မြောက်ဥက္ကလာပတွင် ဗုံးပေါက်ကွဲ

တင်ကျော်ကျော်စိုး | စစ်အစိုးရ က တပ်မတော်နေ့ ဟု သုံးနှုန်းသော ဖက်ဆစ်တော်လှန်ရေး နေ့  ကျင်းပရန် တစ်ရက် အလိုတွင် ရန်ကုန်ဉ် လုံခြုံရေးများ တင်းကျပ်စွာချထားပြီး ဧည့်စာရင်းများ ညစဉ်ဆိုသလို စစ်ဆေး နေသော် လည်း ယနေ့ ညနေ ၅ နာရီ အချိန်ခန့် က မြောက်ဥက္ကလာ သုဓမ္မာ လမ်းရှိ တော်ဝင်နန်းအဆင့်မြင့် တည်းခိုခန်းတွင် ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ထိုပေါက်ကွဲ မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဗုံးပေါက်ကွဲ မှုဖြစ်ရာတည်း ခိုခန်းသို့  ချက်ချင်းပင် ရဲကားများနှင့် သက်ဆိုင်ရာအာ ဏာပိုင်များရောက်ရှိလာပြီး ရှာဖွေစစ် ဆေးမှုများ ပြုကာတည်းခိုခန်းတွင် တည်းခိုနေသူ အားလုံးအား မြောက်ဥက္ကလာပ သို့မဟုတ် အောင်သပြေ စစ်ကြောရေးစခန်းသို့ ခေါ်သွားပြီးထပ်မံ စစ်ဆေးမှုများ ပြုလုပ် နေသည်ဟု သိရသည်။

ဗုံးပေါက်ကွဲ မှုကြောင့်သေဆုံးခဲ့သူ မှာ ပခုက္ကူမြို့ မှ ဖြစ်ပြီး ဒဏ်ရာရထားသော အမျိုးသမီး နှစ်ဦးကို အရေးပေါ် လူနာတင် ယာဉ်ဖြင့် ခေါ်ဆောင်သွားသည် ဟု မျက်မြင်တွေ့ ရသူများက Freedom News Group သို့ ပြောသည်။

ယခု ဗုံးပေါက်ကွဲ မှုမှာ ၂၀၀၉ ခုနှစ် အတွင်း နှစ်ကြိမ်မြောက် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး တစ်လ အတွင်း နှစ်ကြိမ်မြောက် ပေါက်ကွဲ ခြင်းလည်း ဖြစ်သည်။ပထမ တစ်ခါ ပေါက်ကွဲစဉ် က မတ်လ ၄ရက် ည ကိုးနာရီ ခွဲ နှင့် ၁၁ နာရီ တို့တွင် မြေနီကုန်း ပဒုမ္မာ ပန်းခြံ နှင့် ကမာရွတ် လှည်းတန်း တို့တွင် ဖြစ်သည်။

ယနေ့  ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြောက်ဥက္ကလာ ခြောက်ကွေ့  နှင့် နှစ် ဈေးအနီးတို့ တွင် မော်တော်ကား အချို့အား ရပ်တန့် ရှာဖွေမှုများ ပြုခဲ့ပြီး ခရီးသည်တင် စက်ဘီး ကယ်ရီ သမားများအား မြောက်ဥက္ကလာ ရဲစခန်းမှ ဖမ်းဆီးမှုပြုခဲ့သည်။

source by : http://longwalktofreedom.wordpress.com/

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form