သုံးခွ ဇူလိုင်- ၂၄ | မနေ့ ညက ဘီဘီစီရဲ့ သောတရှင်တို့ ပေးစာ ကဏ္ဍ အစီအစဉ်မှာ သုံးခွမြို့ နယ်မှာ နအဖလုပ်ရပ်က အတော်ကို ဆိုးလှပါတယ်။ မနစ်က ရွာသားတွေကို ရေလှောင်ကန်တွေတူးခိုင်းတယ်။ ကန်တွေက တခုကို ဧက ၃၀ ကျော် ကန်တွေလို့ သိရတယ်။ ကန် တွေကရေထွက်လာတယ်။ ဒီနစ်ကြတော့ ကန် ကနေ သွယ်တန်း ထားတဲ့ ရေတွေကို ရေမီတာတွေလာတပ်ပြီး ရေသုံးစွဲမှု အပေါ် ပိုက်ဆံလိုက်တောင်းတယ်လို့ သိရပါတယ်။ ရေခွန် ကောက်တဲ့သဘောပါပဲ။ ပြသာနာ က စစ်အစိုးရက ရေကန်တူးတုန်းက ဘာတခုမှဝင်ကူညီတာမရှိပဲနဲ့ ရေထွက်လာမှ ရေဖိုးလာတောင်းတာကတော့ အတော့ကို မိုက်ရိုင်းတဲ့လုပ်ရပ်တခုဖြစ်ပါတယ်။
မြန်မာပြည်သူလူထုတွေဟာ အလွန်တရာကိုဆင်းရဲတယ်။ ဆင်းရဲ ရတဲ့အထဲ ရေဖိုးမီးဖိုးကအစ စစ်အစိုးရက ဘာတခုမှတာဝန်မယူထားပါဘူး။ ဥပမာ ကျနော်ဟာ နယူးယောက်မြို့ မှာနေပါတယ်။ ကျနော်တို့ နေတဲ့  Apartment ဟာ မီး ဖိုး ( Gas) နဲ့  ရေဖိုး လုံးဝမပေးရပါဘူး။ ရေရော ၊ မီး ရောပါ ဖေါဖေါသီသီသုံးစွဲနိင်ပါတယ်။ ဆောင်တွင်းအေးလာတဲ့အချိန်မှာ အနွေး ဓါတ် (မီး ကို အစိုးရက အလကားပေးဝေပြန်ပါတယ်။ မြန်မာပြည် မှာတော့ ရေက လူထုလုပ်အားနဲ့ တူးထားတဲ့ကန်ကလာတဲ့ရေပါ။ဒါကိုတောင် အလကား မသုံးရသလိုဖြစ်နေ ပါတယ်။ နိင်ငံသားတွေနဲ့ နိင်ငံတော်ဆက်ဆံရေးမှာ တောတောင်ရေမြေ စတဲ့သဘ၀အရင်းမြစ်တွေကို နိင်ငံသားတိုင်းက မျှတစွာခွဲဝေသုံးစွဲခွင့်အခွင့်အရေးရှိရမှာဖြစ်ပါတယ်။ သုံးခွမြို့ နယ်ကလူထုတွေသူတို့ တူးထားတဲ့ ကန်က ရေးကို သုံစွဲခွင့်မရှိတဲ့အချိန်မှာတော့ တေဇ ရဲ ထူးထရိတ်ဒင်း သစ်ကုမဏီက မြန်မာ တပြည်လုံးမှာရှိတဲ့ သစ်တောတွေကို ဥပဒေမဲ့  စည်းမဲ့ကမ်းမဲ့ ခုတ်ယူသုံးစွဲခွင့်ရှိနေပါတယ်။ ဒီတော့ ကျနော်တို့ ဘာလုပ်ကြမလဲ ။ ကျနော်တို့ အနေနဲ့  ရိုးသားစွာအကြံပြုလိုတာကတော့ ရေဖိုးမပေးပဲနေကြဖို့ ၊ ရေမီတာတွေ ကိုရိုက်ချိုး ကြပါလို့ တိုက်တွန်းလိုပါတယ်။ မြန်မာပြည်က တောတောင် ရေမြေ တွေဟာ နိင်ငံသားတွေ ပိုင်ဆိုင်တယ် အားလုံးအချိုးညီမျှသုံးစွဲခွင့် အခွင့်အရေးရှိတယ်ဆိုတာကို ရဲရဲဝင့်ဝင့်ပြသာကြပါစို့ ။
မူရင်းး http://komoethee.blogspot.com/2008/07/blog-post_25.html