၂၀၀၈ ခုနှစ် မေလ (၂)ရက် နှင့် (၃)ရက်နေ့ များတွင် တိုက်ခတ်ခဲ့သော ပြင်းထန်သည့် နာဂစ်ဆိုင်ကလုံး လေမုန်တိုင်း ဒဏ်ကြောင့် ပြည်သူများစွာ အသက်ဆုံးရှူံးကြရပြီး သိန်းနှင့်ချီလျှက် အတိ ဒုက္ခရောက် ကြရသည်မှာ အထူးကြေကွဲ ၀မ်းနည်းဖွယ်ရာ အဖြစ်ဆိုးကြီး ဖြစ်ပါသည်၊
စစ်အစိုးရအဆက်ဆက်. ညံ့ဖျင်းမှု၊ ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာစွာ တုန်ဏ္ဍပြန်ဆက်ဆံမှုများကြောင့် မလိုလား အပ်သော ကပ်ဒုက္ခများ ခံစားရခြင်းဖြစ်သည်၊ အစိုးရတရပ်အနေဖြင့် ရှိသင့်ရှိထိုက်သော ကြိုတင် ကာကွယ်မှု အစီအမံများ ပျက်ကွက် ခဲ့သည့်အတွက် ပြည်သူလူထုကြီးအနေဖြင့် ယ္ခုကဲ့သို့ အကာအကွယ်မဲ့စွာ ဘေးအန္တရာယ်ကြုံတွေ့ ခံစားရခြင်းဖြစ်သည်၊
နအဖစစ်အစိုးရသည် ယ္ခုတိုင်ကမ္ဘာ့ကုလသမဂ္ဂ နှင့် အပြည်ပြည်ဆိုင်ရာမှ အချိန်မီ ကူညီကယ်ဆယ်ရေး စီမံချက်များအား။ ဟန့်တားပိတ်ဆို့ လျက်ရှိနေသည်၊ နိုင်ငံတကာမိသားစုများ. စာနာထောက်ထားမှုများကို နိုင်ငံရေး အညိုးအတေးများရှေ့တန်း တင်လျှက်၊ လစ်လျူရှုလျှက် ရှိသည်၊ လူသားချင်း စာနာထောက်ထားသည့် အကူအညီများကိုလက်ခံပြီး ဒုက္ခရောက်လျှက်ရှိသည့် ပြည်သူလူထုအကြား အချိန်မီကယ်တင်မှုများ၊ ပြန်လည်ထူထောင်မှုများကို ပြုလုပ်ရမည့်အစား အတုအယောင်ဆနခြံယူပွဲတရပ် အား တဖက်သတ်အနိုင်ကျင့် ကျင်းပသွားရေးကိုသာ ဦးစားပေးဆောင်ရွက်နေသည့် စစ်အစိုးရအား မိမိတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)မှ အပြင်းအထန်ရှုတ်ချကြောင်း ထုတ်ပြန်လိုက်သည်၊
ပြည်သူလူထုအများအပြား သဘာဝဘေးအန္တရာယ်ကို အကာအကွယ်မဲ့ရင်ဆိုင်ရခြင်း။ သေဆုံးပျက်စီးမှုများ ကြောက်ခမန်း လိလိများပြားရခြင်းအပြင် ဖြစ်ပေါ်လာနိုင်သော အထွေထွေရောဂါဘယကပ်ဆိုးများ၊ မလိုလားအပ်ပဲ ထပ်မံသေဆုံးမှုများသည် စစ် အစိုးရတွင် လုံးဝတာဝန်ရှိကြောင်း ထုတ်ပြန်လိုက်သည်၊
အကယ်၍ စစ်အစိုးရအနေဖြင့် နိုင်ငံတကာ ထောက်ပံ့ကူညီမှုများအား အချိန်မှီလက်ခံ ပူးပေါင်းဆောင်ရွက်ရန် ဆက် လက်ပျက်ကွက်နေပါက နိုင်ငံတကာအနေဖြင့် ၂၀၀၅ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ မှ အသိအမှတ်ပြု ခဲ့သော ('Responsibility to Protect') သတ်မှတ်ချက်အရ မြန်မာနိုင်ငံ လတ်တလော အရေးပေါ် အခြေအနေအား ၀င်ရောက်ကယ်တင် ဆောင်ရွက်ပေးနိုင်ရန် တောင်းဆိုလိုက်သည်၊
ရက်စွဲ ၊ ၊ မေလ (၉)ရက်။ ၂၀၀၈ ခုနှစ်၊
ဗဟိုကော်မီတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)

Tags
ကြေငြာချက်