မြန်မာပြည်မှာ မနေ့ညက ကြယ်နဲ့လ သာပုံ ထူးဆန်း

မိုးမခ အထောက်တော် (ရန်ကုန်) |


ဓါတ်ပုံ အား ကလစ်နှိပ်၍ အကြီး ကြည့်နိုင်ပါသည်။
ယမန်နေ့ည ရန်ကုန်အချိန် ၆ နာရီခန့်က ကောင်းကင်ယံတွင် လခြမ်းကွေးက ပြုံးနေသည့် နှုတ်ခမ်းဟန်၊ သောကြာကြယ်ကက လက်ဝဲနှင့် ကြာသာပတေးကြယ်က လက်ယာမျက်လုံးများသဖွယ် ကောင်းကင်က ငုံ့ကြည့်နေသည့် ပုံစံ ဖြစ်နေသဖြင့် မြန်မာတို့ အိမ်ပေါ် လမ်းမများပေါ်ထွက်ကြည့်ကြပြီး အံ့သြ ငေးမောကြသည် ဆိုသည်။ တချို့က ပြုံးနေသည့် မျက်နှာသဏ္ဍာနှင့် ကောင်းကင်ကို ကြည့်ပြီး ထိတ်လန့်ကြသလို တချို့က စိတ်ချမ်းသာမိကြောင်း ထုတ်ဖော်ပြောဆိုသည်။

“ အာရှတိုက်က နိုင်ငံကြီးတွေမှာ အပူမီးတွေ တိုက်နေတာ၊ ကပ်ဆိုက်နေတာကြောင့် ဒီ ၂၀၀၈ တခုလုံးကို ပြည်သူတွေ ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းကြရတယ်လေ။ အိန္ဒိယမှာ အကြမ်းဖက်သတ်ဖြတ်ကြတယ်၊ ထိုင်းမှာ အာဏာပိုင်တွေနဲ့ လူထု ထိပ်တိုက်ရင်ဆိုင်ကြတယ်။ မြန်မာပြည်မှာ အပြစ်မဲ့တဲ့ ပြည်သူတွေကို ထောင် နှစ် ၅၀၊ ၆၀ ချပစ်တယ်။ အခု ကောင်းကင်ကြီးက ကြယ်နဲ့လက ပြုံးပြနေတော့ - ကြယ်လေးတွေ ချစ်စရာ အပြာရောင် ကောင်းကင်မှာ ဆိုတဲ့ သီချင်းကို သတိရမိတယ်။ စိတ်ချမ်းသာမိတယ်။” လို့ တယောက်က ပြောပါတယ်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form