လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု ထပ်မံပြုလုပ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ကြေညာချက်ဖြစ်သော
"ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား များအား ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် တိုင်းသူပြည်သားများက ၀ိုင်းဝန်းထောက်ခံကြရန်" -
ဟူသော တောင်းဆိုချက်ကို ထောက်ခံသော အားဖြင့်လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာအဖွဲ့ မှ လှုပ်ရှားမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ၊ နအဖအာဏာရှင်များ၏ ခြိမ်းခြောက် စောင့်ကြည့်မှုအား အလေးမမှုဘဲ နောက်ထပ် လှုပ်ရှားမှုတစ်ရပ်အား ထပ်မံပြုလုပ် ခဲ့ပါသည်။ လူထုတစ်ရပ်လုံး အတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ ၏ ထပ်မံ လုပ်ဆောင်သောလှုပ်ရှားမှုမှာ ယမန့်နေ့ကမန္တလေးမြို့ ကျူံးပတ်ပတ်လည် လမ်းများတွင် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး တောင်းဆို တိုက်ပွဲနှင့် ပတ်သက်သော ပို့ စကတ်များနှင့် စာရွက်စာတမ်းများ ထပ်မံဖြန့် ဝေခဲ့ခြင်း ဖြစ်ပါသည်။

လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ ထုတ်ပြန်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ထောက်ခံကြေညာချက်၊ မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့မှ ထုတ်ပြန်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ထောက်ခံ ကြေညာချက်နှင့် လူထုတစ်ရပ်လုံးအတွက်စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ ထုတ်ဝေသည့် "နိုင်ငံရေး အကျဉ်းသားများ အားလုံးချက်ချင်းလွှတ်" ပို့စကတ် များအား မန္တလေးမြို့  ကျူံးအရှေ့ ဘက်လမ်းများ (ဓါတ်ပုံ - ၁ နှင့်  ၂)၊ မန္တလေးမြို့  ကျူံးမြောက်ဘက် လမ်းများ (ဓါတ်ပုံ - ၃)၊ မန္တလေးမြို့  ကျူံးတောင်ဘက်လမ်းများ (ဓါတ်ပုံ - ၄) နှင့် မန္တလေးမြို့  ကျူံးအနောက်ဘက် လမ်းများ (ဓါတ်ပုံ - ၇) နေရာများတွင် ဖြန့် ဝေခဲ့ပါသည်။ထို့အပြင် မန္တလေး ဘူတာကြီး အနီးရှိ ပန်းခြံတစ်ဝိုက် (ဓါတ်ပုံ - ၆) တွင်လည်း အဆိုပါ ပို့ စကတ်များ စာရွက်စာတမ်းများအား အများပြည်သူများ သိရှိစေရန် ဖြန့် ဝေခဲ့ပါသည်။

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကျယ်ကြည့်နိုင်ပါသည်။

ထိုကဲ့သို့  လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ ဖြန့် ဝေခဲ့သော ပို့ စကတ်များနှင့် စာရွက်စာတမ်းများအား ဈေးသည်များ၊ လမ်းသွားလမ်းလာပြည်သူများနှင့် ကျူံးပတ်လည် တစ်ဝိုက် စက်ဘီးစီးသူများမှ တွေ့ ရှိကာ ဖတ်ရှူကြပြီး ကျေနပ်အားရ ၀မ်းသာပီတိ ဖြစ်နေခြင်းအား တွေ့ ရှိရပါသည်။လူထု တစ်ရပ်လုံး အတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ အဆိုပါ ပိုစကတ်များ နှင့် စာရွက် စာတမ်းများအား ဖြန့်ဝေခဲ့ရုံသာမက လူအများမြင်နိုင်သည့် နေရာများတွင်လည်း ကပ်ခဲ့ကြရာ နအဖလက်ပါးစေ နယ်ထိန်း ရဲများနှင့် ရ၀တများမှ လိုက်လံဖြုတ်သိမ်းနေခြင်းအားလည်း တွေ့ ရှိရပါသည်။ လိုက်လံ ဖတ်ရှူနေသည့် သူများအားလည်း အဆိုပါ ရဲများ ကြံ့ဖွတ်အဖွဲ့ ဝင်များမှ လိုက်လံ ကြိမ်းမောင်းကာ မောင်းထုတ်လျက် ရှိပါသည်။

အချို့ သောပြည်သူများမှာ မိမိတို့ တွေ့ ရှိသော အဆိုပါ ပို့ စကတ်များနှင့် စာရွက်စာတမ်းများအား တိတ်တဆိတ် ပုန်းဝှက်ကာ သယ်ဆောင် သွားကြပါသည်။အဆိုပါ လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ နှင့် အခြားသော အာဏာရှင်
ဆန့်ကျင်ရေး အင်အားစုများ၏ လှုပ်ရှားမှုများကြောင့် မန္တလေးမြို့  ခရိုင်ရဲမှူးတစ်ဦးမှာ နယ်ထိန်း ရဲများအား ဒေါသဖြင့် ထိုးကြိတ်ကာ ဒေါသူပုန်ထ နေကြောင်း သိရှိရပါသည်။လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ အနေဖြင့် နအဖအာဏာရှင်အား ဆက်လက်ဆန့် ကျင်တိုက်ပွဲဝင်သွားမည်ဖြစ်ပါသဖြင့် ပြည်သူလူထုအနေဖြင့် မိမိတို့  တတ်နိုင်သည့် အခန်းကဏ္ဍမှ ပူးပေါင်းပါဝင် လှုပ်ရှား ပေးကြပါရန်ကိုလည်း အထူးတိုက်တွန်းနှိုးဆော်အပ်ပါသည်။

လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ ။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form