VOA သတင်းဌာန
တရုတ် ဆန့်ကျင်ရေးလှုပ်ရှားသူတွေ အနေနဲ့ အကြမ်းဖက်မှုတွေ အသွင်လုပ်ဆောင်တာတွေ ရှိလာမယ်ဆိုရင် ပစ်ခတ်ဖို့ နီပေါနိုင်ငံ ဧ၀ရတ်တောင်ခြေက အိုလံပစ်မီးရှုးတိုင်ကို အစောင့်အကြပ်ချထားတဲ့ ရဲနဲ့ စစ်သားတွေကို အမိန့်ပေးထားတယ်လို့ နီပေါနိုင်ငံက ပြောဆိုလိုက်ပါတယ်။ မေလဆန်းပိုင်းမှာ တရုတ်တောင်တက် သမားတွေက ဧ၀ရတ်တောင်ထွတ် ပေါ်ကို မီးရှုးတိုင် သယ်ဆောင်သွားဖို့ ပြင်ဆင်ထားတာဖြစ်ပြီး၊ တခြားတောင်တက်သမားတွေ ကိုတော့ ပင်လယ်ရေမျက်နှာပြင်အထက် ၆ ထောင် ၅ ရာမီတာမြင့်တဲ့ တောင်ပေါ်ကို မေလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ တက်ရောက်ခွင့် ပိတ်ပင်ထားတာပါ။
ဒီအတောအတွင်း သြစတြေလျနိုင်ငံမြို့တော် ကင်ဘာရာကို ကြာသပတေးနေ့ ရောက်ရှိလာမယ့် မီးရှုးတိုင်ကို ကန့်ကွက်ဆန္ဒပြကြမယ့် တိဘက်လိုလားသူ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသမားပေါင်း ၁ သောင်းလောက်ရဲ့ ရန်က ကာကွယ်ဖို့ အကာအကွယ်အတားအဆီးတွေကို အကြီးအကျယ် ချထားပါတယ်။

Tags
သတင်း