး ပေါက်ကွဲမှုဆီ တွန်းပို့နိုင်
ဓာတ်ပုံ - ကြေးမုံ

ယူကွန် | ရန်ကုန်မြို့တွင် မီးမလာသည့် အတွက် ရေတင်၍ လုံးဝမရ ဖြစ်နေသည်မှာ တစ်လခန့် ကြာမြင့်နေပြီ ဖြစ်သော်လည်း ထိုကိစ္စ အတွက် လမ်းသူလမ်းသားများမှာ ကိုယ့်အားကိုယ် ကိုး၍ပင် ဖြေရှင်း နေရသည်။ ရန်ကုန်မြို့လယ်တွင်မူ ရေတင်၍ မရပါက ရပ်ကွက်များ ကဲ့သို့ ရေစည်လှည်းနှင့် ရေထမ်းသမား ခေါ်၍ မရသောကြောင့် ရေသန့်ဗူးမှ ရေကိုပင် ချိုးရေ အဖြစ် သုံးစွဲနေကြရသည်။ မြို့ထဲရှိ အချို့ အိမ်များကမူ ရေသည် ဗောက်ဆာကားကြီးများ ခေါ်ယူ၍ ဖြည့်ကြရာထို ကားများမှာ တစ်စီးလျှင် တစ်သောင်းမှ နှစ်သောင်းထိ အကွာအဝေးပေါ် မူတည်၍ ပေးရသည်။ ရပ်ကွက်များတွင်မူ ရေတစ်ထမ်းလျှင် ၁၀၀ ကျပ် ရေတစ်စည်လျှင် ၅၀၀ ကျပ်စသည်ဖြင့် ရပ်ကွက်တွင်း ရေတွင်းရေကန် အနည်းအများကို မူတည်၍ ဈေးနှုန်းကွာဟသည်။ မြို့ထဲ ၂၅ လမ်းတွင် နေသူ တစ်ဦးက “ကျွန်မတို့ လမ်းထဲမှာ ဈေးရှိတော့ ရေသယ် ကားတွေ ၀င်လို့ မရဘူးလေ ရေသန့် ဗူးကြီးတွေပဲ တစ်လုံး၅၀၀ နဲ့ ၀ယ်ချိုးရတယ်” ဟုပြောသည်။ လျှပ်စစ် ဓာတ်အားပေး ဌာနမှ ၀န်ထမ်းများ သည်လည်း ပြည်သူများက ညိုညင်မည်ကို စိုးသောကြောင့် ယူနီဖောင်း ၀တ်ဖြင့်ပင် လမ်းမလျှောက်ရဲဟု သိရသည်။

source by : http://longwalktofreedom.wordpress.com/

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form