လုံခြုံရေးများ တင်းကြပ်စွာချထားသော ရန်ကုန်မြို့၌ ယမန်နေ့ ည သန်းကောင်အချိန်တွင် သင်္ဃန်း ကျွန်း ဘဏ်အား မျက်နှာဖုံးစွပ်ထားသော လူများမှ ဘဏ်ဓားပြတိုက်ခဲ့ကြောင်း၊ ဘဏ်ညစောင့်အား သတ်ဖြတ် သွားပြီး ငွေကြေးများအား ဖောက်ထွင်းယူသွားကြောင်း သိရှိရပါသည်။
ထပ်မံကြားသိရသော သတင်းအရ ဇန်န၀ါရီလ (၄) ရက်နေ့ လွတ်လပ်ရေးနေ့က ပြစ်မှုကြီးများ ကျူးလွန်ခဲ့သော အကျဉ်းသား (၆၀၀၀) ခန့်အား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ကြောင်းသိရှိရပါသည်။ ၎င်းတို့ထဲတွင် ပန်းဘဲတန်းမြို့နယ်၊ ၂၅ လမ်း တွင် ဖြစ်ပွားခဲ့သော ရက်စက်ကြမ်းကြုတ်လှသော လူသတ်မှုကို ကျူးလွန်သော တရားခံ လည်း လွှတ်ပေးရာတွင် ပါဝင်ကြောင်း သိရှိရပါသည်။
စိမ်းလဲ့ကန်သာအနီးမှ ငါးလောင်းပြိုင် လူသတ်မှုကို မဖော်ထုတ်နိုင်သေးဘဲ ဖြစ်နေရာ ထိုကဲ့သို့ တော်ရုံ တန်ရုံ အစွမ်းအစ နောက်ခံအင်အား မရှိဘဲ မကျူးလွန်နိုင်သော ဘဏ်ဓားပြမှု ထပ်မံပေါ် ပေါက်လာ သည့်အ တွက် နောက်ကွယ်တွင် မည်သူများ ပါဝင်လျက်ရှိသည်ကို တွေးတောစရာဖြစ်နေကြောင်း ပြည်သူများမှ ဝေဖန်ပြောကြားလျက် ရှိကြောင်း ကြားသိရပါသည်။ နောက်ထပ် အသေးစိတ် အချက်အလက်များကို စုံစမ်းနေဆဲ ဖြစ်ပါသည်။

Tags
သတင်း