အိုဘားမား၏ အဖိုးဖြစ်သူ မြန်မာနိုင်ငံရောက်ခဲ့

သတင်း မဇ္ဈိမ | ချင်းမိုင်။ ။ ရွေးကောက်ခံထားရသော အမေရိကန်သမတ ဘားရက် အိုဘားမား၏ အဖိုးဖြစ်သူသည် မြန်မာနိုင်ငံသို့ ဒုတိယ ကမ္ဘာစစ်အတွင်းက ရောက်ခဲ့ဖူးသည်ဟု တိုင်းမ်သတင်းတရပ်အရ သိရသည်။

ဟူစိန် အွန်ယန်ဂို အိုဘားမားသည် ဗြိတိန်စစ်တပ်တွင် အရာရှိများအတွက် ထမင်းချက်အဖြစ် အမှုထမ်းရင်း မြန်မာနိုင်ငံ စစ်မြေပြင်သို့ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

ကင်ညာနိုင်ငံသား စစ်သားကြီးသည် မိခင်နိုင်ငံ ကိုလိုနီ နယ်ချဲ့အောက်မှ လွတ်မြောက်ရေးအတွက် ပုန်ကန်နေသော ကင်ညာသူပုန်များကို အကူအညီပေးခဲ့မှုဖြင့် ဗြိတိန်စစ်တပ်၏ ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသေးသည်ဟု ဒီဇင်ဘာ ၃ ရက်နေ့ နေ့စွဲတပ် တိုင်းမ်အွန်လိုင်းသတင်းက ဖော်ပြထားသည်။

မော်ဝ်မော်ဝ် သူပုန်ထမှုဟု အမည်တွင်လာသည့် လွတ်လပ်ရေးတိုက်ပွဲဝင် ကီကူယူ ဗဟိုအဖွဲ့အစည်းကို သတင်းအချက်အလက်များ ပံ့ပိုးကူညီမှုကြောင့် သူကို ၁၉၄၉ ခုနှစ်တွင် ဖမ်းဆီးခဲ့ပြီး ၂ နှစ်တာ ထောင်ချထားခဲ့သည်။ ထောင်ကျနေစဉ်အချိန်တွင်း ဆိုးရွားသော ညှင်းပမ်းနှိပ်စက်မှုများ ခံခဲ့ရသည်ဟု ပါရှိသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form