မလေးရှားရောက် အတိုက်အခံများ သံရုံးရှေ့တွင် ဆန္ဒပြ

ကျော်ထင် ခေတ်ပြိုင်သတင်းဌာန

ဆန္ဒခံယူပွဲ ပြုလုပ်နေသည့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့နံနက် ပိုင်း၌ ဒီမိုကရေစီရေး လှုပ်ရှားသူများက NO ပိုစတာများ ကိုင်ဆောင်ပြီး အသံတိတ် ဆန္ဒပြကာ မဲပေးရန် လာသူများကို ကန့်ကွက်မဲ ပေးကြရန် လှုံ့ဆော်ခဲ့ကြသည်။

လုံခြုံရေးအစောင့်များ ချထားသည့်ကြားမှ မိနစ် (၂၀) ကျော် ဆန္ဒပြနိုင်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြနေ စဉ်တွင် သံမှူးကြီးကိုယ်တိုင် ထွက်လာပြီး ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ တုံ့ပြန်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဆန္ဒပြရာတွင် ပါဝင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မလေးရှား) မှ ကိုအောင်ကျော်ဆန်းက
“သံမှူးကြီးပေါ့နော်၊ ဦးဝင်းမြင့်လို့ခေါ်ပါတယ်။ သူက လက်ရှိ နအဖ သတ်မှတ်ထားတဲ့ (၁၉) ရက် ကနေ (၂၇) ရက်နေ့အထိကို ဆန္ဒခံယူပွဲတခု ကျင်းပပေးတယ်ပေါ့နော်။ ဒါကလည်း အထက်က နေလုပ်တဲ့ ကိစ္စတခုကို သူတို့လုပ်တယ်ပေါ့နော်။ ကျန်တာတွေကို သူတို့ အနေနဲ့ ဘာမှပြောဆို လို့မရပါဘူးလို့ပြောပါတယ်။ ပြီးရင် ဒီမဲပြားတွေကိုလည်း မြန်မာပြည်ထဲကို စနစ်တကျပြန်ပို့ပေး မှာပါလို့ ပြောသွားပါတယ်” ဟု ပြောသည်။

ယခင်က နိုင်ငံတကာရှိ မြန်မာသံရုံးများရှေ့တွင် မြန်မာအတိုက်အခံအများက ဆန္ဒပြကြရာတွင် သံရုံးတာဝန်ရှိသူများက လာရောက်ရှင်းလင်းခြင်း မရှိခဲ့ပေ။

ဆန္ဒပြမှုနှင့် ပတ်သက်၍ ကိုအောင်ကျော်ဆန်းက “အဓိက ပြည်တွင်းက ပြည်သူတွေကို သိစေ ချင်လို့ပါ။ ကျနော်တို့ရဲ့ ညီအစ်ကိုရဲဘော်တွေ၊ ပြည်သူတွေ သိသွားမှသာလျှင် ဒီအပေါ် ထပ်ပြီး တော့ ကျနော်တို့လို လိုက်လုပ်ကြဖို့အတွက်ကို တွန်းအားပေးတာပါ” ဟု ပြောသည်။

ယနေ့နေ့လယ်အထိ ဆန္ဒမဲပေးရန် လူ (၁၀၀) ၀န်းကျင်ခန့်သာ လာရောက်ခဲ့ကြပြီး ၎င်းတို့ သံရုံး အတွင်းသို့ မ၀င်မီတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ မဲပေးပုံစနစ်တို့နှင့် ပတ်သက်သည့် အချက်အ လက်များကို ဆန္ဒပြသူများက ရှင်းပြခဲ့ကြောင်း သိရသည်။

ယနေ့ ဆန္ဒမဲပေးခဲ့သည့် အမျိုးသမီးတဦးက “ကျမတို့ကို စာရွက်တရွက်ရယ်၊ စက္ကူအိတ် တအိတ် ရယ် ပေးပါတယ်။ ပြီးတော့ အခန်းတခန်းထဲမှာ ကိုယ်ကြိုက်တာ ထည့်ဖို့ပေါ့နော်၊ အမှားဖြစ်ရင် အမှားပေါ့၊ အမှန်ကြိုက်ရင် အမှန်ပေါ့၊ ပြီးတော့မှ စာအိတ်ပိတ်ပြီး ပြန်ပေးခဲ့ရတယ်၊ ကျမက ကန့် ကွက်မဲထည့်ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျမ ကန့်ကွက်မဲပဲ ပေးချင်တဲ့စိတ်ရှိလို့ရှင့်” ဟုပြောသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form