မလေးရှားအကျဉ်းစခန်းမှာ မြန်မာဒုက္ခသည်တွေ မကျေနပ်လို့ ဆူပူပြီး ရုံးကိုမီးရှို့

VOA သတင်းဌာန

မလေးရှားနိုင်ငံမှာ တတိယနိုင်ငံကို သွားရောက်အခြေချနေထိုင်ခွင့် တောင်းခံတာ ငြင်းပယ်ခံရတဲ့ မြန်မာ ၆၀ လောက် မြို့တော်ကွာလာလမ်ပူ အပြင်ဘက်မှာရှိတဲ့ ထိန်းသိမ်းရေးစခန်းရုံးကို မီးတင်ရှို့တယ်လို့ မလေးရှားရဲက ပြောပါတယ်။

အဲဒီမြန်မာ ၆၀ လောက် ၀င်လာကြပြီး ရုံးပစ္စည်းတွေကိုဖျက်ဆီး၊ အဆောက်အဦးကို မီးတင်ရှို့လို့ ရဲ ၂၀၀ လောက် ရောက်လာပြီး အခြေအနေကို ထိန်းသိမ်းလိုက်ရတယ်လို့ ပြည်နယ်ရဲမှူး အိုစ်မန် အဗ္ဗဒူလာ (Datuk Osman Abdullah) ကပြောကြောင်း စတား နေ့စဉ်သတင်းစာက ကိုးကားရေးသားပါတယ်။

ယူအန်အိပ်ခ်ျစီအာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးက သူတို့ကို တတိယနိုင်ငံမှာ သွားရောက် အခြေချနေထိုင်ဖို့ နေရာမရှိဘူးလို့ ငြင်းပယ်လိုက်ပြီးနောက် အခုလို ဆူပူကြတာလို့ သတင်းများက ဖော်ပြပါတယ်။

မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် လူ ၄၅,၀၀၀ ကျော်လောက် မှတ်ပုံတင်ထားကြပြီး အများဆုံးက မြန်မာနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံက ဖြစ်ကြတယ်လို့ ယူအန်အိပ်ခ်ျစီအာရုံး က ဆိုပါတယ်။

မလေးရှားအစိုးရက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်မှာ ပါဝင် လက်မှတ်ရေးထိုးထား ခြင်းမရှိလို့ ဒုက္ခသည်အများစုကို တရားမ၀င် ၀င်ရောက်သူများ အဖြစ်နဲ့သာ ဆက်ဆံသဘောထားတယ်လို့ ဆိုပါတယ်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form