ရန်ကုန် မြိုတော်ဝန် ဗိုလ်ချုပ်အောင်သိန်းလင်း အကြောင်း

ဗိုလ်ချုပ်အောင်သိန်းလင်း က အသက် ၆၀နီးပါးရှိတယ်။ စိတ်ကောင်းရှိတယ်။ လူတဖက်သားကို ကူညီခြင် စိတ်ရှိပြီ မဟုတ်မခံသမားလို့ သိရတယ်။ အရင် က မြို့ တော်ဝန် ဦးကိုလေးနဲ့ လုံးဝ ဆန်ကျင်ဖက်လို့  သိရတယ်။ ကိုလေးက အရက်၊ မိန်းမ၊ ငွေ၊ အာဏာ အလွန်ကြိုက် သလောက် ဗိုလ်ချုပ်အောင်သိန်းလင်းက ဖြောင့်မတ် တယ်လို့ သိရတယ်။ ကိုလေး လက်ထက်က ဂျိုးဖြုပိုက်ကြီးဟာ အနယ်တွေ နဲ ရေကိုပဲ ရန်ကုန်က လူတွေ သုံးရတယ်။မြို့ တော်ဘဏ်တွေကိုကိုယ်ကြိုးအတွက်ဖုံးခဲ့တယ်။

ဗိုလ်ချုပ်အောင်သိန်းလင်း တက်လက်တဲ့အခါမှာ တော့ ဂျိုးဖြူပိုက်ကြီးကို သန့် ရှင်းရေးလုပ်ခဲ့တယ်။ ဂျိုးဖြူပိုက်ကြီးထဲမှာ ရေတ၀က်က အမှိုက် နဲ့ အနည် တွေဖြစ်နေတယ်။ဒီ အမှိုက်ကြီးကိုသူစတင်ရှင်းခဲ့ရတယ်။ သူရုံးမှာ ရေအကျိုးဆယ်ပါးလို့ စာတန်းရေးထားတယ်လို့ သိရ တယ်။ သူလက်ထက်မှာ လာဘ်စားမှုတွေကိုလည်း စတင် ဖြေရှင်းခဲ့တယ်။ ဦးကိုလေး လက်ထက်က ရေကန်တခုကို ဂေါက်သီးလေ့ကျင့် ရေးစခန်းတခုလုပ်ခဲ့တယ်။ ဒါကို ဗိုလ်ချုပ်အောင်သိန်းလင်း လက်ထက်မှာလူထု သောက်သုံး ရေကန် အဖြစ်ပြန်လည်ပြောင်းလဲပေးခဲ့တယ်။

သူက တိုက်ရေခိုက်ရေမှာလည်းနာမည်ကြီးတယ်။ DAS - တုံးက သူက စာတော်တဲ့သူဖြစ်တယ်။ သူအားနည်းချက် ကတော့ သန်းရွှေ က ၀ါဒမှိုင်းဖြန့် ထားတွေကို ခန့် ထားရခြင်းဖြစ်တယ်။ ဒေါ်စု နဲ့ ပတ်သက်ရင် အဆိုးမြင်ရှိတယ်။ နိင်ငံခြားသားကိုယူတယ်။ အမျိုးကိုမစောင့်ဘူး စသဖြင့် ရှေးရိုးစွဲ အယူဆရှိတယ်။ ဒါပေမဲ့  လေဘေးဒုက္ခ သည်တွေကိုကူညီရေးကိစ္စမှာတော့သူက ဦးသန်းရွှေ နဲ့ အပေါင်းပါတွေရဲ့  မတရားလုပ်ရပ်ကို သူလက်မခံနိင်အောင်ဖြစ်နေတယ်လို့ သိရပါတယ်။ တပ်မတော်ထဲမှာသူလို အရာရှိတွေ ဟာ အများစု ဖြစ်လာနေတယ် လို့ သိရတယ်။ ဒါပေမဲ့  သူတို့ ဟာ စစ်သားပီပီ အလွန်အကြောက်ကြီးနေတုံး ကိုယ်အရိပ် ကိုယ်လှန့် နေတုံးလို့ သိရတယ်။ သန်းရွှေ ကို မကျေနပ်ကြပေမဲ့ ဒေါ်သထွက်ရုံကလွဲလို့ သူတို့ ဘာမှ မလုပ်တတ်ဖြစ်နေကြပုံရတယ်။

ကိုမိုးသီးဇွန် ဘလော့ဂ် မှ ပြန်လည်မျှဝေပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form