စာရေးဆရာ မင်းသိင်္ခ၏ ကျန်းမာရေး အခြေအနေ ဆိုးရွာနေ ခြေထောက်တစ်ဖက် ဖြတ်ရမည့် အနေအထားရှိ

ဒေါက်တာလွဏ်းဆွေ (ကျွန်ုပ်တို့၏ သတင်းထောက် ပေးပို့သည်)


မှော်ဘီမြို့တွင် နေထိုင်သည့် နာမည်ကျော် စာရေးဆရာ၊ ဗေဒင်ဆရာ ဆရာမင်းသိင်္ခသည် ယခုအခါ ကျန်း မာရေး အခြေအနေ အထူးဆိုးဝါးနေကြောင်း သတင်းရရှိသည်။ ဆရာမင်းသိင်္ခသည် နှလုံးသွေးကြောကျဉ်း ရောဂါ ခံစားနေရပြီး အောက်ဆီဂျင်ပိုက်နှင့် အသက်ရှူနေရသည်။ ဆရာမင်းသိင်္ခသည် ဆေးရုံတွင် အတွင်းလူ နာအဖြစ် တက်လိုက်ဆင်းလိုက် လုပ်နေရပြီး ခြေထောက်တစ်ဖက်တွင်လည်း Burger's Disease ခံစားနေရ သည့်အတွက် ခြေထောက်ဖြတ်ရမည့် အနေအထားနှင့် ရင်ဆိုင်နေရသည်။ အခုရက်ပိုင်းအတွင်း ခြေထောက် ဖြတ်တောက်ရန် ကြိုးစားသော်လည်း မေ့ဆေးဒဏ် မခံနိုင်သေးသဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။ ယခု သတင်းနှင့်အတူ ဖော်ပြသည့် ဓာတ်ပုံများသည် ယခုနှစ် ဇွန်လ (၂၅)ရက်နေ့တွင် ကျင်းပခဲ့သည့် ဆရာမင်း သိင်္ခ၏ (၇၀)ပြည့်မွေးနေ့ပွဲမှ ဓာတ်ပုံများဖြစ်သည်။ ဆရာမင်းသိင်္ခ၏ ကျန်းမာရေးအတွက် အထောက်အပံ့ပြု လိုသူ စေတနာရှင်များအနေနှင့် sabai.khinoo@gmail.com သို့ လည်းကောင်း၊ ဦးမောင်မောင်မြင့်အေးနှင့် ဦးသန့် - လာဘ်မိုးစွေ စာအုပ်တိုက်၊ ၃၃လမ်း၊ ရန်ကုန်၊ ဖုန်း - 95-1-253519 သို့ ဆက်သွယ်နိုင်ကြောင်း သ တင်းရရှိသည်။

ဆရာမင်းသိင်္ခသည် ၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် နိုင်ငံရေးတရားများ တက်ကြွစွာ ဟော ပြောမှုကြောင့် အာဏာသိမ်း န၀တ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရသည်။ ရှစ်လေးလုံး အရေးတော် ပုံအတွင်း ဆရာမင်းသိင်္ခ၏ ဟောပြောချက်များအနက် စောမောင်တို့အုပ်စု အာဏာသိမ်းရင် လမ်းဘေးမှာ ဖဲ ထိုင်ရိုက်နေရမှာပေါ့ ဟူသည့် ဟောပြောချက် အထူးနာမည်ကြီးခဲ့သည်။





Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form