ကုလသမဂ္ဂနဲ့  မြန်မာ ( အကဲဖြတ်ချက် )

ကုလသမဂ္ဂ ရဲ့ ဒီမိုကရေစီရရှိရေး ပြုပြင်ပြောင်းလဲ မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုရပ်တန့် ရေး ကြိုးစားမှုတွေဟာမအောင်မြင်ပဲ မျှော်လင့်ချက်မဲ့နေပါတယ်။

၁၉၇၄ ခုနှစ်မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးဦးသန့် ၏ ရုပ်ကလပ်ကိုသဂြိုလ်ရန်မြန်မာနိုင်ငံ အတွင်းပြန်လည်သယ်ဆောင်လာချိန်မှာ အဓိကရုံးတစ်ခုဖြစ်ပွားခဲ့ပါတယ်။

၁၉၈၉ ခုနှစ် နှစ်ဦးပိုင်း တော်လှန်ထကြွ မှုတွေကြောင့် သိမ်းပိုက်ခဲ့တဲ့ စစ်အစိုး ရက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ နေအိမ်အတွင်းအကျယ်ချုပ်ချထားခဲ့ပါတယ်။

၁၉၉၀ ကုလသမဂ္ဂလူ့အခွင့်ရေးကိုယ်စားလှယ် Sadako Ogata ကိုမြန်မာ့လူ့အခွင့်ရေးလေ့လာသူအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ် ဒါပေမဲ့ သူမဟာ အခြားသူတွေအတိုင်းပဲထူးခြားမှုဖြစ်ပေါ်မလာခဲ့ပါဘူး။

၁၉၉၈ - ကုလသမဂ္ဂအထူးကိုယ်စားလှယ် Alvara de Soto ဟာ စစ်အစိုးရနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ကြားမှာရှိတဲ့ ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေကို ဖြေရှင်းဖို့ရန်အတွက် ကြားဝင် ဆောင်ရွက်ခဲ့ ပါတယ် ။

ကုလသမဂ္ဂ နဲ့ ကမ္ဘာ့ဘဏ် ကလည်း ပြောင်းလဲမှုတွေဖြစ်ပေါ်ဖို့ ငွေကြေးဆိုင်ရာ မက်လုံးတွေလဲပေးခဲ့ပါတယ်။ အဲဒီအခြေအနေကို နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်က မျောက်ကို ငှက်ပြောသီးကျွေးပြီးကခိုင်းနေသလိုပါပဲ ဟုပြောကြားခဲ့ပါတယ်။

ဒီနေ့ အာရှ နဲ့ ပစိဖိတ်ဒေသတွေမှာ

- တရုတ်နိုင်ငံဟာဆိုရင် မသိနိုင်တဲ့ ငလျင်ဒဏ်နဲ့ ရင်ဆိုင်နေရပါပြီ

- တရုတ်နဲ့ ရုရှားဟာဆိုရင်လဲ အမေရိကန်ကဲ့ ဒုံးကြည်ကာကွယ်ရေးအစီအစဉ်တွေကိုထိုးဖောက်ဖို့ရန် ပူးပေါင်းလိုက်ပါပြီ။

- မြန်မာအစိုးရကတော့ နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့အားလုံးကို လက်ခံမယ်လို့ ဆိုနေပါပြီ။

ဧပြီ ၄ ရက် ၂၀၀၀ - မလေးရှားသံအရာရှိ ရာဇာလီ ဟာ ကုလသမဂ္ဂအထူးကိုယ်စာလှယ် နှင့် မြန်မာ အရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

စက်တင်ဘာ ၂၀၀၀ - မှာ ၁၉၉၅ က လွှတ်ပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်အဖြစ်ပြန်လည် ထိန်းသိမ်းထားခဲ့ပါတယ်။

နိုဝင်ဘာ ၂၉ ရက် ၂၀၀၁ - ခုနှစ်မှာ ရာဇာလီက -မကြာတော့တဲ့ အနာဂတ်မှာ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွေဖြစ်လာလိမ့်မယ်လို့ အပြည့်အ၀ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။

၂၀၀၂ မှာ ရာဇာလီ ဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ အတွက်ကူညီခဲ့ပါတယ် ။ ပြီးတော့ အစိုးရ ကလဲ အငြင်းပွားမှု အခြေအနေတွေဟာ ပြီးဆုံးသွားပါပြီလို့ ကြောငြာခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာ - ဒေါ်အောင်ဆန်းစုကြည် ဟာ အကျယ်ချုပ်အဖြစ်ပြန်လည်ထိန်းသိမ်းခြင်းခံခဲ့ရပြန်ပါတယ်။

ဇန်န၀ါရီ ၄ ရက် ၂၀၀၆ မှာ တော့ ရာဇာလီဟာ ၂ နှစ်နီးပါးလောက် နိုင်ငံအတွင်းဝင်ထွက်နေရာမှ တားမြစ် ခြင်းခံခဲ့ ရပြီးစိတ်ပျက်ခဲ့ရပါတယ်။ အဲဒီနောက်မှာ သူဟာ အထူးကိုယ်စာလှယ် အဖြစ်မှ နှူတ်ထွက် သွားခဲ့ပါတယ် ။

မေလ ၁၀ ရက် ၂၀၀၆ မှာ နိုင်ဂျီးရီးယား သံတမန် ကိုယ်စားလှယ် ဂန်ဘာရီ ဟာ ၂ နှစ်ကျော်အတွင်း ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ဖြစ်ခဲ့ရပါတယ်။

မေလ ၂၂ ရက် ၂၀၀၇ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ချထားခြင်း သက်တမ်းကို ထပ်မံတိုးမြင့် ခဲ့ပါတယ်။

စက်တင်ဘာ ၂၉ ရက်မှာ ဂန်ဘာရီ မြန်မာနိုင်ငံကို ၄ ရက်ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည် အပြင် စစ်ခေါင်းဆောင်များ နှင့်ပါတွေ့ဆုံခဲ့ပါတယ။် ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်ပြီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ ပါသေးတယ်။

အောက်တိုဘာ ၁၁ ရက်မှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအစည်းအဝေး မှာ ပထမဦးဆုံး မြန်မာနိုင်ငံ နှင့် ပက်သက်၍ တရားဝင်ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ မြန်မာ့အခြေအနေအတွက် နက်နက်နဲနဲ ၀မ်းနဲပါတယ်လို့ဖော်ပြခဲ့ပါတယ်။

နိုဝင်ဘာလမှာတော့ စစ်အစိုးရက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကုလသမဂ္ဂထိပ်တန်းသံအရာရှိကို ထွက်ခွာ ပေးဖို့ ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာလ ၃ရက်နေ့မှာ ဂန်ဘာရီပြန်လည်ရောက်ရှိလာပြီး သူရဲ့ ခရီးစဉ်ဟာ အမျိုးသားညီညွတ်ရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး နှင့် လူ့အခွင့်အရေး အပြည့်အ၀ရရှိရေး အတွက်မျှော် လင့်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် က အကျယ်ချုပ်ခံနေရဆဲဖြစ်ပြီး သူမနဲ့ စစ်အစိုးရကြား မှာ ပြောခဲ့ တဲ့ သူမရဲ့စကားတွေက အလဟာသဖြစ်သွားခဲ့ပါတယ်။

၂၀၀၈ ခုနှစ် မေလ ၂ရက် ၃ ရက်တွေမှာတော့ နာဂစ်ဆိုင်ကလုန်း ဟာ မြန်မာနိုင်ငံကိုတိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေးအဖွဲ့တွေကို မုန်တိုင်းဒဏ်အပြင်းဆုံးခံခဲ့ရတဲ့ နေရာတွေကို ၀င်ရောက်ဖို့ပိတ်ပင်ခဲ့ပြီး ကူညီမှုတွေကိုလဲ အနည်းငယ် အကန့်အသတ် ဖြင့်သာ ပေးနိုင်ခဲ့ပါတယ်။

မေ ၂၂ ရက်မှာ တော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး ဘန်ဂီမွန်းဟာ စစ်အစိုးရမှ နိုင်ငံတကာ အကူအညီတွေကိုလက်ခံဖို့ မျှော်လင့်ချက်နဲ့ မြန်မာနိုင်ငံကိုရောက်ရှိလာပြန်ပါတယ်။

မေ ၂၃ မှာ ဘန်ဂီမွန်း က မြန်မာစစ်အစိုးရဟာ နိုင်ငံတကာ အကူအညီတွေကို လက်ခံလိုက်ပြီဖြစ်တဲ့ အကြောင်းပြောကြားခဲ့ပါတယ်။

Translated by Lucky

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form