နိုင်ငံရေးသမားလူထွက်ဝါရင့်စာနယ်ဇင်းသမားတစ်ဦးဖြစ်သူကမူ၉၀ရွေးကောက်ပွဲထက်၁၀ဆသာ လိမ့်မယ်ဆိုတဲ့ သဘောအနေနဲ့ ကိုးဆယ်ဆသာလိမ့်မယ် ဇာတ်ကားကို ဆုပေးရခြင်း ဖြစ်ကြောင်းသုံးသပ် ပြောဆိုခဲ့သည်။
မြောက်ဥက္ကလာမှကျူရှင်ဆရာဦးရဲနွယ်ကမူ“ဒေါ်စုနာမည်ကပေါင်းရင်ကိုးရတယ်၊သန်းရွှေက တစ်ဆယ်ရတယ်” သဘောကတော့ ကိုးကိုတစ်ဆယ်က သာမယ်ဆိုတဲ့ အနေနဲ့ပေးတာ၊ ဇာတ်သဘောက တော့ဗီဒီယိုကား တွေလောက်တောင် မက်မောစရာ မရှိဘူးဟု သုံးသပ်ပြောဆို ခဲ့သည်။ ဧကံသဗျာ ကရဏဗေဒ ဂိုဏ်းဝင် ဗေဒင်ဆရာ တစ်ဦးကလည်း“မိန်းမတွေကို နာမ်နှိမ်လိုက်တာဗျ စင်ပေါ်မှာ ဆုယူဖို့ မတက်ရဘူးဆိုတဲ့ သဘောပဲ”ဟုပြောသည်။
မူလက ယခုနှစ်တွင် ဆုရွေးချယ်ချီးမြှင့်စရာဇာတ်ကားများ နည်းသောကြောင့် နောက်နှစ်မှ စုပေါင်းချီးမြှင့်မည်ဟု သတင်းထွက်ခဲ့ သော်လည်း တပ်ချုပ်ကြီး၏ အမိန်ံအရ ဖုတ်ပူမီးတိုက် စီစဉ်ရခြင်းဖြစ်သည်ဟု ဆိုသည်။
Tags
မျှဝေခြင်း