ခန့် မှန်းထားတဲ့အတိုင်းပါပဲ မြန်မာ့ တပ်မတော်ဟာ လက်နက်မဲ့ သံဃာတွေ ပြည်သူတွေကို သတ်ဖြတ်မှုမှာသာ သူရဲကောင်းကြီး လုပ်နေတာပါ။ လက်နက် ကိုင်ထားသူကိုတော့ ကြောက်ဒူးတုန်သူတွေ သူရဲဘောကြောင် သူတွေဖြစ်ပါတယ်။ ထမိန် ထုတ်တွေရှိရင် မြန်မာစစ်သားတွေကိုပေးနိင်ပြီဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဘင်္ဂလားဒေ့ရှ် ရေတပ်ကို မရင်ဆိုင်ဝံတော့ပဲ ထွက်ပြေးလာပြီ လို့ သိရပါတယ်။ အငြင်းပွားနေတဲ့ ရေပိုင်နက်ကတော့ စိန်မာတင် ကျွန်းအနီး ကနေရာဖြစ်ပါတယ်။ ဒီနေရာက သဘာဝ ဓါတ်ငွေ့တွေ အလွန် ကြွယ်ဝတဲ့ နေရာဖြစ် ပါတယ်။ မြန်မာရေတပ်က စေလွတ်ထားတဲ့ စစ်သဘောင်္နစ်စီး ဟာ ထွက်ပြေး သွားပြီလို့ အမည်မဖေါ်လိုတဲ့ ဘင်္ဂလားဒေ့ရှ် နိင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့် ၀န်ထမ်းတဦးက လွန်ခဲ့တဲ့ ၃၆ မိနစ်ကပဲ အေအက်ဖ် ပီသတင်းဌာန ကို ပြေပါတယ်။
သဘ၀ဓါတ်ငွေ့ ရှာဖွေနေတဲ့  အခြား သင်္ဘော လေးစီးလည်း ကျောက်ဆူး နှုတ်ပြီး တက်သုတ် ရိုက်ထွက်ပြေးဖို့ ပြင်နေပါပြီလို့ အရာရှိကဆက်လက်ပြောပါတယ်။ ထင်ထား သလောက် မဟုတ်ပါဘူး၊ ကျည် တချက်တောင် မဖေါက်လိုက်ရ ပါဘူးပြေးတာပဲ ဗျာ လို့ သူကဆိုတယ်။
ကိုမိုးသီဇွန် ဘလော့ဂ် မှ ပြန်လည် မျှဝေပါသည်။