မြန်မာလူထုက အမျိုးသားရေးစိတ်ဒဏ်သင့်တဲ့ အနာ သုံးခါရှိခဲ့ပါပြီ။ ဆရာကြီးရွေဥဒေါင်းစကားနဲ့ ပြောရင်တော့ အသည်းနှလုံးမှာ ဆူးကြီးပေါက်ခဲ့သလိုခံစားခဲ့ရတာ။ ဒေါ်မာမာအေးစကားနဲ့ ပြောရင်တော့ အသည်းနာကမ္ဘာ မကြေနာ- မဟာနာကျည်းမှုကြီး ။ ဒါတွေကတော့
၁- ၈၈လှုပ်ရှားမှုကြီးအနိမ်နင်းခံရပြီးနောက်၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အကောင်အထည်မပေါ်လာတာ။
၂- ၂၀၀၇ခုနစ် စက်တင်ဘာ တော်လှန်ရေးက တောင်းဆိုချက်ဘာတခုမှမရပဲ ရက်ရက်စက်စက်နိမ်နင်းခံခဲ့ရတာ။
၃- နာဂစ်မုန်းတိုင်း ခံရတဲ့ပြည်သူတွေအတွက် နိင်ငံတကာအကူညီတွေကိုစစ်အစိုးရက ငြင်းဆန်ပြီး ထောက်ပံမှုတွေကိုအလုံအလောက်မလုပ်ဆောင်ပေးခဲ့တာ ။ ဒီအပေါ်မှာ လူထုက စိတ်ဒဏ်သင့်ခဲ့တယ်။
ဒီစိတ်ဒဏ်သင့်မှုက အလွန် အန္တရယ်ရှိတယ်။ လူထုက တော်လှန်ရေးအပေါ်မှာ ယုံကြည်မှုကျဆင်း သွားစေတတ် တယ်။ ကိုယ်ကိုကိုယ် ယုံကြည်မှုကျဆင်းသွားစေခဲ့တယ်။ ဒီအနာကြီးကို ဖြေဖျောက်ဖို့ အတွက် လူထုကို မျော်လင့်ချက်တွေပေးဖို့ လိုတယ်။ ဒါကတော့ လူထုတိုက်ပွဲတွေ ပြန်လည် ဖေါ်ထုတ်ရမယ်။
နအဖ ရဲ့  စီးပွားရေးပြစ်မှတ်တွေကို တိုက်ခိုက်ဖို့ လိုတယ်။ ဒီလိုဖြစ်ရပ်မျိုးက ၁၉၈၈ ခုနစ် မတ်လ ၁၆ ရက် တံတားနီအရေးခင်မှာ ကျနော်တို့  ကို မဆလ စစ်အစိုးရက နိမ်နင်းခံခဲ့ရတဲ့ အခြေအနေနဲ့ တူတယ်။ တံတားနီကျောင်းသားလှုပ်ရှားမှုမှာ ကျောင်းသား တစ်ရာကျော်အသတ်ခံရတယ်။ သုံးထောင်နီးပါး အဖမ်းခံရတယ်။ ငါးရာကျော်ကျောင်းထုတ်ခံရတယ်။
ကျောင်းသားတွေ ကိုလုံထိမ်းက ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုကြောင့် ကျောင်းသားထုအတွင်း မှာ စိတ်ပိုင်းဆိုင်ရာဒဏ်သင့်သွားနိင်တယ်။အကြောက်လွန် သွားနိင်တယ်။စိတ်အားငယ်မှုတွေ ဖြစ်လာနိင်တယ်။ ခေါင်းဆောင် လုပ်သူတွေက ဒီအခြေအနေကို အရောက် မခံဖို့ လိုတယ်။
ဒီတော့ ကျနော်တို့  သိမ်ကြီးဈေး စီရုံကို မီးတင်ရှို့ ခဲ့တယ်။ ဒီတော့ ကျောင်းသားထုနဲ့ လူထုက စိတ်အား ပြန်လည် တက်ကြွလာတယ်။ ငါတို့ ကိုမတရားလုပ်ခြင်တိုင်းလုပ်လို့ မရဘူး။ ငါတို့ ထဲမှာ မတရားမှုကို ရဲရဲရင့်ရင့် ဆန်ကျင်မဲ့  အင်အားစုတွေ ရှိသေးတယ် ဆိုတာကိုသိသွားလို့ ပဲ။ အခု အခြေအနေကြီးကိုကျနော်တို့ မကြိုက်ဘူး။ လူထုထဲမှာ ကျဆင်းနေတဲ့စိတ်ဓါတ်ကို ပြန်လည်တက်ကြွလာနိင်ဖို့ အတွက် တချို့ ပြစ်မှတ်တွေကို ကျနော်တို့  ရှာဖွေ တိုက်ခိုက်သင့်တယ်လို့ တိုက်တွန်း လိုပါတယ်။
မြန်မာပြည်ဒေါင့် တစ်နေရာ မှာတော့ မတရားမှုတွေကို လက်တုန်ပြန်မဲ့  အင်အားစုတွေရှိတယ် ဆိုတာကို ရဲရဲ ၀ံဝံပြသကြပါစို့ ။
ကိုမိုးသီးဇွန် ဘလော့ဂ် မှ ကူးယူမျှဝေပါသည်။ ကိုမိုးသီးအားကျေးဇူးတင်ပါသည်။

အောင်ပွဲသို့ 
မိုးသီး

Tags
မျှဝေခြင်း