(စက်တင်ဘာ - ၁၆ ရက်၊ ၂၀၀၈)
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် စီအီးစီက စက်တင်ဘာ ၁၆ ရက်စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ထား ပါတယ်။ သူတို့ ကြေညာချက်မှာဒေါ်စုက အစာငတ်ခံဆန္ဒပြတာမဟုတ်ဘူး။ ခေါ်ခင်ဝင်းနေမကောင်းလို့ အစာကို ချွေတာစားသောက်တာလို့ ဆိုတာဟာ နိင်ငံခြားသားတယောက်ယောက် ကို သွားပြောရင် စီအီးစီကို " အရူးတွေ" လို့ ပြောမှာဖြစ်ပါတယ်။
ဒီကြေညာချက်က ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်လောက်အထင်သေးသွားစေနိင်သလဲ ။
ကိုယ်နဲ့ အတူနေနေတဲ့ ရဲဘော်တယောက် နေမကောင်းနေရင် သူကလိုအပ်တဲ့ အစားသောက်တောင် ပိုတောင်း ပေးဦးမှာပေါ့။ စီအီးစီ ကြေညာချက်မှာ ဒေါ်စုက ပို့ နေတဲ့ အစာကိုမပို့ နဲ့ တော့ ငါတို့ကို မတရားဖမ်းထားတယ်။ ငါတို့မှာ လွတ်လပ်မှုမရှိဘူး ( ဒေါ်ခင်ဝင်းနှင့်သူ့ သမီး ကို အပြင်မထွက်ရတာ၊ စာအုပ်စာတန်း ဖတ်ခွင့်မရှိတာ တွေကြောင့် )အစာသောက်တွေကိုလက်မခံတာ ထင်ရှားနေပါတယ်။ နိင်ငံတကာသတင်းအေဂျင်စီတွေကလည်း ဒီအချက်ကိုလက်ခံထားတယ်။
နောက်တချက်က ဒေါ်စုဟာ အားနည်းနေပါတယ်လို့ ကြေညာလိုက်ပါတယ်လို့ ဆိုတယ်။ ဒီအချက်က လုံးဝ လက်မခံနိင်ပါဘူး။ စီအီးစီက ဆရာဝန်တွေမဟုတ်ပါဘူး။ ဒေါက်တာ တင်မျိုးဝင်းက ဒေါ်စု ကျန်းမာရေး အခြေအနေ အလွန်ဆိုးနေပါတယ်လို့ ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာသိ၊ ကမ္ဘာသိခေါင်းဆောင်ကြီးတဦးပါ။ သူရဲ့ ကျန်းမာရေး နဲ့ နေ့စဉ် အခြေအနေတွေကို တကမ္ဘာလုံးက သိခြင်တယ်။ စိုးရိမ်ပူပန်နေကြတယ်။ စီအီးစီရဲ့ ကြေညာချက်ဟာ အမှန်တရားကို ဖုံး ကွယ်ထားတာ ထင်ရှားနေတယ်။ စီအီးစီ ဟာခေါင်းဆောင်မှု အရည်အသွေး( Leadership Ability ) ကင်းမဲ့နေတာကိုလည်းပြသနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး အခြေအနေကိုတတ်သိနားလည်တဲ့သမားတော်တဦးရဲ့ တရားဝင် ကြေညာချက်ထုတ်ပြန်ပေးဖို့  ကျနော်တို့ တောင်းဆိုပါတယ်။
မိုးသီးဇွန်
ph;၃၄၇-၄၇၅-၂၅၄၂
ကိုမိုးသီးဇွန် ဘလော့ဂ် မှ ပြန်လည်မျှဝေပါသည်။ကိုမိုးသီးဇွန် အား ကျေးဇူးတင်ရှိပါသည်။
Tags
မျှဝေခြင်း