ငါ့ရှင်တို့ ဓါတ်ဆင်စို့ 

ဒကာကြီးမိုးသီး

ဦးဇင်း မေတ္တာရှေ့ ထားပြီးစာရေးလိုက်ပါတယ်။ နေ၀င်းတို့ သန်းရွေတို့ ဟာ ဗေဒင်ယတြာတွေအလွန် ယုံကြည်ကြသူတွေဖြစ်တယ်။ သန်းရွေ ဟာလည်း သူအာဏာတည်မြဲရေးအတွက်မလုပ်သင့်မလုပ်ထိုက်တဲ့ ယတြာတွေ ကိုတောင်လုပ်သူဖြစ်တယ်။ သာမညတောင်ဆရာတော်ဘုရားကြီးရုပ်အလောင်းကိုတောင် နေပြည်တော်ကိုခိုးယူပြီးယတြာချေသူတွေဖြစ်တယ်။သာမညတောင်ဆရာတော်ကြီးဟာ ၀ိဇ္ဖာ ဖြစ်တယ်။ ၀ိဇ္ဖာအလောင်းကို စီရင်တဲ့အခါမှာ အလိုပြည့် စုံတယ်လို့ အောက်လမ်း သမားတွေကယုံကြည်တယ်။သာမည ရဲ့ ဆန့်ကျင်ဖက် က အဓိက ဖြစ်တယ်ဒကာကြီး။ သာမညကိုဖျက်ဆီးရင် အဓိကကျန်တယ်။ အဲ့ ဒီအချိန်က အဓိက ဆိုတာ သူတို့ အတွက် အခြေခံဥပဒေကိုပြန်ဌာန်းရေးဟာ အဓိကဖြစ်နေတယ်ဆိုတာရှင်းနေတာပဲ။ ဒကာကြီးတို့ တော့သဘောပေါက်သလားမသိဘူး။ ဦးဇင်းတို့ က တော့ သူတို့ ယုတ်မာမှုတွေကို သိနေတယ်။ အခု ဦးဇင်း ပြောချင်တာကတော့ သန်းရွှေ ကို ကက်ကင်းလှန် ပြီးလုပ်သင့်တယ်။လုပ်ရမဲ့ ကက်ကင်း ကတော့ သန်းရွှေ ဖြစ်တဲ့အတွက် သ- ရ ရဲ့ ပြောင်းပြန်ဟာ ရ- သ ဖြစ်တယ်။ ဒီတော့ရသ ဖြစ်တဲ့ ရုပ်သေး ရုပ်ကို ထမိန်ဝတ်ပြီး မီးရှို့ ပေးခြင်းအားဖြင့် သန်းရွေ ကို ဘေးတွေ အောင်ဆောင်ရွက်နိင်တယ်ဆိုတာ ဦးဇင်းပြောချင်တယ်။

၁- ရုပ်သေးရုပ် တခုကိုလုပ်ပါ။ ရုပ်သေးရုပ်ပုံစံတခုကို ကိုယ်ဟာ ကိုယ်အဖြစ်လုပ်လည်းရပါတယ်။ ထမိန်ဝတ်ပေးပြီး မီးရှို့ လိုက်ပါ်။

၂- လုပ်ရမဲ့အချိန်ကတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့ ( ကြာသာပတေးနေ့ ) နေလည် ၁နာရီခွဲ က နေ ၃ နာရီ အကြားအချိန် ကိုလုပ်ပါ။ဒါကို လူအများက လုပ်ကြရင် သန်းရွှေ မုချ ဒုက္ခကြုံနိင်ပါတယ်။

၃- နောက်လုပ်ရမဲ့ ယတြာယာတခုကတော့ အလံအဖြူလေးတခုလုပ်ပါ။ ပိတ်အဖြူနဲ့ လုပ်ပါ။အလံတိုင်အရိုးကို သံပိုက်နဲ့ လုပ်ပါ။ ( သံပိုက်ခေါင်း ) သံပိုက်ကိုရွေချပါ။ အားလုံးချစာရာမလိုဘူး။ အလံပိတ်ဖြူမှာတော့ ဒေါ်အောင်ဆန်းစုကြည် နံမည်ကိုရေးပေးပါ။အရောင်အနီရောင်နဲ့ ရေးပါ။ ဒီအလံကိုဒကာကြီးတို့ ရုံးတွေ လူတွေရဲ့ အိမ်မှာသင့်တော်တဲ့နေရာမှာ ထူပေးထားကြပါ။ ဒကာမကြီးအောင်ဆန်းစုကြည် အောင်မြင်မယ်။ အလွန်စွမ်းတဲ့ ယတြာဖြစ်ပါတယ်။ဒါကာကြီးမယုံမရှိပါနဲ့ ဒကာကြီမယုံရင်လည်း ဒီသတင်းကို ဘီဘီစီ၊ ဒီဗွီဗီကို ပြောပေးပါ။

ရဟန်း တပါး

ကိုမိုးသီးဇွန် ဘလော့ဂ် မှ ရယူတင်ပြပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form