စင်္ကာပူရှိ မြန်မာသံရုံးတွင် မဲပေးခွင့် သက်တမ်းတိုး

မဇ္ဈိမသတင်းဌာန


မဲပေးလိုသော်လည်း မဲပေးခွင့် မရကြသေးသည့် စင်္ကာပူနိုင်ငံရှိ မြန်မာများအတွက် မဲပေးခွင့် သက်တမ်းကို ယနေ့တွင် တိုးမြှင့်လိုက်သည်။

“အထက်ဌာန ညွန်ကြားချက်အရ မြန်မာသံရုံးမဲရုံအား ၂ဝဝ၈ ခုနှစ် ဧပြီ ၃ဝ ရက်၊ မေလ ၁ ရက်နှင့် ၂ ရက်နေ့များ ဆက်လက် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်” ဟု စင်္ကာပူရှိ သံရုံး၏ တံခါးဝတွင် ချိတ်ဆွဲထားသော ကြေညာစာရွက်တွင် ရေးသားထားသည်။

မဲပေးရက်များအတွင်း သံရုံးလုပ်ငန်းများ ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ သွားရောက်လိုသည့် ဗီဇာလျှောက်ခြင်း၊ နိုင်ငံသားများ အခွန်ဆောင်ခြင်းနှင့် ပတ်စ်ပို့ သက်တမ်းတိုးခြင်းတို့ နားထားမှာ ဖြစ်သည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form