ပြတ်သားကြပါစို့ ။

စိုင်းမွန်

တိုင်းရင်းသား မြန်မာလူမျိုး အားလုံးကိုလည်းမေးသင့်သလို၊ ပြည်တွင်း၊ ပြည်ပဒီမိုကရေစီ ဘက်တော်သား အားလုံး ပြတ်သားရတော့မယ်။
မပြတ်သားရင်တော့ ၊ကျွန်တော်တို့ မပြီးဆုံးသောပန်းချီးကားကြီးကို ရေးဆွဲရတော့မည်ဆိုသလို၊ ယခုထက်ပို၍ ဆိုးသော ကြပ်တည်းမှု တွေ၊ ဆုံးရှုံးမှုတွေ၊ အကျင့်ပျက်မှု့ တွေနဲ့ ရင်ဆိုင်ကာ ဆက်လက်ဖြေရှင်းရမယ် ဆိုတာ သေချာ တဲ့ အပြင်၊ ပြည်တွင်းစစ်ကြီးသည် လွန်ခဲ့သောအနှစ် ၆၀ကျော်ထက် ပို၍ဆိုးဝါးသည့်၊ အကြမ်းဖက် ၀ါဒများ ပါဝင် ရောက် လာမည်ကို သေချာစွာ ပြောနိုင်လောက်ပေသည်။

တွေ့ မြင်ရသော၊အခြေအနေ၊ နိုင်ငံတကာသံတွေရဲ့ အနေအထား၊ ပတ်ဝန်းကျင်နိုင်ငံနဲ့ ဒေသနိုင်ငံ တွေရဲ့  လုပ်ဆောင် ချက်၊ ရန်သူရဲ့ တ စိုက် မှတ်မှတ် သူတို့ရဲ့ လမ်းကိုရအောင်လျှောက်လှမ်းရန် တရား တယ်၊ မတရားတယ် ဆိုတာတွေ ဘေးဖယ်ထားပြီး၊ ရအောင်၊ ပိုင်အောင် လုပ်နေခြင်း၊ မရပ်တန့်သွားရန် လုပ်ဆောင် ထားသော အရေးကြီး ယန္တရား အခြေခံတွေကို ပြောဖို့ လို ပြီဟုထင်ပါသည်။

အဓိကအနည်းဆုံးလုပ်ရပ်ကတော့ ဆန္ဒခံယူပွဲသည် န၀တ၏ ပမာဏ နိုင်ငံရေးပါတီများကို ပါဝါချခြင်းပါဘဲ၊ NLD ကနေ တစည အဆုံး ဖြစ် ပါသည်။

ဆန္ဒခံယူပွဲ ကို အောင်မြင်အောင်ကျင်းပပြီးပါက ၊ န၀တတွင် ဆန္ဒခံယူပွဲမှရသောအခြေခံဥပဒေကို ၊မထောက်ခံ၊ ကန့် ကွက်မဲ များသော၊ ဘာကို ဆက်လုပ်မည်နည်း။

န၀တမှ တွေ့ဆုံဆွေးနွေးရေးကိုတကျော့ပြန်လာအုံးမည်မဟုတ်ပါ၊ ဆန္ဒခံယူပွဲ ကို အောင်မြင်အောင်ကျင်းပ လိုက်နိုင်သောကြောင့် ၁၉၉၀ပြည့်ရွေးကောက်ပွဲကို ပယ်ဖျက်ကျုဖျက်လိုက်မည်အပြင်၊ အမျိုးသားဒီမိုကရေစီနှင့် ပြည်သူ့ ကိုယ်စားလှယ်များ ရရှိသောပါတီများ၏ နိုင်ငံရေး ပါဝါသည် အလိုလျှောက်ပြုတ်ကျသွားသလို န၀တမှာ ပြန်လည် ပြုပြင်မည့် ဥပဒေ( ဘယ်ဖက်၊ ညာဖက်အိပ်ပြောင်း ဥပဒေ ပြန်ထွက် လာကာ) တွင် ၀င်ရောက် ပူး ပေါင်း ဆောင်ရွက်ယုံ မှလွဲ၍ မည်သို့ မှ ပြောလို့ မရအောင် တရားသည်၊ မတရားသည်ကို မမှုဘဲ နည်းမျိုးစုံ ဖြင့် ကျယ်လောင်စွာ ပြောဆိုသောပါတီသော၎င်း၊ ပြည်သူသော်၎င်း တံဗြက်စည်းလှဲသလို လုပ်ဆောင်ကာ၊ မ ထူးခြားနားသော ထို ဥပဒေကိုပင်ဆန္ဒခံယူပွဲ ကိုကျင်းပအုံးမည်ဖြစ်ပါသည်။

ထိုအပြင် န၀တအနေနဲ့ အနည်းဆုံး အခြေခံဥပဒေတွင် စစ်တပ်သည် ပါကိုပါရမယ် ဆိုတာကို လက်ခံ ပေးရ ယ်ဆိုတာ ယူထားသော ကြောင့် (အဓိက နေရာများကို ပေးကိုကိုင်ရမည် ဆိုတာထက် ဆုံးဖြတ်ခွင့် ဆိုသောနေရာကိုလည်း မဖြစ်မနေ လက်ခံပေးရ မည်ဆိုတာကို အရင်ဆုံး အနိုင်ပိုင်း စည်းယူ ထားလိုက် တာပါ)

ဘာကို ကျွန်တော်တို့ က ဇာတ်လမ်းရှည်ခြင်းကို လိုက်ကနေရမှာလည်း ဆိုတာကို မေးပါရစေ။
န၀တမှာ ရွေးချယ် တင်မြှောက်ထားသော အစိုးရ မဟုတ်တော့သူတို့ ဘယ်လိုကြမ်းတယ်၊ ဘယ်လိုလုပ်လုပ် တရားတယ် မတရားတယ် ဆိုတာကိုအခြေခံပြီးကိုယ်က ပြောနေစရာကို မလိုတော့ဘူး၊ မတရားမှုတွေ အားလုံး အလွန် ထိတ်လန့်ဖွယ်ရာလုပ်ရပ်တွေ ဖြစ်ကိုဖြစ်မှာ၊ ရှိနေသည်မှာ သေချာပါသည်။

မြန်မာနိုင်ငံတွင်၊ ဒီမိုကရေစီစံနစ်နှင့် အစိုးရပေါ်ပေါက်ရန်၊ ကျင့်ကြံသုံးစွဲနိုင်ရန်၊ ပထမဆုံးလုပ်ရမည့် အလုပ်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကိုချုပ်ငြိမ်းဖို့ပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ယခုအချိန်တွင် သမိုင်း၏ တောင်းဆိုမှုကြောင့်၊တိုင်းရင်းသား ပြည်သူအားလုံးသည် မဖြစ်မနေ တစ်ဦး ချင်းစီ ၏ ကိုယ်ကျင့် တရား၊ တာဝန် ယူလိုမှု၊ တာဝန် ကျြွေပွန်ဖို့ သည် လက်တွေ့ အဓိကကျသော တာဝန်များဖြစ်သည်အပြင် အားလုံး ပေါ်ပေါ်ကြွယ်ကြွယ် သူံးနုန်းပြောနေကြသော ကျနော်တို့ရဲ့ အနာ ဂတ် မျိုးဆက်များအတွက် လုပ်ဆောင် ခြင်းကိုဖြစ်ပေမည်။ အားလုံး အဆင်သင့် ဖြစ်နေပြီလား ဟု မေး မည်အစား၊ အားလုံး တိုက်ပွဲအတွင်းကို ပြတ်ပြတ် သားသား အားလုံး၏ သွေးကိုပေးကာ၊ အာဏာရှင် စစ်အ စိုးရ၊ မြန်မာမြေ ပေါ်မှာ လုံးလုံးလျှားလျှား ပျောက်ကွယ်သွားရန် လုပ်ကြရတော့မည်ဟုသာ ပြောရ တော့ မည်ဟု ထပ်မံ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form