အထူးသတိပေးချက်

မြန်မာပြည်သူပြည်သားများသို့အရေးပေါ်သတိပေးတားမြစ်ချက်

လေးစားချစ်ခင်ရပါသောမြန်မာနိုင်ငံသားအပေါင်းတို့ခင်ဗျား

ပြည်သူအများသိပြီးကြတဲ့အတိုင်းစစ်အစိုးရဟာ မုန်တိုင်းဘေးသင့်သူတွေကယ်ဆယ်ရေးကို ညံ့ဖျင်းမှားယွင်းစွာ ကိုင်တွယ်နေပါတယ် ဒါကိုပြည်ပနိုင်ငံတွေကသိလို့ကူညီမယ်ဆိုတော့လဲ ဝင်ခွင့်ချက်ချင်းမပေးခဲ့တဲ့အတွက် ခုဆိုရင်သေဆုံးသူအရေ အတွက်ဟာ သိန်းကျော်ခဲ့ပါပြီ မုန်တိုင်းပြီးခဲ့ပေမယ့်လဲ ရေ နဲ့ စားနပ်ရိက္ခာပြတ်လတ်မှု၊ ဆေးဝါးမပြည့်စုံမှု၊ ရေညစ်ညမ်းမှုတွေကြောင့် ပြည်သူ အများအပြား ဆက်လက်သေဆုံးနေကြရှာပါတယ် ဒီအတိုင်းရှေ့ဆက်မယ်ဆိုရင်နောက်ထပ်သေဆုံးသူများဦးရေဟာ ၆သိန်းနီးပါးရှိနှိုင်တယ်လို့ နိုင်ငံတကာမှလေ့ လာသူများ၊ ဆေးပညာရှင်များကခန့်မှန်းထားပါတယ်

အခုဆိုရင် ဝမ်းရောဂါနဲ့ အခြားကူးစက်ရောဂါများဟာမုန်တိုင်းဒါဏ်ခံခဲ့ရတဲ့နေရာတွေတိုင်းမှာ ကြောက်မက်ဖွယ် ပျံ့နှံ့ နေပါပြီ ဒါကိုလဲမှန်မှန်ကန်ကန်ဝန်ခံခြင်းမရှိခဲ့တဲ့အပြင် UN နှင့် USA တို့မှ လတ်တလော ပေးပို့ခဲ့တဲ့ လေဘေးကူညီမှု လှု ဒါန်းထားတဲ့ ပစ္စည်း တွေကို ပါ စစ်ဂိုဒေါင်တွေထဲထည့်သွင်းသိမ်းဆည်းထားခဲ့ပါတယ်
ပြီးတော့ဒီပစ္စည်းတွေကို သူတို့ကိုယ်ကျိုးအတွက်အလွဲသုံးစား အသုံးပြုနေပါတယ် သူတို့ မိသားစုများတွေ ဆီပဲပေးပို့ ခြင်း၊ ငွေဖြင့်ပြန်လည်ရောင်းချစီးပွားရှာခြင်းများပြုလုပ်နေပါတယ်။

ဒါကို အခု USA နဲ့ UN ကသက်သေအတိအကျရထားပြီးပါပြီ ဒီတော့ UN ရဲ့ မူလ ပဋိဥာဉ်စာချုပ်ထဲက အချက်တစ်ချက်ဖြစ်တဲ့ အရေးပေါ်ဝင်ရောက်ကယ်ဆယ်ခွင့် ကိုအသုံးပြု တော့မှာဖြစ်ပါတယ် ဒီတော့ မကြာခင် ရက်ပိုင်းအတွင်းမှာ မြန်မာပြည်တွင်းကို USA နဲ့ UN စစ်တပ်က ကိုယ်တိုင်ဝင်ကူညီတော့မယ် လို့သိရပါတယ်
ဒီလိုဝင်လာမယ့်စစ်သားတွေမှာလဲ အသင့်အနေအထားနဲ့ အထူးသတိထားပြီးဝင်ရောက်ရမှာဖြစ်ပါတယ်
သူတို့ ဘဝမှာ တစ်သက်မမေ့အောင်သွေးပျက်ခဲ့ရတဲ့ Vietnam စစ်တွင်းအတွေ့အကြုံတွေကြောင့် ဒီတစ်ခါ အဲဒီ လိုလုံးဝအဖြစ်ခံမှာ မဟုတ်ပါဘူး၊ သူတို့ကို ပြောက်ကျားစနစ်နဲ့အတိုက်မခံရအောင် သတိကြီးစွာထားပြီး လှုပ်ရှားမှာဖြစ်တယ် လို့သိရပါတယ် နောက်ပြီးသူတို့ကို တိုက်ခိုက်လာနှိုင်တဲ့သူတွေထဲမှာ အရပ်ဝတ် စွမ်းအားရှင်တွေ အရပ်ဝတ်ထားတဲ့စစ်သား တွေလဲပါမယ်လို့သိထားပါတယ် ဒါကလဲ ပြည်သူတွေ နဲ့နိုင်ငံတကာရဲ့အမြင်မှာ မြန်မာတွေကိုအမေရိကန်တွေသတ်နေပါပြီလို့ထင်ရအောင် ကြိုတင် အကွက်ဆင်ခြင်းပဲ ဖြစ်ပါတယ် အပြစ်မဲ့ ပြည်သူတွေကို လုံးဝမထိစေဖို့လဲ အမေရိကန်စစ်သားများ ကိုအထက်မှတင်းကြပ်စွာ သတိပေးထားပါတယ် ဒါပေမယ့်သူတို့အသက်အန္တရာယ်ကိုထိခိုက်လာနှိုင်တယ် ဆိုရင်တော့ စစ်ရေးအရ လိုအပ်သလို တုံ့ပြန်သွားမှာ ဖြစ်တယ် လို့လဲသိရပါတယ်

ဒါကြောင့် ကျွန်တော် အခု မြန်မာတွေကို UN နဲ့ USA ကသတိပေးချင်တဲ့အရမ်းအရေးကြီးတဲ့အချက်တွေကို ပြောပြပါမယ် ပြည်တွင်းကို လက်လှန်းမှီ သလောက်ပို့ပေးကြပါ

အမေရိကန် နဲ့ UN စစ်သားတွေကို မြေပြင်ပေါ်မှာတွေ့ခဲ့လို့ရှိရင်


သတိပေးချက် (၁)ရဟတ်ယာဉ်ဖြင့်ဆင်းလာခြင်းတွေ့လျင်သော်လည်းကောင်း
သတိပေးချက် (၂) သင်္ဘော ပေါ်မှဆင်းလာခြင်းတွေ့လျင်သော်လည်းကောင်း

သတိပေးချက် (၃) စစ်သုံးယာဉ်များ သံချပ်ကာကား (Tank) ဖြင့်တွေ့လျင်သော်လည်းကောင်း

မလုပ်သင့်သောအရာများ။

* မလိုအပ်ဘဲ အနားကပ်ပြီး ကြည့်ရှုစပ်စုခြင်း၊
* နှုတ်ဆက်ရန်ကြိုးစားခြင်း (သို့မဟုတ်) စကားမေးမြန်းပြောဆိုခြင်း၊
* လူစုလူဝေးနှင့် ဝိုင်းရံခြင်းဖြင့် ၄င်းတို့၏လုံခြုံရေးအတွက်စိုးရိမ်မှုကိုတိုးမြင့်စေခြင်း၊
* ၄င်းတို့သွားရာလမ်းမများအားပိတ်ဆို့ ဝိုင်းရံပြီးရပ်ကြည့်ခြင်း၊
* သံသယဖြစ်စရာ လျှပ်တပြက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း ( ဥပမာ - ကျယ်လောင်စွာအော်ဟစ်အားပေးရင်း ပန်းကုံးများဖြင့်ပေါက်ခြင်း ) ၊

အစရှိတဲ့ အပြုအမူတွေကိုလုံးဝမလုပ်ကြဖို့ US စစ်တပ်က မျိုးချစ်မြန်မာရဲ့ မိတ်ဆွေတစ်ဦး က တင်းကြပ်စွာ သတိပေးထားပါတယ်။

အဓိကသူတို့မှာချင်တာကတော့ တတ်နိုင်သမျှဝေးဝေးမှာနေကြပါ အနားလုံးဝမကပ်ပါနဲ့ အရမ်း အန္တရာယ်ကြီး ပါတယ်။ လိုအပ်ရင်သူတို့ကအရင်ချဉ်းကပ်လာပါ့မယ်ပြည်သူတွေရှေ့အရမ်းစွတ်မတိုးကြပါနဲ့ ဆိုတာပါဘဲ

ဒီစာနဲ့ပုံတွေကို လဲပြည်တွင်းမှာလက်လှန်းမှီသလောက် အမြန်ဆုံးပို့ပေး ပြောပေးကြပါ လို့ မေတ္တာရပ်ခံပါတယ် မြန်မာပြည်သူတွေအသက်အန္တရာယ်ကင်းကြပါစေ

မျိုးချစ်
မျိုးချစ်မြန်မာ blog မှ ဝေမျှပါသည်။ အထူး ကျေးဇူးပါ။

1 Comments

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form