မနေ့က ဖြစ်ပွားခဲ့တဲ့ မလေးရှားက မြန်မာတွေရဲ့  လှုပ်ရှားမှု ။ အမေရိကန်သံရုံးရှေ့ မှာ မြန်မာလူထုကိုကူညီကြပါလို့ ထပ်မံဆန္ဒပြရင် ပိုပြီး ကောင်းမယ်လို့ ထင်တယ်။လူတွေသေကုန်ပြီ။ဆန္ဒခံယူပွဲ ကိုသိပ်ပြီး အာရုံမစိုက်စေခြင်တော့ဘူး။နိုင်ငံရေး တိုက်ပွဲပုံစံပြောင်းသွားပြီ။အစာ ရေနဲ့  ဆေးဝါးပေးပါဆိုတဲ့လှုပ်ရှားမှု ကို စတင်ပေးကြပါ။အထဲကလူတွေကို ကယ်တင်ဖို့ အတွက် ကျနော်တို့  အဓိပါယ်ရှိတဲ့လှုပ်ရှားမှုတွေစတင်ကြပါစို့ ..။
မနေ့ က ထူးတဲ့ ပြည်တွင်းသတင်းကတော့
မနေ့က ပျဉ်းမနားမှာဆန္ဒပြပွဲဖြစ်ပွားသွားတယ်။ ကျောင်းသားတွေခွပ်ဒေါင်းအလံဝှေ့ ရမ်းဆန္ဒပြတယ်။
ပခုက္ကူမှာလည်း လူထုတိုက်ပွဲတွေပြန်စနေပြီ။
ရန်ကုန်က ပိုအရေးကြီးတယ်။
ရန်ကုန်မှာ အမြန်ဆုံးစတင်ကြဖို့ အသင့်ပြင်ကြပါ။
ရန်ကုန်မှာ အမြန်ဆုံးစတင်ကြဖို့ အသင့်ပြင်ကြပါ။