MRTV 4 မှကြေငြာသောမုန်တိုင်းသတင်း


ယနေ့နံနက်ပိုင်းမှစတင်ကာ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လျှက်ရှိပြီးအ လွန် အားကောင်းလျှက်ရှိကာ ယနေ့နံနက်မှစတင်ကာ နောက် (၇၄) နာရီးအတွင်း ကုန်းတွင်းပိုင်းကို ဖြတ်ကျော် ၀င်ရောက်နိုင်ဟု ဖော်ပြပါရှိထားသည်။ ထိုသို့တိုက်ခက်ရာတွင် ရေပြင် မြေပြင်လေဟာ တစ်နာရီလျှင် (၄၅) မိုင်မှ မိုင် (၅၀) အထိ တိုက်ခက်နိုင်ကြောင်း ဖော်ပြထားပြီး။ MRTV4 ရုပ်သံလိုင်းမှစဉ်ဆက်မပြတ်ထုတ်လွှင့်ပေး လျှက်ရှိနေသည်။

မုန်တိုင်းသတင်းနှင့်ပတ်သက်ပြီး မကြာခင်အချိန်ကမှ နာဂစ်ဆိုက်ကလုံးမုန်တိုင်းဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသော ဧရာဝတီတိုင်း အတွင်းရှိ နယ်ခံအချို့အား ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ အစိုးရ အာဏာပိုင်အဖွဲ့အစည်းများမှ ယခုထပ်မံဖြစ်ပေါ်လာသော မုန်တိုင်းသတင်းနှင့်ပတ်သက်ပြီး မည့်သည့် သတင်းကြေညာချက်ထုတ်ပြန်သည်ကို မသိရှိရသေးကြောင်း ပြောကြားကြသည်။ ထိုအပြင် ပင်လယ်ဝနှင့် ကျေးရွာများနေ ပြည်သူအချို့ကမူ ပြောင်းလဲလာသော ရာသီဥတုကိုထောက်ရှုပြီး မုန်တိုင်းကြီး ထပ်မံ ကျရောက်လာမည့် အရိပ်အယောင်များကို အတွေ့အကြုံများအရသိရှိနေကြရသဖြင့် နီးစပ်ရာမြို့များသို့ အဆက်မပျက် သွားရောက်နေကြကြောင်းသတင်းရရှိထားသည်။

အစိုးရအာဏာပိုင်အဖွဲ့အစည်းများအနေနဲ့ မုန်တိုင်းသတင်းနှင့်ပတ်သက်ပြီး မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဧရာဝတီတိုင်းအတွင်းသို့ တိကျသေခြာသောသတင်းများထုတ်လွှင့်ပေးသင့်သလို အချိန်နှင့်တပြေးညီ မုန်တိုင်း လွတ်ကင်းရာ နေရာများသို့ ပြောင်းရွှေ့ပေးသင့်ကြောင်း ရန်ကုန်မြို့ရှိ ၀ါရင်စာနယ်ဇင်းတစ်ဦးမှ ပြောကြား သည်။

အစိုးရမီဒယာများ၏ သတင်းထုတ်ပြန်ချက်များနှင့်ပတ်သက်ပြီး ထိုပုဂ္ဂိုလ်မှဆိုရာတွင် “သူတို့က လျှော့ပေါ့ပြီးတော့ ကြေညာတာလည်းဖြစ်နိုင်တယ်။ နာဂစ်တုန်းကလည်း ဒီလိုပဲ ကြေညာ ခဲ့တာပဲ။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူတို့ ကြေညာခဲ့တာ ပြောင်းပြန်ပဲဗျ။ အခုဝင်မယ် ဆိုတဲ့မုန်တိုင်းဟာလည်း သူတို့ကြေညာထားတာဆက် အဆမတန်ကြီးများနိုင်တယ်။ ပျက်ဆီး ဆုံးရှုံးနိုင်တယ်။´´ ဟုဆိုသည်။

မုန်တိုင်းသတင်းနှင့်ပတ်သကပြီး ယနေကြားသိရသောသတင်းများမှာ လပွတ်တာမြို့တွင်းရှိ ပင်လယ်ဝတွင် တည်ရှိ သော လှိုင်းဖုံးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအချို့ ယခုဖြစ်ပေါ်လာသော မုန်တိုင်းကြောင့် ပျက်ဆီး သွားပြီဖြစ်ကြောင်း သိရသည်။ ထိုကျေးရွာများမှ မကြာခင်ကာလများကမှ လူနေတဲများ အသစ်ပြန်လည် ည်ဆောက် ထား ခဲ့ကြခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင်လည်း ထပ်မံပျက်ဆီးသွားခဲ့ကြပြီဖြစ်သလို။ ထိုလေဘေးသင့်ပြည်သူများအနေဖြင့် …….

http://yangon.22web.net/ မှ ရယူတင်ပြပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form