ငါးလောင်းပြိုင် လူသတ်မှု နောက်ကွယ်မှ ကြိုးကိုင်သူ

ပေးပို့သူ - ဒီလွန် | လွန်ခဲ့တဲ့ မတ်လ ၂ ရက်နေ့တွင် ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်သာလမ်းသွယ်က နာမည်ကြီး မိုးကုတ်အဆက် အိမ်တစ်အိမ်၌ ဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင် လူသတ်မှုမှာ နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဇနီးဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်နေတယ်လို့ မကြာခင်ကမှ မှုးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့်ရဲ့ အသိုင်းအ၀ိုင်းကနေ ထွက်ပေါ်လာခဲ့ပါတယ်။

မိုးကုတ်သူဋ္ဌေး ဦးမြမောင်နဲ့ ဒေါ်အုန်းကြည်တို့ရဲ့ တစ်ဦးတည်းသောသမီး၊ ဒေါ်စန်းစန်းမြနဲ့ ခင်ပွန်း ဦးစောကြည်ဖေတို့ရဲ့ မွေးစားသမီးဖြစ်တဲ့ မမြစန္ဒာရဲ့ ခင်ပွန်းဦးသုဇော်ဟာ အလောင်းအစား ခုံမင်တယ်။ ဗိုလ်ချူပ်သာအေး သား အစရှိတဲ့ နအဖ စစ်ဗိုလ်ချုပ် သားသမီးတွေ အပါအ၀င် ဦးသုဇော်တို့ လေးကောင်ဂျင် ကစားကြရာ ဦးသုဇော် အကြီးအကျယ် ရှုံးပြီး အကြွေးပါတင်သွားတယ်။ အဲ့ဒီအကြွေးတွေ ချေဖို့အတွက် ဒေါ်ကြိုင်ကြိုင်က ဦးသုဇော်ကို သူ့ယောက္ခမပိုင်တဲ့ ပတ္တမြားကြီးကို ယူပေးဖို့ စီမံညွှန်ကြားခဲ့ရာက ငါးလောင်း ပြိုင် လူသတ်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်တယ်။

ယခု မူးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့်က သူ့ရဲ့ကိစ္စကို အရေးယူဆောင်ရွက် မယ်ဆိုရင် ဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်ခဲ့တဲ့ ဒီငါးလောင်းပြိုင် လူသတ်မှုကို ဖေါ်ထုတ်မယ်လို့ ပြန်လည် ခြိမ်းခြောက်တယ်လို့ အောင်ဇော်ရဲမြင့်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အသိုင်းအ၀ိုင်းကနေ သတင်းတွေ ပြန် ထွက်လာပါတယ်။ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ စစ်ဗိုလ်ချူပ်တွေအတွင်း ရာထူးအပြောင်းအလဲ အခြေအနေတွေ၊ လူသတ်မှု ကျူးလွန်စဉ်က သုံးစွဲခဲ့တဲ့ လက်နက်အမျိုးအစားတွေနဲ့ တစ်ဦးတည်း ရှင်ကျန်ခဲ့တဲ့ ဦးသုဇော် အစရှိတာတွေကို ထောက်ချင့်ရင် ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါကြောင်း ….

ဒီလွန်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form