မျိုးချစ်တပ်မတော်သားများ ၊ ပြည်သူ့ရဲများ၊ ၀န်ထမ်းများ ၊ တောင်သူလယ်သမားများအား စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရန်အတွက် နောက်ဆုံးတိုက်ပွဲတိုင်းတွင် တက်ကြွသော အဖွဲ့အစည်းများ၊ လူငယ်များနှင့်အတူ ပူးပေါင်း ပါဝင်ရန် အတွက် စည်းရုံးခြင်း၊ ဆော်သြခြင်းများ ရေးသားထားသည့် မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ချုပ်နှင့် ပြည်ထောင်စု လူ့အခွင့်အရေး ကောင်စီမှ ထုတ်ပြန်ကြေငြာသည့် “တပ်မတော်သားများသို့ အိပ်ဖွင့်ပေးစာ” အားလည်းကောင်း၊ Burma Democratic Colcerl (အင်္ဂလန်)မှ ထုတ်ပြန်ကြေငြာသည့် ဖေဖေါ်ဝါရီ (၂) ရက်နေ့ ၊ ၂၀၀၉ ခုနှစ်တွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသော အချက်(၄) ချက်အား ပြည်သူလူထုတရပ်လုံးမှ ပူးပေါင်းပါဝင် တောင်းဆိုရန် နှိုးးဆော်ထားသော ထုတ်ပြန် ကြေငြာချက်အား လည်းကောင်း၊ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာအဖွဲ့မှ (၆၄) ကြိမ် မြောက် တော်လှန်ရေးနေ့တွင် မည်သည့်လှုပ်ရှားမှု၊ မည်သည့် အဖွဲ့အစည်းများနှင့် မဆို စစ်အာဏာရှင် ဆန့်ကျင်ရေးတိုင်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် နှိုးဆော်ထားသော ထုတ်ပြန် ကြေငြာချက်များကို လည်းကောင်း ဖြန့်ဖြူးခဲ့ကြပါသည်။
ထို့အပြင် တော်လှန်ရေးနေ့ ပို့စကဒ်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ ကိုမျိုးရန်နောင်သိမ်း၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်နှင့် လူထုတရပ်လုံးအတွက်စတေးခံ အကောင်းဆုံး မြေသြဇာအဖွဲ့ (ခ)ဒေါင်းမာန်ကို စတင်ဖွဲ့ စည်းတည်ထောင်ခဲ့သူ ကိုအောင်သန်းတို့နှင့် မြန်မာနိုင်ငံမြေပုံ ပါဝင်သော နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ ချက်ခြင်းလွှတ်ရန် တောင်းဆိုသည့် ပို့စကဒ်များကိုလည်း ဖြန့်ဖြူးခဲ့ကြပါသည်။
လူထုတရပ်လုံးအတွက်စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ ။