(၂၀၀၉) ခုနှစ်၏နိဒါန်း ပြည်သူ့တိုက်ပွဲခေါ်သံတစ်ခုလည်း ဖြစ်သည်။ ၎င်းဆန္ဒပြပွဲ တွင် လူအင်အား (၅၀) ကျော် ပါဝင်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) မလေးရှားမှ ထုတ်ပြန်သော “ အထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေးနှင့် စစ်မှန်သော လွတ်လပ်ရေး တောင်းဆိုဆန္ဒပြပွဲ အထူးကြေညာချက်” ကို အတွင်းရေးမှူး ကိုအောင်ကျော်ဆက်နှင့် နိုင်ငံခြားရေးရာ ကိုစောခွန်မှိုင်းတို့မှ ဖတ်ကြားသည်။ ဥက္ကဌ ကိုကျော်ကျော်မှ မြန်မာသံရုံးသို့ ၎င်းကြေငြာချက်ကို ပေးပြီး အဖွဲ့ဝင်များမှ ကြွေးကြော်သံများ ကြွေးကြော်ကြသည်။ မလေးရှား အာဏာပိုင် လုံခြုံရေးရဲအဖွဲ့များ အင်အားထူထပ်စွာ စောင့်ကြပ်နေသည့်ကြားမှ ဆန္ဒပြပွဲကို နံနက်(၁၀)နာရီကျော်တွင် စတင်ပြီး (၁၁)နာရီတိတိတွင် အဆုံးသတ်၍ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြသည်။
အထူးကြေညာချက်တွင်ပါဝင်သော တောင်းဆိုချက်များမှာ -
၁။ ၉၀ ခုနှစ်ရွေးကောက်ပွဲရလာဒ် အကောင်အထည်ဖော်ရေး၊
၂။ စစ်မှန်သောတွေ့ဆုံဆွေးနွေးမှုဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊
၃။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်တို့နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေး တို့ ဖြစ်သည်။