ဘုံဘေအကြမ်းဖက်မှု အဆုံးမသတ်သေး

သတင်း မိုးမခ | အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွမ်ဘိုင်း (ဘုံဘေ)တွင် ယမန်နေ့ညက စတင်ခဲ့သည့် ဗုံးခွဲ၊ ပစ်ခတ်မှု များကြောင့် အနည်းဆုံး သေဆုံးသူ ၁၀၁ ဦး၊ ဒဏ်ရာရသူ ၂၈၇ ဦး ရှိသွားပြီဖြစ်ကြောင်း အစိုးရ အရာရှိတဦးကို ကိုးကားပြီး အေပီသတင်းတွင် ရေးသားထားသည်။ အကြမ်းဖက်တိုက်ခိုက်သူများက ကမ္ဘာလှည့် ခရီးသည်များ ကျက်စားသည့် နေရာအချို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အနောက်နိုင်ငံသားအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်။ ယမန်နေ့ည (ဗုဒ္ဓဟူးနေ့ည) ၉နာရီခွဲ အချိန်မှ စတင်ပြီး အနည်းဆုံး ၁၀ နေရာတွင် တိုက်ခိုက်မှုများ စတင် ဖြစ်ပွားခဲ့သည်။ Deccan Mujahedeen ဟူသည့် အဖွဲ့က ထိုတိုက်ခိုက်မှုများကို ၎င်းတို့ကစီစဉ်ခဲ့ကြောင်း သတင်းဋ္ဌာနများသို့ အကြောင်းကြားထားသည်။ တိုက်ခိုက်မှုများ ဖြစ်ပွားရာ မွမ်ဘိုင်းသည် ဘုံဘေဟု ထင်ရှားခဲ့သည့် မြို့တော်ဖြစ်သည်။


ရဲ နှင့် စစ်သားများ

အကြမ်းဖက်သမားများဟု ယူဆရသူ သေနတ်သမား နှစ်ဦး၊
တိုက်ခိုက်ခံရသည့် Taj ဟိုတယ် (photos: AP, AFP)
ဓါတ်ပုံများအား ထပ်၍ကြည့်လိုပါက အောက်ပါပုံအား ကလစ် ထပ်နှိပ်ပါ။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form