ပခုက္ကူမြို့ မှာ သက်တော် (၂၇) နှစ်ဘဲ ရှိသေးတဲ့ သံဃာတော်တစ်ပါးကို နအဖလက်ပါးစေတွေက ကြိုးကွင်းနဲ့  ပြစ်ဖမ်းခဲ့ပြီး၊ လမ်းဘေးက ဓါတ်မီးတိုင်မှာ တုတ်နှောင်ပြီး ရိုက်နှက်ခဲ့တာ။ လည်ပင်းက ကြိုးကွင်းအရာ ဒဏ်ရာအမှတ်က သက်သေပြနေပါတယ်။ မြန်မာပြည်သူလူထုတစ်ရပ်လုံး ရိုသေကိုင်းရှိုင်းကြတဲ့ သံဃာတော် တွေကို နအဖတွေက ဒီလိုရိုင်းစိုင်းယုတ်မာခဲ့ကြတာကို မေ့နိုင်ရိုးလား။
သံဃာထုကြီးတစ်ရပ်လုံးနဲ့  ပြည်သူလူထုတစ်ရပ်လုံးကိုတော့ တရားဝင် ၀န်ချတောင်းပန်တာမျိုး မလုပ်ဘဲ၊ တိုးတိုးတိတ်တိတ်နဲ့  လက်ဆောင်လာဘ်လာဘတွေပေးပြီး၊ သံဃာတော်တွေ ဆက်လက်မဆူပူကြဖို့  အေးအေးဆေးဆေးနေကြဖို့  ခြမ်းခြောက်စကားတွေ သွားပြောခဲ့ကြတဲ့ နအဖစစ်ဗိုလ်ချူပ်တွေကိုရော ကျေနိုင်ရိုးလား။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1Rid3Wsz9FONWn5k-gf2lym0W_oTGqiSjIVqy6lwZmXxP2zbutY15iob_1-7L35WDZ-I77-UwKZLCnMFo3JBI2ZzkkBHEEMWlf20lfLTewZfaKJu9rzJzXIHT2F6wK7UlQKcUdzQduaQ/)
(ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်အတွက်)။
(ဓါတ်ပုံ - Burma Truth) ။
ကိုနစ်နေမန်း ဘလော့ဂ် မှ ပြန်လည်မျှဝေပါသည်။
(ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်အတွက်)။
(ဓါတ်ပုံ - Burma Truth) ။
ကိုနစ်နေမန်း ဘလော့ဂ် မှ ပြန်လည်မျှဝေပါသည်။
Tags
မျှဝေခြင်း