လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ ရန်ကုန်မြို့ အနော်ရထာလမ်း၊ ကျောက်တံတားနှင့်လမ်းသုံးဆယ်၊ ဦးသန်းအောင်နှင့်သားများ ပုံနှိပ်တိုက် ဘေးလှေကားများပေါ်တွင် မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချူပ်မှ ထုတ်ပြန်ချက်များအား ကပ်ခဲ့ကြောင်း သိရှိရပါသည်။ ရန်ကုန် မြို့ ဗိုလ်တထောင်လမ်းနှင့် ကမ်းနားလမ်းတလျှောက်တွင်လည်း လမ်းပေါ်တွင် ကြဲချ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
စာရွက်တွင် ပါရှိသောစာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်မှ အရေးပေါ်ထုတ်ပြန်ကြေညာချက်၊
မတရားမူ မှန်သမျှကို ဆန့်ကျင်ကြ။
မကွေးတိုင်း မြိုင်မြို့နယ် နှောပင်ရေနံမှော်ဒေသမှာ အဓမ္မသိမ်းပိုက်ခံရတဲ့ ရေနံထွက်ခြံမြေနဲ့ ပါတ်သက်ပြီး ရိုးသားစွာ ဆန္ဒထုတ်ဖေါ်ပြကြတဲ့ ရွာသူရွာသားတွေကို စစ်တပ်က ဝင်ရောက်အကြမ်းဖက်နိမ်နင်းတဲ့ အတွက် ဒေသခံ ရွာသူတဦး သေနတ်ထိမှန်သွားပြီး ရွားသား (၂၀)ကျော်ကိုလည်း အတင်းဖမ်းဆီးသွားခြင်းနဲ့ စပ်လျှင်းပြီး အခုလို အရေးပေါ် ထုတ်ပြန်ကြေငြာခြင်း ဖြစ်သည်။
ဒီလို အလားတူဖြစ်ရပ်မျိုးတွေ လယ်မြေအသိမ်းခံရတဲ့ တောင်သူလယ်သမားတွေ တနိုင်ငံလုံးမှာ ထောင်နဲ့ချီပြီး နအဖ စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ ခါးစီးပြီးခံစားနေကြရတယ်။ လယ်ယာမြေ အိမ်ခြံမြေ တွေ အသိမ်းခံရတဲ့ တောင်သူလယ်သမားတွေ ရွာသူရွာသားတွေက တရားနည်းလမ်းကျကျ တိုင်ကြားကြ ပေမဲ့လည်း သက်ဆိုင်ရာ အာဏာပိုင်တွေက အရေးမယူတဲ့အပြင် တရားသဖြင့် တိုင်ကြားတဲ့သူတွေကို ခြိမ်းခြောက်ခြင်း၊ ဖမ်ဆီးချုပ်နှောင်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်းတွေ အမြဲတမ်းလိုလို ဖြစ်နေခဲ့ပါတယ်။
ဒီလိုဖြစ်ရပ်တွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွာသူရွာသားတွေ တောသူတောင်သားတွေ ဒုက္ခအတိနဲ့ ခံစားနေရချိန်မှာ ကေါင်းကျိုးခံစားသွားတဲ့ သူတွေကတော့ နအဖ စစ်အုပ်ချုပ်ရေးယန္တရားကို အတင်းအဓမ္မ မတရားမောင်းနှင်နေကြတဲ့ လက်တဆုတ်စာ စစ်ဗိုလ်ချုပ်တစုနဲ့ ၄င်းတို့ရဲ့ အပေါင်းအပါတွေဖြစ်တဲ့ စီးပွါးရေးသမားတွေ ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေနဲ့ သက်ဆိုင်ရာ စစ်တပ်အကြီးအကဲတွေက တောင်သူလယ်သမားများနဲ့ ရွာသူရွာသားတွေဟာ - တောမှာနေရတယ်၊ အဖိအနှိပ်ခံတွေဘဲဆိုပြီး အာဏာပိုင်တွေက သူတို့လုပ်ချင်သလို တိုင်းပြည်နေရာအနှံအပြားမှာ စိတ်ထင်တိုင်း လုပ်နေလာခဲ့တာတွေကို ဒီနေ့ကစပြီး မတရားမှု မှန်သမျှကို ဆန့်ကျင်ကြပြီး တွန်းလှန်းကြဘို့ တိုင်တွန်းနှိုးဆော်ခြင်း ဖြစ်ပါတယ်။
- တရားမဝင်တဲ့ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ သူတို့ကိုယ်တိုင် လိုက်နာခြင်းမရှိတဲ့ စည်းကမ်းတွေ ဥပဒေတွေကို ဒီနေ့ကစပြီး ဘာမှ လိုက်နာစရာ မလိုဘူး။
- သူတို့တတွေဆီမှာ အသနားခံစာတင်တာတွေလည်း လုပ်စရာ မလိုဘူး။
- ရရာနည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကြ၊ လျှို့ ဝှက် လုပ်ဆေါင်ကြ။
- မိမိတို့ ရွာသူရွာသား နယ်သူနယ်သားအချင်းချင်း စည်းလုံးကြ။
- စစ်အစိုးရ အကြိုက်ဆောင် သတင်းပေး ရွာလူကြီးတွေကို ချေမှုန်းကြ။
အရေးတော်ပုံ အောင်ရမည်။
ဗဟိုနိုင်ငံရေး ဦးဆောင် အဖွဲ့ 
မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ ချုပ်၊

နေ့ စွဲ၊ ၁၃ ၊ ဇန်န၀ါရီလ၊ ၂၀၀၉ ခုနှစ်။