ရ၀တ ရုံးများက ဆယ်တန်းစာမေးပွဲဖြေရန်အသံချဲ့စက်ဖြင့်နှိုးဆော်

ဆယ်တန်းစာမေးပွဲဖြေဆိုကြမည့်ကျောင်းသားများအနေဖြင့် မတ်လ၁၁ရက်နေ့ တွင်ကျင်းပမည့် ဆယ်တန်း စာမေးပွဲအား စိတ်အား ထက်သန်စွာဖြင့် ဖြေဆိုကြရန် မြို့ နယ် ရ၀တ ရုံးများမှ အသံချဲ့စက်ဖြင့်မတ်လ၈ရက်နေ ညကတည်းက လိုက်လံကြေညာနေသည်ဟု သိရသည်။

မြောက်ဥက္ကလာ ဌ ရပ်ကွက်ရှိ ရ၀တ ရုံးကမူ ကျောင်းသားများဆယ်တန်း စာမေးပွဲဖြေဆို ကြရန်နှင့် အိမ်တွင် မီးမလာပါက ရ၀တရုံးတွင် စာလာကျက်နိုင်ကြောင်းကြေငြာသွားသည်ဟုဌ ရပ်ကွက်နေတစ်ဦးက Freedom News Group ပြောသည်။

ဆယ်တန်းစာမေးပွဲနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင်လှုပ်လှုပ်ရှားရှားဖြစ်နေပြီး အမည်မဖေါ်လိုသော အထက ၁ ဒဂုံ မှ ဆရာမ တစ်ဦး ကလည်း “၀န်ကြီး(ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်း ကိုပြောခြင်း ဖြစ်သည်)ရုံး ကတော့ ဖြေတဲ့လူတွေ အကုန်အအောင်ပေးမယ်လို့ သတင်းထွက်လာတယ်”ဟုပြောသည်။

ယခုနှစ် တစ်နိုင်ငံလုံးတွင် အထက်တန်းစာမေးပွဲဖြေဆိုကြမည့်ကျောင်းသားများအနက် ရန်ကုန်မြို့ရှိကျောင်းသားများမှာ လျှပ်စစ်မီး မလာသောကြောင့် စာမေးပွဲကိုသပိတ်မှောက်ရန် စိတ်အားထက်သန်လျှက်ရှိသည်။

ဒဂုံမြို့ သစ် ၄၆ရုံးကလည်းစာလာကျက်ရန် လော်စပီကာဖြင့် နှိုးဆော်သော်လည်း မည်သည့် ကျောင်းသားမှ စာသွားကျက်သည်ကို မတွေ့ ရကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦး ကဆိုသည်။

source by : http://longwalktofreedom.wordpress.com/

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form