ဗိုလ်ချုပ်အောင်သိန်းလင်း နဲ့  ဗိုလ်ချုပ်လှဌေးဝင်း က အနာဂတ် တပ်မတော်ခေါင်းဆောင်တွေလား။

ဗိုလ်ချုပ်အောင်သိန်းလင်း နဲ့  ဗိုလ်ချုပ်လှဌေးဝင်း က အနာဂတ်

တပ်မတော်ခေါင်းဆောင်တွေလား ။ လူထုဖက်က

ရပ်တည်လာမှာလား


နအဖ နဲ့ နီးစပ်တဲ့အသိုင်းဝိုင်းမှာတော့ လေဘေးကူညီရေးနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေစတင် ဖြစ်ပေါ်နေတယ် လို့ သိရပါတယ်။ ဇွန်လ ၆ ရက် နေ့  က ရန်ကုန်မြို့ တော်ဝန် - အောင်သိန်းလင်း၊ ရန်ကုန်တိုင်း တိုင်းမှုး လှဌေးဝင်း နဲ့  နေပြည်တော်တိုင်းမှုး ဝေလင်း တို့ အခြေအတင် စကားများကြတယ်။ အဓိက အချက်ကတော့ လေဘေးဒုက္ခသည်တွေကူညီရေးမှာ စစ်တပ်အနေနဲ့  ထိထိရောက်လုပ်မပေးနိင်ဘူးလို့  အောင်သိန်းလင်းနဲ့ လှဌေးဝင်းကထောက်ပြတယ်လို့ သိရတယ်။ နိင်ငံတကာအကူညီတွေကို ပိုလိုခြင်တယ်။ လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်တွေလည်း ပေးသင့်တင်လို့ ယူဆကြတယ်။

နေပြည်တော်တိုင်းမှုး ဝေလင်းကတော့ ဗိုလ်ချုပ်သန်းရွေ လုပ်ရပ်က မှန်ကန်တယ်ဆိုပြီး မျက်လုံးစုံမှိတ် ငြင်းနေတယ်လို့ သိရတယ်။ စစ်တပ်အတွင်းမှာ လေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေမှာရှိနေတယ်။ အမြန်ကယ်တင်မှုတွေမလုပ်နိင်ရင် လူထုလှုပ်ရှားမှုတွေ ပင်မက စစ်တပ် ထဲမှာပါ အကွဲအပြဲတွေဖြစ်လာနိင်မှာကို စိုးရိမ်နေကြပါတယ်။ စစ်တပ်ထဲ မှခေါင်းဆောင်တွေအနေနဲ့ ဒီအချိန်ဟာ တိုင်းပြည်အကျိုးကိုတကယ်ထိထိရောက်ရောက်လုပ်ဖို့ လိုနေပြီဆိုတာကိုတော့ စတင် စဉ်းစား တွေးခေါ်မှုတွေ ဖြစ်လာနေပါတယ်။ ကျနော်တို့ ဖက်က လုပ်သင့်တာကတော့ ပြုပြင်ပြောင်းလဲမှု ကိုလိုလားတဲ့ တပ်မတော် ထဲကခေါင်းဆောင်တွေကို လက်ကမ်းကြိုဆိုနိင်ဖို့  လိုတယ်။ နောက်တခုက တပ်မတော်ထဲက ခေါင်းဆောင် တွေက သူတို့ အနေနဲ့ လူထုဖက်ကို ပြောင်းလဲ ရပ်တည် လာတဲ့အချိန်မှာ လူထုက သူတို့ နောက်မှာ အခိုင်အမာ ရှိနေမယ်ဆိုတာကို ပြသဖို့ လိုပါတယ်။ ကျနော်တို့ လုပ်နိင်တဲ့ တပ်မတော် ကိုစည်းရုံးရေး လှုပ်ရှားမှု ကတော့ တပ်မတော်သားတွေကို တယ်လီဖုန်းတွေ ခေါ်ပြီးလက်ရှိအခြေအနေတွေကိုရှင်းလင်းပြီးစည်းရုံးသင့်ပါတယ်။

တယ်လီဖုန်းနံပတ်တွေဘယ်ကရမလဲ

Yellow Pages လို့ ခေါ်တယ် တယ်လီဖုန်း စာအုပ် ထဲမှာ တပ်မတော်သားတွေရဲ့ တယ်လီဖုန်း နံပါတ်တွေ အများကြီးရှိနေပါတယ်။ဗိုလ်ကြီးကို Cap. ဗိုလ်မှုးကို Maj. ဗိုလ်မှုးကြီးကို Col. ဗိုလ်ချုပ်ကို Gen. စသဖြင့် ရေးထားတာကိုတွေရပါလိမ့်မယ်။ ဒီနံပါတ်တွေကို အားလပ်ချိန်တွေမှာ တယ်လီဖုန်းနဲ့ ခေါ်ပြီး စည်းရုံးသင့် ပါတယ်။ Yellow Pages ကို အင်တာနက်ကလည်းရယူနိင်ပါတယ်။

ကိုမိုးသီးဇွန် ဘလော့ဂ် မှ ပြန်လည်မျှဝေပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form