အမဲရောင်နေ့(သို့) သွေးစွန်းသောနေ့ (၇ ) ဇူလိုင်



တက္ကသီလာ မြကျွှန်းသာမှာ
ရင်နာစရာ သမဂ္ဂသမိုင်း မော်ကွန်းရိုင်းကို
သွေးနဲ့ေ၇းသား ကဗ္ဗည်းထိုးထားခဲ့
ထိုနေ့ရက်ကို မမေ့အပ်စေ
ဥဒါန်းမကြေကြနဲ့ဟေ့.... ကမ္ဘာတည်သရွှေ့
သွေးကြွှေးအထပ်ထပ် ပေးဆပ်ကြဘို့
၇ ဇူလိုင်ဟာ သွေးချောင်းစီးသောနေ့ရက်ပါ.....

မြန်မာ့သမိုင်းမှာ ကျောင်းသားတွေရဲ့ အဓိကရဖြစ်တဲ့ သမိုင်းဝင်ကျောင်းသားသမဂ္ဂတစ်ခုလုံးကို ဖောက်ခွဲဖျက်စီးခံခဲ့ရပြီး စစ်အုပ်စုက ကျောင်းသားတွေကို ပထမဦးဆုံး ရက်ရက်စက်စက် အုံနဲ့ကျင်းနဲ့
သတ်ပစ်ခဲ့တဲ့နေ့ အဲဒီနေ့ဟာအမဲရောင်သွေးစွန်းသောရက် ၇ ဇွန်လိုင်ဘဲဖြစ်တယ်။ ၇ ဇူလိုင် အေ၇းတော်ပုံဟာ မြန်မာစစ်အာဏာရှင်တွေရယ်လို့ ဖြစ်ပေါ်လာအောင် အသက်သွင်းခဲ့တဲ့ အာဏာရူး ဘုရင်ရူး ဗိုလ်နေ၀င်း အာဏာသိမ်းပြီး ၄လအကြာမှာ စတင်ခဲ့တာပါ၊ အပစ်မဲ့တဲ့ ကျောင်းသားတွေကို ရက်ရက်စက်စက်သတ်ပစ်ရလောက်အောင် နယ်ချဲ့ကိုလိုနီလက်ထက်ကပင် အထင်ကရ ဖွဲ့စည်း တည်ဆောက်ခွင့်ရထားတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဗုံးခွဲဖျက်ဆီးရလောက်အောင် ဖြစ်၇တာက နေ၀င်းနဲ့ သူ့နောက်လိုက်စစ်အာဏာရူးတွေရဲ့ တိုင်းပြည်ကို စစ်အာဏာသိမ်းမှုကို ကျောင်းသားတွေက ပြတ်ပြတ်သားသားကန့်ကွက်လို့ပါဘဲ။

အဲဒီလို ကန့်ကွက်လာတော့ ကျောင်းသားတွေအပေါ် အမျက်မာန်ရှတဲ့ နေ၀င်းက ကျောင်းသားတွေရဲ့ အဆောင် စည်းကမ်း တွေကို မတရားတင်းကြပ်မှုတွေလုပ်ပါတော့တယ်၊ ဒါကိုမခံရပ်နိုင်တဲ့ ကျောင်းသားထုက အဆောင်စည်းကမ်းတွေ လျှော့ပေးဘို့ တောင်းဆိုလာပါတယ်။ အာဏာရှင်တွေဘက်ကတော့ လုံးဝမလျှော့ ပေးတဲ့အပြင် အာဏာရူး နေ၀င်းက အပ်တိုတချောင်းတောင် မရှိတဲ့ ကျောင်းသားတွေကို ရေဒီယို အသံလွှင့် အစီအစဉ်ကနေ ဒေါသမထိမ်းနိုင်ဘဲ ပြောလိုက်တဲ့ စကားက “ဓါးဓါးခြင်း၊ လှံလှံခြင်း ရင်ဆိုင်မယ်”လို့ ပြောခဲ့တဲ့ အတွက် မြန်မာပြည်သူတွေအားလုံး အံ့သြခဲ့ရတဲ့အထိဖြစ်ခဲ့ရတဲ့အထိပါဘဲ။ကျောင်းသားတွေ အပေါ် ဗိုလ်နေ၀င်း ထားတဲ့ အငြိုးဟာ နောက်ဆုံး နိုင်ငံတော် သမ္မတရာထူးကနေ နှုတ်ထွက်တဲ့ အထိ “စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ် မိုးပေါ်ထောင်ပြီး ချောက်တာမပါဘူး” ဆိုတဲ့စကားနဲ့ တပြည်လုံး ကို ငြိမ်းခြောက်ပြီး ပြောခဲ့တဲ့အတိုင်းဘဲ ၈လေးလုံးအရေးတော်ပုံ မှာ ကျောင်းသား၊ရဟန်း၊ ပြည်သူ၊ တွေရဲ့ အသက်တွေကို ရက်ရက်စက်စက်ကို ခြွေယူသတ်ပစ်ခဲ့တဲ့ လူစိတ်ပျောက် နေတဲ့ စစ်ဘီလူး တစ်ကောင် ဆိုတာ အထူးပြောစရာမလိုဘူးထင်ပါတယ်။ အဲဒီကျောင်းသား သမဂ္ဂကို ဖြိုခွဲရာမှာ မြန်မာ့အသံကနေ တိုက်ရိုက် စီစဉ်ညွှန်ကြားမှုတွေလုပ်ခဲ့တဲ့ ၀န်ကြီးချုပ်စိန်လွင်အပါအ၀င် သာကူး အောင်ကြီး တို့ပါ အဓိကတရားခံတွေမှာပါနေပါတယ်၊ ဘာကြောင့် ဒါတွေပြောပြရေးပြနေ၇တာလည်းလို့ မေးမယ်ဆိုရင်လည်း ပြောပြစေ၊ သိပြီးတဲ့ လူတွေကသိပြီးပေမယ့် တချို့မျိုးဆက်သစ်လူငယ်တွေက တကယ်ကို မသိသေးလို့ မေးလာသူတွေ ရှိလို့ သမိုင်းကြောင်းကို အတိုချုပ်ရေးပြလိုက်ရတာပါ၊ ဆရာကြီး ဒေါက်တာသန်းထွန်း ပြောခဲ့ သလို မအအောင် သမိုင်း ကိုသင်ရမယ်တဲ့ ကျနော်တို့ မျိုးဆက်သစ် ညီငယ်တွေ သမိုင်းကြောင်း အမှန်ကို သိအောင် လေ့လာကြပါလို့ ထိုက်တွန်း ချင်သလို သမိုင်းကြောင်းအမွေအနှစ်တွေကို သိပြီး တတ်ပြီး ကြုံတွေ့ခဲ့ကြတဲ့ နောင်တော်များ ရဲဘော်များကလည်း မျိုးဆက်သစ်တွေသိရှိဖို့ လက်ဆင့်ကမ်း ရေးကြ၊ ပြောကြဘို့ မေတ္တာရပ်ခံထိုက်တွန်းလိုက်ပါတယ်။

အမဲရောင်နေ့ရက် ၇ ဇူလိုင်နေ့မှာ အမဲရောင် သင်္ကေတ တစ်ခုခု မိမိကိုယ်မှာ တပ်ဆင်ပြီး အာဏာရှင်ကို ကန့်ကွက်ကြပါစို့

ကျောင်းသားသမဂ္ဂအဆောက်အဦးအား ကျောင်းသားများပြန်လည်တည်ဆောက်ခွင့်ရရှိစေရမည်၊
ညီအာဇာနည်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form