ကြီးမိုက်ကြီးများ အတွက်

အံ့မင်းထက်

တပေါင်းလကွယ် သန်း ခေါင်ယံမို့
သံလျှက်ကျောက်စီ ရွှေ ဓားပျော်မတတ်
ပွတ်ပွတ်ဆူလို့ မောင်ရင်ဖိုမော
ပူလောင်သက်သက် အေးမဖက်သမို့
ခံစားမနိုင် ရွှေလည်တိုင်က
ဝါးမျိုသောက်ချင် မန်း ရေစင်တစ်ခွက်
ရနိုင်မယ်ဆို ဒေါ်လာပေးလို့ 
ဝယ်လိုက်မယ်ပ ကြိုင်ကြိုင်လှိုင်
ဆောင်းရွက်ဟောင်းတွေ ကြွေရပြီပေါ့
တပေါင်းမွန်းတည့် ချိန်ခါနွေ
နေ့ မှလသို့  တိုင်ကာနေလည်း
အိပ်ပျက်ညတွေ အောင်ပွဲရှည်လို့ 
ကူလည့်ပါဦးလေ ရူးမုတ်သုံ
မျှော်နေမိတာ မိုက်မှားလေဘိ
ရောက်၍မလာ လေရူးမပါတော့
တပေါင်းညှာကြွေ ဆဲပါပဲ။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form