Homeမျှဝေခြင်း ရန်ကုန်မှာ ဘတ်စ်ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပြီး လူ (၇) ဦး သေဆုံး။ byခွပ်ဒေါင်းမြေ •1:02 PM ရန်ကုန်မြို့ မှာ ဒီနေ့ မနက်စောစော (၂) နာရီခွဲခန့် က ဘတ်စ်ကားတစ်စီးမှာ ပေါက်ကွဲမှုဖြစ်လို့  လူ (၇) ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားကြောင်း သိရှိရပါတယ်။ ပေါက်ကွဲမှု ဖြစ်ရတဲ့အကြောင်းရင်းကတော့ ဈေးသက်သာတဲ့ဂက်စ်ကို လောင်စာဆီအစား အသုံးပြုလို့  ပေါက်ကွဲမှုဖြစ်ရတာလို့  အမည်မဖေါ်လိုတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ရန်ကုန်စက်မှုတက္ကသိုလ်အနီးမှာ ဖြစ်ပွားတာ ဖြစ်ကြောင်းနဲ့  ရန်ကုန်-တိုက်ကြီး ပြေးဆွဲသော ဘတ်စ်ကား ဖြစ်ကြောင်း သိရှိရပါတယ်။ Tags မျှဝေခြင်း သတင်း Facebook Twitter