အမိမြန်မာပြည်၏ သားမောင်သို့ ပေးစာတစ်စောင်

ရုရှမှ ပညာလာသင်…
အမောင် စစ်သား..သားမောင်များတို့ ..
အမိမြေ၏ သွေး..
သားအမေက မွေး..
သားသည် မြန်မာ ဖြစ်တော့သည်။

သားငယ်စဉ်က အိမ်မက်.
ပြည့်ရန်သူကို တိုက်ဖျက်..
မြေတလက်မ စော်ကားမဲ့သူအတွက်..
ဘာမထီသော..တပ်မတော်သားစစ်သည်
သားလုပ်ရပ်သို့  အမေဂုဏ်ယူသည်။

သို့ ပါသော်ငြား..
သား၏ ခုံလှုံရာ..
အမိမြေ၏ တပ်မတော်သည်..
ဗိုလ်ချူပ် လက်ထက်..ရရာလက်နက်..
ဇာတိမာန်သက်သက်..
တော်လှန်ခဲ့သော.
BIA, BDA, ကဲ့သို့ 
ပြည်သူမှ ဖွဲ့ စည်းထား..တပ်မတော်သားများမဟုတ်။

နာခံရင်ပြီးရော..လူများရင်သာပြီးရော..
ဘုန်းဘောလအော..အချိန်မတော် ညလမ်းပေါ်
ချောဆွဲထားတဲ့ ခလေး စစ်သား။
အဖေ စစ်မျိုး..အိမ်တော်ပါ ကျွန်မျိုး.
ပြည်သူမပါ..သူ့ လူချည်းသာ။

တိုင်းပြည်ကို..ပြောင်းပြန်လှန်
အဆီနဲ့ အသား..အထက် ကစားမယ်..
မစားလို တဲ့အသား..အလယ်အဆင့်က တွယ်ထားမယ်..
ကြွင်းကျန် အရိုးကပ်အသား..အောက်ခြေက ဝါးမယ်..

အဆင့် အဆင့် လက်ဦးသူက ဖိတွယ်ရစ်..
ရှက်တတ်ရင်..အငတ်ခံ.
လက်မသွက် ရင်..အဖျင်းသလဲဘဲကျန်။
ပြည်သူ့ အတွက်ကျ ဘာမှမချန်။

ရာထူးလေး တစ်နေရာ..
ခိုးစားကောင်းမဲ့ နေရာ
အမျိုးများ ကောင်းစားမဲ့နေရာ..
နိုင်ငံခြားသွား ပညာတော်သင်ဖို့ ရာ..
ပေးရတဲ့ လာဘ်..ပြုံးရတဲ့ အပြုံး..
ဘဘ မမ..သူတို့ စိတ်ပျော်သလိုခေါ်ရ..
မယား ခင်ဖုန်း..ကတော်ကြီးကို ဖါးနှိပ်နယ်ဦး

ကိုယ်ထက် ဟိုတစ်ယောက်ပိုပေး..
ကိုယ့်အတွက် နေရမဲ့ ချောင်ကလေး။..
အချင်းချင်း အပြိုင်အဆိုင်..ဖါးမှ..
ဟုတ်ဟုတ် မဟုတ်ဟုတ် တွယ်သာတုတ်။
တရား မတရား. တွယ်သာစား.။
ဘုရားရွှေ ဘုန်းကြီးငွေ။
ဝတ္တကမြေ အစိုးရမြေ။
ဘာမှမချန်..အပြုတ်တွယ်ရန်။
အကုသိုလ်ဆို..ချိုနဲ့လားဟေ့။
မဆင်းခင် အကုန်..နှံ့ စို့ လားဟေ့။

အမှန်က..
ခိုးတာတောင် ဒီလောက်မလွယ်။
တစ်အုပ်စုလုံး..ငတ်ကြီးကျ။
ဆင့်ပါးစပ်ထဲ နှမ်းစေ့ သိပ်မကျ။
လူ၁၀၀ မှာ ကောင်းတာ တယောက်ဘဲရ..

ကံကို..ငွေနဲ့ ဝယ်..
ယောက်ျား ရာထူးတက်ချင်..
ဘဘကြီး အိပ်ယာထဲ..
ကတော်ငယ်လေးက ညညလည်..
ပျော်တော် ဆက်ရတယ်။
ဘဘ မယားကိုချစ်မှ လင်နေရာမြဲတယ်။

ရေများရာရေစု..
ထန်းညက်ခဲ တွယ်နေတဲ့ ပုရွက်ဆိတ်တစ်စု။
အော်..
မင်းခစားဆိုတာ..ကမ်းနားက သစ်ပင်တစ်ခု။

သားမောင်လူလေး..
လူဆိုတာ တယောက်ထဲ မရှင်။..
လူမှု လူ့ အစုအဝေး..
ရန်ကို တူတူကာကွယ်..
ရတဲ့ ပိုင်ဆိုင်ရာ..တရားမျှတစွာ..ဝေရတယ်။

လက်သင့်ရာ စားတော်ခေါ်..
နိုင်ငံတော် ပြည်သူထု ပိုင်ဆိုင်မှု အစုစု
စစ်တပ်က ဓါးမြတိုက်လု..
ပြည်သူက မပြောရဲတာ.. မလိုချင်လို့ မဟုတ်။
ပြည်သူက ပြောမယ်ကြံ..သတ်ပစ်တာ..စစ်တပ် သရုပ်။
ငုံသာခံ..တော်လှန်မဲ့သူ ဇက်ပြုတ်။
ဘယ်အရာဟာ..တရားဥပဒေ.?
ဒါဟာ..စင်ပေါ်မှာ ဖုံတက်နေတဲ့ ဘုတ်အုပ်။

၂၁ ရာစု စစ်အေး စစ်ပွဲ.
လက်နက်ပြ တိုင်းပြည်ချင်းနယ်မချဲ့ 
လက်အောက်ခံသွင်း..စီးပွါးရေးနယ်ချဲ့ညှင်း..
ကျောသပ် အချိုပြရဲ့ ပြီးမှ တစစီ မျိုခဲ့ ..
လူဆိုးကြီး ဂိုဏ်းဝင်..
ရာရှင် တရုပ်. အိန္ဒိယ မြောက်ကိုရီးယား
ခြေမစုတ်ရတဲ့ မြန်မာ
အလောင်းဘုရား အင်ပါယာတော့
မကြာခင်ပြုတ်တော့မယ်.. ရင်လေးစဖွယ်။

သားမောင်၏ အရွယ်။ ၂၀ ကျော် ၃၀..
နောက်ထပ်..အနှစ် ၃၀ ကျော် လုပ်ရမဲ့အလုပ်…
ဒီလိုသာ တိုင်းပြည်ကြာကြာသွား..
ဖွတ်မွဲပြာကျ..မွေးလာမဲ့ခလေးတွေ..
တရုတ် အဆိပ်သင့်နို့ မှုန့် 
တရုပ် ပိုးသတ်ဆေးသင့် သီးနှံ။
တရုပ်က ပြန်သန့် စင် ပလပ်စတစ်ပန်းကန်.
သက်တမ်းလွန်..အဟာရ ကင်းမဲ့အစာ..
မြန်မာပြည်သူတွေ သုံးစွဲ..
ကွာလတီ စစ်ဆေးတဲ့အရာ.ဘာမှမရှိဘဲ..
မြန်မာများရဲ့ အသက်..
တရုတ် စဥ့်နီတုန်းပေါ် ပက်လက်..
ပြတ်တော့မဲ့ ဒို့ မျိုးဆက်..မင်းကြည့်ရက်သလား။

သားလေးငယ်..
တိုင်းပြည်ကိုချစ်ရင်..
အမှား တွေကို.. မြင်အောင်ကြည့်လှဲ့ 
သားသက်တမ်း..နောက် အနှစ် ၅၀ ထဲ
အနာဂတ်ပုံဖော်ကြည့်..ဘာတွေ ဆက်ဖြစ်ကြမလည်း..

ဒီလောက်မွဲပြာကျ..
ကမ္ဘာ့ အဆင်းရဲဆုံးတိုင်းပြည်က
နျူကလီယားနဲ့ ထိုက်တန်ပြီလား။
မမှန်တာမြင် ပြင်ရမဲ့ မဟာဂရုဏာ လူသား
သား..ရဲ့ တာဝန်ကျေခဲ့ပြီလား..

ပြည်သူ့ ရိက္ခာပေါများဖို့ က ပထမ
ခလေးတွေ အခြေခံ ပညာတတ်ဖို့ က ပဓါန
လူတွေ ကျန်းမာရေးကဏ္ဍက မူရင်း.။
အဓိက လိုအပ်ချက်တွေ ကိုအရင်မရှင်း.

ဆင့် တွဲလောင်းကို ခွေးကမျှော်ခဲ့
အနူလက်နဲ့ ရွှေခွက်ကိုင်။
ပေါ်ပင်..ပရောဂျက်..ကြားဖဲကိုင်။
ဘယ်တော့ မှ မအောင်မြင်မဲ့
ရုရှားကို ဖါး အခစားဝင်
မြန်မာ.နျူကလီယား ပရောဂျက်ထဲ..
သားမောင်ရဲ့ ဘ၀ကိုရင်း..
အန္တရာယ်နဲ့ ထွေမခင်း သင့်ပါဘူး..။

နျူကလီယာ ဓါတ်ရောင်ခြည်သင့်..
ဘရိန်ကျူမာ ဖြစ်မှာက သင်။။
လက်ညှိုးထိုး..ပရောဂျက်ရေး..
ဒိုင်စားမှာက..သင့်သခင်။

သင့်၏ အသက်ကို စတေး..
ထောင်ချောက်က ဒိန်ခဲလေးဘဲမမြင်ပါနဲ့ ..
ပတ်ဝန်းကျင်ကို ခြုံကြည့်။။
ခြူံပုတ်ထဲမှာ ဘာရှိတယ်။
အစာနားမှာ ကြော့ကွင်းထားတယ်။
နအဖ ဟာ..မင်းကို ဆွဲစားနေတယ်။
လက်တဆုတ်အာဏာရဖို့ .
စစ်တပ်ကို ယာဇ်စင်ပေါ်တင်နေတယ်။
ပြန်လှန် စဉ်းစားသင့်တယ်။
အချိန်မလွန်ခင်..
စစ်သည်ကောင်းတွေ ဆို ဘာလုပ်သင့်တယ်။

မသဒ္ဓါ (၉။၂၅။၂၀၀၈)
မသဒ္ဓါ ဘလော့ဂ် မှ ပြန်လည်မျှဝေပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form